Press "Enter" to skip to content

TWRP Collections for Xiaomi Devices

Thet Zaw Ko 1

Xiaomi ဖုန်းတွေအတွက် ကိုယ်ကိုယ်တိုင်တင်သုံး၊ သူများကိုလဲတင်ပေး၊ Xiaomi Forum မှာလည်း အဆင်ပြေဆုံးဆိုတာဖြစ်တဲ့ TWRP Images လေးတွေကို စုစည်းပေးထားတာပါ။ TWRP သဘာဝအရ လိုအပ်မယ့် Lazy Flasher Zip, ROOT ဖို့အတွက် Latest SuperSU v2.8 Zip or Magisk v15.3 Zip, Manual ပဲ TWRP ကို Flash ချင်ချင်၊ Installer ကိုပဲ Double Click ပြီး ထည့်ခိုင်းချင်ချင် ဘယ်လိုလုပ်ပါဆိုတဲ့ PDF Guide လေးတွေလဲ ထည့်သွင်းပေးထားပါတယ်။

Red Wolf Project ကထုတ်တဲ့ TWRP တွေလဲရှိပါတယ်။ ZCX လိုပဲ OTA တွေအဆင်ပြေပါတယ်။ အချို့သော Xiaomi devices တွေအတွက် ကျနော်ရှာထည့်ဖြည့်ပေးနေပါတယ်။ မိမိဖုန်းအတွက်ပါရင် ဒေါင်းထည့်နိုင်ပါတယ်။ သူလဲ logo မရပ်အောင် lazy flasher zip ထည့်ရတာ၊ Format Data လုပ်ရတာမျိုးတွေ မလိုအပ်ပါဘူး။ သည် Post [ –> Red Wolf TWRP for some Xiaomi Devices <–] မှာရှာယူပါ။

အချို့ဖုန်း Model တွေအတွက် TWRP တစ်ခုထက်မကရှိပါတယ်။ မိမိအဆင်ပြေရာထည့်သုံးပါ။ အကုန်လုံးကတော့ ထည့်လို့အဆင်ပြေပါတယ်။ Zip တွေ flash တာ အဆင်ပြေတာများပါတယ်။ Custom rom zip တွေ flash တာမှာပဲ အဆင်မပြေတဲ့ TWRP မျိုးတွေ ရှိတတ်ပါတယ်။ အဲလိုအချိန်တွေမှာ အလဲအလှယ်လုပ်ပြီး အခြား TWRP တစ်ခုကို ပြောင်းလဲသုံးကြည့်နိုင်ပါတယ်။

TWRP ကိုသွင်းဖို့ formula အနေနဲ့ကတော့…

  1. PDF Guide လေးတွေ အရင်ဖတ်ပါ။ Zip file ဖြည်ပြီး auto သွင်းချင်ရင် ဖြည်လို့ရလာတဲ့ file တွေထဲက FlashTWRP ဆိုတာကို Double click ပါ။
  2. TWRP ထဲတန်းဝင်ပါ။ Auto နည်းနဲ့သွင်းရင် အလိုလိုရောက်ပါတယ်။ မိမိဖာသာဝင်ချင်ရင် Power + Vol Up key တွေတွဲနှိပ်ထားပြီး ဝင်နိုင်ပါတယ်။
  3. Boot loop မဖြစ်အောင် lazy flasher zip ကို flash ပါ။ ဒါမှမဟုတ် Magisk zip ကို flash ပါ။ Magisk ကို flash ရင် Root access ပါ အလိုလိုရပါမယ်။
  4. ဖုန်းကို Reboot ပါ။

ပုံတွေနဲ့ သွင်းနည်းကို အနည်းငယ် details ကြည့်ချင်ရင် သည် Post [ –> TWRP Install & Root <– ] ကိုဖတ်ပါ။

Archive file ဖြည်ရာမှာ Password တောင်းတာတွေရှိပါက tzko-xiaomi ပါ။ 


Redmi Note 5 Pro (Whyred)

Redmi 5 Plus

Redmi 5

Mi Note 3

Mi MAX 2

Mi5X

Mi6

Mi Mix

Mi Note 2

Mi5s Plus

Mi5s

Mi5

 Mi5c

Mi MAX Prime (3/64, 4/128)

Mi MAX (2/16, 3/32)

Redmi Note 4/4X MTK – Nickel

Redmi Note 4X – Mido

Redmi Note 3 (MTK)

Redmi Note 3 Pro (Kenzo)

Redmi Note 3 Pro (Kate)

Redmi PRO

Redmi 4X

Redmi 4

Redmi 4A

Redmi 4 Prime

Redmi 3S, 3X, 3Prime

Redmi 3, 3PRO

Mi Note PRO

Mi Note (Mi Note LTE)

Mi4c

Mi4s

Mi3/Mi4


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂 

  1. Thaw Zin Thaw Zin

    When I have downloaded Twrp files for Mi 5s Plus , both Zip file of ZCX and Official Twrp shows ” This file has been damaged ” status .

    Sorry for my noob Twrp installation and Eng writing Sir (coz ph is in fastboot mode)

Leave a Reply

Your email address will not be published. Required fields are marked *