Press "Enter" to skip to content

Updating ROM by Using TWRP

Thet Zaw Ko 0

TWRP ထဲကနေ ROM Update တယ်ဆိုတာကတော့ ဥပမာ လက်ရှိတင်ထားတဲ့ rom က China Stable MIUI 8.0.4 ဆိုပါတော့…။ Update ပေးလို့ China Stable 8.1.6 လိုမျိုးကို မြှင့်ချင်တာမျိုးပါ။ TWRP တင်သော်လည်းပဲ Phone ထဲက System Update မှာ ဝင်စစ်လို့လဲရပါတယ်။ Update ပေးနေတာကိုလဲ တွေ့နေရမှာပါ။ Download လုပ်ခိုင်းလဲရပါတယ်။ ဒါပေမယ့် Android Lollipop မှစပြီး Rom Zip ရဲ့ firmware ရေးတဲ့ Structure က ပြောင်းလဲသွားတာမို့ TWRP ကနေ OTA ရလာတဲ့ zip ကို flash လို့မရတော့ပါ။ သည်တော့ ကျနော်တို့အနေနဲ့ လက်ရှိတင်ထားတာရဲ့ version အမြင့် Full Recovery ROM ကို Download လုပ်ပြီး TWRP ကနေမှတစ်ဆင့် မြှင့်ပေးရပါတယ်။

ကိုယ့်ဖုန်းမှာ ကိုယ်တင်သုံးနေတဲ့ ROM အတွက် Update ပေးနေပြီဆိုတာ ဖုန်းထဲက Updater ထဲမှာပဲ စစ်လို့ တွေ့နေမိတဲ့အခါ၊ Facebook Group တွေထဲမှာ အခြားသူတွေတင်ထားတဲ့ post တွေဖတ်မိတဲ့ အခါမျိုးတွေမှာ Xiaomi Fourm မှာ ကိုယ့်ဖုန်းအတွက် Full Recovery ROM ကို သည်နေရာမှာ [ >>> MIUI Full Recovery ROM Download <<< ] Download ပြုလုပ်နိုင်ပါတယ်။

ROM ကို Download လို့ပြီးပြီဆိုရင်တော့ ဖုန်း Storage ထဲမှာ ထည့်ထားပေးပါ။ Lazy Flasher zip ကို ဖုန်း Storage ထဲထည့်ထားပေးပါ။ Cofface TWRP, ZCX TWRP သုံးသူတွေကတော့ Lazy Flasher zip မလိုပါ။ Lazy Flash Zip ကို သည်နေရာမှာ အောက်တွင်ပေးထားသော Links တွေမှ အဆင်ပြေတဲ့ဆီမှာ Download ပြုလုပ်နိုင်ပါတယ်။

Download Lazy Flasher Zip

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]

  • ဖုန်းကို TWRP Recovery Mode ထဲသို့ဝင်ပါ။

  • TWRP ထဲရောက်ရင် Install Button နှိပ်ပြီး ဖုန်းထဲမှာ မိမိတို့ Download လုပ်ထားသော ROM Zip ကို ရှာပေးပြီး Install လုပ်ပေးလိုက်ပါ။ အခြား ဘာ option တွေကိုမှရွေးချယ်နေစရာမလိုပါ။ ROM Zip ကို Flash လို့ပြီးရင်တော့ TWRP Home button နှိပ်ပြီး Home ကို ပြန်သွားပါ။

  • Lazy Flasher Zip ကို Install လုပ်ပေးပါ။

  • Cofface TWRP သုံးသူများက TWRP ထဲမှာပဲပါတဲ့ Boot Patch function (Disable Verify) ကို လုပ်ပေးပါ။

  • ZCX TWRP သုံးသူများကတော့ TWRP’s Settings ထဲမှာ Disable Boot System DM-Verify ဆိုတာလေး ON ထားလားဆိုတာ စစ်ပေးပါ။ ON နေပြီးသား ဖြစ်မှာပါ။ သေချာအောင် စစ်ကြည့်တာပေါ့။

အဆင့် – ၁၊ ROM install လုပ်တာပြီးပြီ….။

အဆင့် – ၂၊ Lazy Flasher install တာပြီးပြီ (သို့မဟုတ်) TWRP ထဲကနေ Boot Patch လုပ်တာတွေပြီးပြီ.. ဆိုရင်တော့ ဖုန်းကို TWRP ထဲမှနေ Reboot လုပ်နိုင်ပါပြီ။


ဖုန်းတက်လာပြီးရင် ယခင် TWRP မှပြုလုပ်ခဲ့သော Myanmar font zip ကို flash ထားတာတွေ၊ Xposed Framework ထည့်ထားတာတွေ root ထားတာတွေကတော့ အကုန်ပျက်နေပါလိမ့်မယ်။ TWRP ထဲပြန်ဝင်ပြီး ၎င်းတို့ကို Flash တာ ပြန်လုပ်ပေးပါ။

ZCX TWRP သုံးသူများက အခုလို Full ROM Zip နဲ့လည်း Update ပြုလုပ်နိုင်သလို OTA Update ကိုလည်း ဖုန်းထဲက Updater ကနေပြုလုပ်နိုင်ပါတယ်။ OTA ရအောင် ZCX TWRP ထည့်သွင်းပြီး ပြင်ဆင်ပေးခဲ့ရပုံများကို သည်နေရာမှာ [ -> My Collection of Xiaomi TWRPs <- ] လေ့လာထားပါ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂

Leave a Reply

Your email address will not be published. Required fields are marked *