Press "Enter" to skip to content

How to see WiFi Password!!

Thet Zaw Ko 0

Funny tip လေးတစ်ခုပေါ့ခင်ဗျာ..။ ကိုယ့်ဖုန်းမှာ ချိတ်ထားတဲ့ WiFi တစ်ခုက password ကို အလွတ်မရတော့လို့ သိချင်တယ်ဆို ပြန်ကြည့်ဖို့ နည်းလမ်းလေးပါ။

ကိုယ့်ဖုန်းထဲမှာ ကိုယ်ချိတ်ခဲ့ဖူးတဲ့ WiFi နာမည်တွေ၊ WiFi Password တွေက တစ်ကြိမ် အောင်မြင်စွာ ချိတ်ဖူးခဲ့ရင် Setting ထဲ သိမ်းဆည်းပေးထားပါတယ်။ နောင်တစ်ချိန် အဲသည် WiFi ရှိတဲ့ range ထဲ ရောက်ရင် အဲသည် WiFi ကို အလိုလို ပြန်ချိတ်ပေးပါတယ်။ ဒါက ဖုန်းရဲ့ WiFi setting နဲ့ပတ်သက်တဲ့ Default behavior ဖြစ်ပါတယ်။ အဲသည်လို ကိုယ်ချိတ်ထားတဲ့ WiFi ကို နောက်ဖုန်းတစ်လုံးမှာ password မသိပဲ ချိတ်ချင်ရင်က ကိုယ့်ဖုန်း WiFi Password ကို QR Code နဲ့ share ပေးလိုက်ရင်ရပါတယ်။ WiFi Password ရိုက်ထည့်ချိတ်မှ ရတော့မယ့် အရာမျိုးတွေကြုံလာရင်တော့ ခုနည်းလမ်းလေးအတိုင်း WiFi Password ကို ပြန်ကြည့်နိုင်ပါတယ်။

အောက်ပါပုံလေးအတိုင်း ကိုယ်ချိတ်ထားတဲ့ WiFi ဆီကိုဝင်လိုက်ပြီး WiFi Name လေးပေါ် tap လုပ်လိုက်ရင် WiFi password ကို share ပေးတဲ့ QR Code လေးပေါ်လာမှာပါ။ အဲဒါကို Screen Shot လုပ်ပြီး သိမ်းထားလိုက်ပါ။

ပြီးရင် Tools folder ထဲက Scanner app လေးဖွင့်လိုက်ပါ။ (ဖုန်းထဲက မူရင်းပါတဲ့ Folder တွေ၊ App icon တွေကို နေရာရွှေ့ပြောင်း နာမည်ပြောင်းတာ မလုပ်ရင် အဲသည်ထဲ ရှိပါမယ်) သူ့ Default function က QR Scan ပါ။ အဲသည်မှာ Image file ကနေ QR ဖတ်ပါဆိုတာဖြစ်အောင် ရွေးပေးလိုက်ပါ။ Gallery ပေါ်လာပါမယ်။ မိမိတို့ Screen Shot လုပ်ခဲ့တဲ့ WiFi password QR ပါတဲ့ပုံလေးရွေးပေးလိုက်ပါ။

WiFi Name နဲ့ WiFi Password ကိုလာပြပါမယ်။ *** လေးတွေနေရာ နှိပ်ကြည့်ရင် ကိုယ်ချိတ်ထားတဲ့ WiFi ရဲ့ Password ကို သိနိုင်ပါပြီ။


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ.. 🙂

Leave a Reply

Your email address will not be published. Required fields are marked *