Press "Enter" to skip to content

Open Play Store links with Google Play Store in China ROM

Thet Zaw Ko 1

China rom တင်သုံးထားတဲ့ ဖုန်းတွေမှာ Web pages, Facebook စတာတွေမှာ share လုပ်ပေးထားတဲ့ play store links တွေကို နှိပ်ဝင်ရင် Play Store app ပွင့်လာပြီး သက်ဆိုင်ရာ app ကို Install လုပ်ဖို့ ပြပေးရမယ့်အစား China MIUI rom ရဲ့ default app ဖြစ်တဲ့ GetApps (အရင် MIUI version တွေမှာတုန်းကတော့ Mi App Store ပေါ့) ပွင့်လာပြီး ကိုယ်ဝင်ကြည့်တဲ့ app မရှိဘူးဆိုပြီး ပြနေတာကို ဖြေရှင်းမယ့်နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

သည် blog post မှာ လက်တွေ့စမ်းသပ်ပြီး လုပ်ထားတာကတော့ Redmi Note 8 Pro, China Rom, MIUI Version 11.0.2.0 နဲ့ဖြစ်ပါတယ်။

အရင်ဆုံး knowledge အနေနဲ့ သိထားသင့်တာက ဖုန်းမှာသွင်းထားတဲ့ app ပေါင်းများစွာရဲ့ default behaviour ကိုပါ။ ကျနော်တို့ Mi ဖုန်းတွေမှာ File Manager ဖွင့်ပြီး photo file တစ်ခုကို tap လုပ်လိုက်တယ်ဆိုပါတော့။ အဲဒါအတွက် ဖုန်း setting ရဲ့ default behaviour က ဖုန်းမှာပါလာပြီးသားဖြစ်တဲ့ Gallery app ပွင့်လာပြီး ပုံကိုပြပေးပါမယ်။ video file တစ်ခုကို နှိပ်လိုက်မယ်ဆိုရင် ဖုန်းမှာပါလာပြီးသားဖြစ်တဲ့ Mi Video player app ပွင့်လာပြီး ပြပေးမှာဖြစ်ပါတယ်။ Web site link တစ်ခု facebook post (facebook ပဲသုံးကြတာများလို့ facebook နဲ့ ဉပမာပေါ့ 😀 ) တစ်ခုခုမှာပါလာလို့ နှိပ်ရင် ဖုန်းရဲ့ rom မှာပါလာပြီးဖြစ်တဲ့ Browser app နဲ့ဖွင့်ပြပါတယ်။ အဲသည် behaviour ကို မကြိုက်ရင် ဉပမာ website link တစ်ခုခုနှိပ်လိုက်ရင် Chrome browser နဲ့ပြပါ။ video file တစ်ခုနှိပ်လိုက်ရင် MX Player နဲ့ဖွင့်ပါ.. စသည်ဖြင့်တွေ လိုချင်ရင် Default Apps settings တွေမှာ လိုသလို ထားပေးရပါတယ်။

အခုလည်း play store link တစ်ခုခုကို နှိပ်လိုက်တာနဲ့ GetApps နဲ့မဖွင့်ပဲ Google Play Store နဲ့ဖွင့်ပြပါလို့ ပြင်ပေးထားရမှာပါ။ China rom မှာ သူ့ default က Play store links, Mi app store links စတာတွေကို နှိပ်တာနဲ့ GetApps နဲ့ဖွင့်ပြဖို့ default setting ထားထားပြီးသားပါ။ ကိုယ့်ရဲ့ china rom နဲ့ ဖုန်းမှာ Google apps တွေသွင်းထားလိုက်ပြီးရင် Google Play store ရဲ့ default behaviour ကလည်း play store links တွေနှိပ်ရင် သူနဲ့ဖွင့်ဖို့ setting auto ထားထားပြီးသားပါ။ ဒါပေမယ့် GetApps က ကိုယ်တွေ ဖျက်လို့မရတဲ့ System app ဖြစ်နေပြီး၊ Google play store က ကိုယ်တွေ နောက်မှ သတ်သတ်ထပ်ထည့်ထားတဲ့ user app လိုဖြစ်နေတော့ လင့်တစ်ခုကို app နှစ်ခုက ဖွင့်နိုင်တဲ့ အခြေအနေရှိလာရင် system app တစ်ခုဖြစ်တဲ့ GetApps ကပဲ ဉီးစားပေးလိုဖြစ်ပြီး သူနဲ့ပဲ သွားသွားဖွင့်တာမျိုး လုပ်သွားတာဖြစ်ပါတယ်။ သည်တော့ Play store မှာ ရှိတဲ့ app တိုင်း Mi App store ထဲမှာ မရှိတော့ ကိုယ်ဖွင့်တာက ဘာမှပြစရာ မရှိဘူးဆိုတာမျိုး ဖြစ်လာတာဖြစ်ပါတယ်။

အရင်ဆုံး ပြင်ပေးရမှာကတော့ Play store links တွေနှိပ်ရင် GetApps နဲ့မဖွင့်နဲ့ဆိုပြီး ပြင်ထားပေးရမှာပါ။ အဲသည်အတွက် အောက်ပါပုံလေးထဲကအတိုင်း GetApps ရဲ့ behaviour ကိုပြင်ဖို့အတွက် ဝင်ပါ။ Security app -> Manage Apps ထဲကဝင်လဲ အတူတူပါပဲ။ ရပါတယ်။

GetApps အထဲထိရောက်သွားပြီဆိုရင်တော့ Open Supported links ဆိုတာ ညာဖက်မှာ Open လို့ပြထားတာတွေ့မှာပါ။ သဘောက သူ support လုပ်နိုင်တဲ့လင့်မှန်သမျှ သူကဖွင့်မယ်ပေါ့။ SUPPORTED LINKS ဆိုတာအောက်မှာကြည့်လိုက်ရင် play.google.com နဲ့စတဲ့ play store app links တွေဆိုလည်း သူဖွင့်နိုင်တယ်ဆိုပြီး ပြထားတာတွေ့မှာပါ။ ဒါကြောင့် Play store links တွေနှိပ်ရင် သူနဲ့ပဲပွင့်လာတာပါ။ အပေါ်ကပုံလေးတွေမှာ ပြန်ကြည့်ပါ။ GetApps ရဲ့ အောက်တစ်ခုကျော်မှာ ( ကျနော့်ဖုန်းမှာသွင်းထားတဲ့ apps တွေအရ ) Google Play Store ဆိုတာတွေ့မှာပါ။ သူ့ default behaviour ကလည်း အောက်ကစာလေးကိုဖတ်ကြည့်ရင် Open play.google.com and other URLs ဆိုတာပါနေပါတယ်။ ဒါပေမယ့် MIUI ရဲ့ default optimization သဘောတရားအရ သူ့ rom မှာပါလာတဲ့ app နဲ့ပဲ ဉီးစားပေးဖွင့်ပါတယ်။ ပုံမှာပြထားတဲ့နေရာတွေနှိပ်ပြီး Don’t open ကိုရွေးပေးထားလိုက်ပါ။ ဒါဆိုရင် play store links တွေနှိပ်လဲ GetApps နဲ့မဖွင့်ဖို့ဆိုတာမျိုး ပြင်ပြီးပါပြီ။ Home နှိပ်ထွက်ထွက်၊ Back နှိပ်ထွက်ထွက် ရပါပြီ။‌‌‌‌

နောက်တစ်ခုပြင်ပေးဖို့လိုတာကတော့ ဘာပဲလုပ်လုပ် MIUI ရဲ့ default တွေအတိုင်း အတင်းလိုက်မလုပ်ပဲ ကိုယ်ပြင်ထားတဲ့အတိုင်းလေးလဲ လုပ်ပါဆိုတဲ့ သဘောမျိုးပေါ့ 😀 MIUI Optimization ကို OFF ပေးရပါမယ်။ အဲဒါက ဖုန်း Settings -> Additional Settings ထဲမှာ Developer Options ဆိုတာထဲ ဝင်လုပ်ရမှာပါ။ Settings -> Additional Settings ထဲ Developer Options ဆိုတာ မပေါ်သေးရင် အောက်ပါပုံအတိုင်း အရင်လုပ်လိုက်ပါ။ MIUI Version ဆိုတဲ့နေရာကို ခြောက်ချက် tap လုပ်ပါ။ လိုချင်တဲ့ Developer Options ဆိုတာ ပေါ်လာပါမယ်။

ပြီးရင်တော့ Turn on MIUI Optimization ဆိုတာကို OFF ထားပေးလိုက်ပါ။ Optimization ကို အလိုလို ON မထားနဲ့ပေါ့ဗျာ။ ပိတ်ထားမယ်ပေါ့။ အဲလိုသဘောပါပဲ။

အခုဆိုရင် play store links တွေနှိပ်ရင် GetApps နဲ့မဖွင့်ဖို့ ပြင်ပြီးသွားပြီ။ play store links တွေနှိပ်ရင် Google Play Store နဲ့ဖွင့်ဖို့ကတော့ ပြင်စရာမလိုပါဘူး။ Google apps တွေ ထည့်တာနဲ့ Play store app ရဲ့ default က သူ့ store links တွေ သူဖွင့်တာဖြစ်နေတော့ မလိုဘူးပေါ့။ ပြီးရင် ကိုယ်ပြင်ထားတဲ့အတိုင်းလေးတွေ အလုပ်လုပ်ဖို့၊ MIUI ရဲ့ Optimization တွေအတိုင်း သူ့ default တွေနဲ့ by force မလုပ်ဖို့ Developer Options ထဲမှာလဲ ပြင်ဆင်ပြီးသွားပြီမို့ နောင် facebook မှာ play store links တွေနှိပ်ရင် Google Play Store နဲ့ပွင့်လာမှာပါ။ APK Pure, APK Mirror တို့ကနေ share ပေးထားတာမျိုးတွေကတော့ ကိုယ့်ဖုန်းထဲ အဲသည်သက်ဆိုင်ရာ app တွေ ထည့်သွင်းမထားရင် အဲဒါတွေသည် အခြေခံသဘောအရ hyper links တွေဖြစ်လို့ Browser app နဲ့ပဲ ပွင့်လာမှာပါ။

By the way.. စကားမစပ်ပေါ့ခင်ဗျာ.. သည် Redmi Note 8 Pro, MIUI 11, Android version 9 နဲ့ဟာကို Google apps တွေအဆင်ပြေပြေလေး အလုပ်လုပ်ဖို့ထည့်တာက သည် blog ထဲက Google installer apk နဲ့ ထည့်သွင်းနည်းလေးနဲ့ထည့်ပေးထားတာပါပဲ။ အကုန် အဆင်ပြေပြေ အလုပ်လုပ်ပါတယ်။ Contacts တွေ sync လုပ်တာကအစပေါ့။ Google Photo app ထပ်ထည့်ပြီး photo တွေကို google account မှာ sync လုပ်ထားတာတွေကအစ smooth ပါပဲ။ ‌

နောက်တစ်ခုက (အခုနောက်ပိုင်း ဖုန်းတွေ၊ MIUI Ver တွေမှာမှ ဖြစ်လာတာ တွေ့မိလာတာပါ။ ဖုန်း model တိုင်းရယ်နဲ့ Global rom မှာ ဖြစ်မယ်မထင်ပါဘူး) Sim ကနေ Hotspot လွှင့်ပြီး ကိုယ့်မှာဖမ်းသုံးရင် Play store က app တွေ ဒေါင်းရင် Waiting for download ဆိုပြီး ဘာမှဒေါင်းမရ ဖြစ်နေတာပါ။ အဲသည်အတွက်ကတော့ အောက်ပါပုံလေးအတိုင်း ချိတ်စရာရှိတဲ့ wifi ကိုချိတ်ပြီးရင် IP Settings နေရာမှာ DHCP အစား Static ကိုထားပေးပြီး save လုပ်ထွက်လို့ သုံးနေလိုက်ပါ။ အဆင်ပြေပါတယ်။

MIUI Fan များ စိတ်ရွှင်လန်း ချမ်းမြေ့ပါစေ.. 🙂

  1. ဇာလီမင်း ဇာလီမင်း

    ကျေးဇူးအထူးပါ ဆရာ

Leave a Reply

Your email address will not be published. Required fields are marked *