Press "Enter" to skip to content

Android Pie, Google Apps & China MIUI ROMs

Thet Zaw Ko 0

အခုအချိန်မှာ Xiaomi ဖုန်းတွေအတွက် ရနေတဲ့ MIUI Version ကတော့ MIUI 10 ပေါ့။ အချို့ဖုန်း model အတွက်က Android Version 9 (Pie) နဲ့တွေ ပေးနေပါတယ်။ Stable rom version မှာ ဖြစ်ချင်ဖြစ်မယ်။ Beta version မှာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ Beta version မှာစလာနေရင် နောင် မကြာခင် Stable rom version မှာရလာမယ့် သဘာဝဖြစ်ပါတယ်။

အခုအကြောင်းအရာက Android Pie ရနေတဲ့ China MIUI rom တွေမှာ Google apps တွေ အဆင်ပြေစွာ ထည့်သွင်းဖို့အကြောင်းလေးဖြစ်ပါတယ်။

Global rom တွေအနေနဲ့ကတော့ ( ဘယ် MIUI Version, ဘယ် Android Version နဲ့မဆို )  Goolge apps တွေက System apps တွေအနေနဲ့ပါလာပြီးသားဖြစ်လို့ ထပ်ထည့်ဖို့မလိုပါဘူး။ မိမိသုံးလိုတာ မရှိရင် Play Store ကနေအလွယ်ဒေါင်းထည့်နိုင်ပါတယ်။ အဓိကအလုပ်လုပ်မယ့် Google Service Framework က System app အနေနဲ့ပါလာလို့ အလုပ်ကောင်းကောင်းမလုပ်တာမျိုး ဖြစ်တာမရှိပါ။

China MIUI Roms တွေအနေနဲ့ကတော့ Google Service framework apps တွေကို သတ်သတ်ထည့်သွင်းပေးထားရပါတယ်။ ဒါမှသာ အခြားသော Google က ထုတ်တဲ့ apps တွေကို ( Google Maps, Google Drive, Google Keep.. စသည်.. ) တို့ကိုဒေါင်းမယ်။ သုံးမယ်ဆိုတာတွေ လုပ်လို့အဆင်ပြေမှာပါ။ ကိုယ့်ဖုန်းနဲ့အဆင်ပြေပြေဖြစ်တဲ့ app တွေ ဒေါင်းဖို့၊ update လုပ်ဖို့ Google Play Store ကနေလုပ်တာ အကောင်းဆုံးဖြစ်တာမို့ အဲသည်လို Play Store ကနေလုပ်လို့ရဖို့ Google apps တွေ သွင်းတယ်ဆိုပြီး သတ်သတ်လုပ်ဆောင်ပေးထားရပါတယ်။ မည်သည့် MIUI Version အတွက်မဆို ( Android Pie နဲ့မပါ ) Google apps တွေ အဆင်ပြေစွာထည့်သွင်းနိုင်အောင် သည်  Post  How to install Google Apps ( MIUI 8, 9, 10 ) လေးထဲက နည်းလမ်းအတိုင်း အဆင့်မကျော်လုပ်ထားပေးရင် အမြဲအဆင်ပြေစေပါတယ်။

Android Pie (9.0) နဲ့ဖြစ်လာတဲ့ China MIUI rom တွေမှာတော့ Google Framework apps တွေ.. ( Google Service Framework, Google Play Services, Google Account Manager.. စတာတွေ ) က System apps တွေအနေနဲ့ပါလာပြီးသားဖြစ်တာကို တွေ့ရှိရပါတယ်။ သည်တော့ အထက်ကလင့်လေးပေးထားတဲ့ထဲကအတိုင်း China MIUI Rom မို့ Google apps ထည့်တာလုပ်မယ်ဆိုပြီး လုပ်တာမျိုး မရတော့ပါ။ နံပါတ်တစ် app ( Google Service Framework ) ကို install နေချိန်မှာပဲ 0% ကနေ ဆက်မတက်ပဲဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ System app တစ်ခုအနေနဲ့ပါလာတဲ့ဟာကို ထပ်မံသွင်းလို့မရတော့လို့ပါ။

သည်တော့ မိမိတို့လုပ်ရမှာက app တွေ ဒေါင်းမယ်။ update လုပ်မယ်။ သည်အတွက် Google Play Store လိုတယ်။ ထို့အတွက်ကြောင့် အဲသည် Google Play Store app ကို မိမိအဆင်ပြေတဲ့ဆီက ဒေါင်းပြီး ထည့်ပေးလိုက်ရင် Play Store သုံးဖို့ အဆင်ပြေသွားပြီဖြစ်ပါတယ်။ China MIUI rom မှာပါပြီးဖြစ်တဲ့ Mi App Store ထဲကနေလဲ ရှာဒေါင်းလို့ရသလို www.apkmirror.com ထဲမှာ google play store လို့ရှာပြီး အဲသည်ကနေ နောက်ဆုံး version ကိုရှာလို့ရပါတယ်။ APK Mirror ထဲမှာ နောက်ဆုံး version ကို ရပါမယ်။ ကိုယ်ဒေါင်းမယ့် apk အတွက် အနဲဆုံး Android version က ဘယ်လောက်ဖြစ်ရမယ်။ ဘယ်လို device တွေအတွက်ဖြစ်ရမယ်ဆိုတဲ့ နံပါတ်လေးတွေကြည့်ပြီး match ဖြစ်မယ့်ဟာကို ဒေါင်းရင် apk file ရလာပါလိမ့်မယ်။ အဲလိုဆို Install လုပ်လို့ရပါပြီ။ APK Mirror ထဲရှာတာ အောက်ကပုံလေးအတိုင်း ပေါ်လာတာတွေမြင်မှာပါ။

APK Mirror

Google Play Store နောက်ဆုံး Version ကို သည် Link ( Download Google Play Store from APK Mirror ) လေးနှိပ်ဝင်လိုက်ရင်တွေ့ပါမယ်။ ဒေါင်းယူနိုင်ပါတယ်။

ဒါဆိုရင် China MIUI rom ( Android 9 ) မှာ app တွေ ထည့်ဖို့၊ update ဖို့ Google Play Store ကိုထည့်သွင်းမယ်ဆိုတာ အဆင်ပြေပါပြီ။ Install လုပ်၊ ဖွင့်ပြီး မိမိ Google account ထည့်သွင်းတာ စလုပ်နိုင်ပါပြီ။ သို့သော် China rom မှာသိထားရမှာက အဲဒါတွေ အဆင်ပြေပြေ အလုပ်လုပ်နေစေဖို့ Permissions တွေ ပေးထားရတာပါပဲ။ အခု Play Store ကိုထည့်ပြီးသုံးဖို့လုပ်တော့ အဲသည်ဟာကို လိုအပ်တဲ့ Permissions တွေ ပေးထားရပါမယ်။ လုပ်ပုံလုပ်နည်းပုံလေးတွေကို အထက်ဆုံးမှာပေးထားတဲ့ link ( How to install Google Apps ( MIUI 8, 9, 10 ) ) ထဲမှာ ဝင်ဖတ်ကြည့်နိုင်ပါတယ်။ လိုအပ်တဲ့ Permissions တွေပေး၊ Reboot လုပ်ပေးပြီးရင် Google Play Store ကို အသုံးပြုနိုင်ပါပြီ။

နောက်တစ်ခုလုပ်တာကတော့ ကိုယ့် contacts တွေကို Google Account ထဲမှတ်ထားတယ်။ Settings -> Sync -> Google ထဲမှာ Contact sync ဖို့မပါဘူး။ ဝင်မလာဘူးဆိုတာတွေပါ။ အဲသည်အတွက် သည်လိုလုပ်နိုင်ပါတယ်။

Google Contact Sync ကို APK Mirror ကနေဒေါင်းထည့်ပြီး install ပါ။ ( Download Google Contact Sync )

Google Contact Sync

Google Calendar Sync ကို APK Mirror ကနေဒေါင်းပါ။ Install ပါ။ ( Download Google Calendar Sync )

Google Calendar Sync

ပြီးရင် Google Contact Sync, Google Calander Sync တို့ကို Permissions အကုန် ON ပေးပါ။ လုပ်ပုံလုပ်နည်းပုံလေးတွေကို သည်လင့်တွေထဲမှာ ( How to install Google apps MIUI 8, 9, 10 ) ( Fixing Google Contact Sync )  ကြည့်ရှုနိုင်ပါတယ်။ ပြီးရင် Reboot လုပ်။ ပြန်တက်လာရင် Contact sync ဖို့တွေအတွက် အဆင်ပြေပါပြီ။

Permissions တွေ ON ရာမှာ လိုသလိုအဆင်မပြေဖြစ်နေပါက Settings -> Additional Settings -> Developer Options -> Turn on MIUI Optimization ကို OFF ထားပေးပါ။ Google framework services တွေအဆင်ပြေပြေဖြစ်နေစေဖို့အတွက်ကတော့ ဒါကို ပိတ်ထားပြီး သုံးနေရင် Google apps တွေ အလုပ်လုပ်တာ ပိုအဆင်ပြေချောမွေ့စေပါမယ်။ Developer Options မပေါ်ပါက Settings -> About Phone -> All Specs ထဲက MIUI Version နေရာ ခြောက်ချက် Tap လုပ်ပေးရင် ပေါ်လာပါမယ်။

အခုပြောခဲ့တဲ့ permissions ပေးတယ်၊ ပေးတယ်ဆိုတာတွေက မိမိတို့ထပ်သွင်းထားတဲ့ Google Play Store, Google Contact Sync, Google Calendar Sync တို့အတွက်ပြောတာပါ။ ကျနော်ပေးခဲ့တဲ့ လင့်လေးတွေထဲဝင်ဖတ်ရင် အဲဒါတွေကို Auto Start list ထဲထည့်ထားတာလဲတွေ့မှာပါ။ ကျနော်ကတော့ ထည့်ထားသုံးပါတယ်။ ကျနော်ကတော့ အဲလိုတွေ ထည့်ထား လုပ်ထားသုံးလို့ Google app တွေဖွင့်လိုက်ပြီး ကိုယ်လိုချင်သလို သုံးမရတာ၊ Error ပြလာတာပေါ်တာ တစ်ခါမှမဖြစ်ခဲ့ဖူးပါ။ Online games တွေကစားလို့ Google Account တွေချိတ်ဖို့လိုရင် Play Store ထဲက Google Play Games ကိုရှာဒေါင်းထည့်ပါ။ အထက်ပါတွေအတိုင်း permissions တွေပေးထားပါ။

အခုလောက်ဆိုရင် Google apps တွေကို အဆင်ပြေပြေအသုံးချဖို့ China MIUI Rom တွေမှာ လုပ်ထားရမယ့် idea လေးတွေသိထားပြီး အဆင်ပြေလောက်ပါပြီ။ Google Maps လိုသုံးချင်ရင် Play Store ထဲကရှာဒေါင်းထည့်ပါ။ Permission အကုန်ပေးစရာရယ်လဲ မလိုလှပါ။ Location access ပေးထားရင် လုံလောက်ပါတယ်။ Google Photos, Google Drive လိုမျိုးသုံးချင်ရင် Play Store ထဲရှာဒေါင်းပါ။ Internal Storage access လောက် ပေးထားရင် လုံလောက်ပါတယ်။ ဒါတွေက စဖွင့်သုံးချိန် တောင်းလာတာပါပဲ။ Allow ပေးထားရင် လုံလောက်ပါတယ်။ အထက်မှာပြောခဲ့တဲ့ apps တွေလောက်သာ background မှာ အဆင်ပြေပြေ အလုပ်လုပ်နေစေဖို့ permissions အကုန်ဖွင့်ပေးထားတဲ့သဘောမျိုးပါပဲ။ မိမိဉာဏ်ရှိသလို စဉ်းစားပြုလုပ်နိုင်ပါတယ်။

App တွေကို permission ပေးဖို့ ကိုယ်လိုသလို လုပ်မရရင် APK Pure ထဲက သည် App Permission Info ဆိုတဲ့ app လေးဒေါင်းထည့်ပြီး အဲသည်ထဲကနေ ဝင်ပေးတာတွေလုပ်ပါ။ ( Download App Permission Info ) Android Pie MIUI နဲ့ပါပြီးသားဖြစ်တဲ့ Google Service Framework, Google Play Services တို့ကိုလည်း ဖုန်း Settings -> Install Apps ထဲ ဝင်ရှာပြီး Disable ဖြစ်နေပါက Enable လုပ်ထားပေးခြင်းမျိုးလုပ်ဖို့ ရှာဖွေ စစ်ဆေးယူပါ။

MIUI Funs များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂

Leave a Reply

Your email address will not be published. Required fields are marked *