Press "Enter" to skip to content

How to disable ads on Xiaomi Phones

Thet Zaw Ko 2

MIUI 10 လဲ တော်တော်များများရပြီးဖြစ်နေပြီဆိုတော့ စပြိးတွေ့လာရမယ့် ကြော်ငြာတွေ ပေါ်ပေါ်လာလို့ ဘယ်လိုပိတ်ထားရမလဲဆိုတာလေးပါ။ ဒါတွေက Virus လိုလဲမဟုတ်ပါဘူး။ MIUI Rom နဲ့အတူတူပါလာတဲ့ Mi Music, Mi Security, Cleaner, Mi Browser, Mi File Explorer, Downloader ( ဖုန်းဝယ်လို့ စက်ဖွင့်တာနဲ့ တစ်ပါတည်း ပါလာတဲ့ system app တွေပေါ့။ အချို့တရုတ်လိုဟာတွေ မကြိုက်ဘူး ဖျက်လို့ရလားဆိုတာတွေက Uninstall နှိပ်လို့ရတာဆို ဖျက်သာပစ်ပါ။ ရပါတယ်။ အခု Ads ပါတာတွေက ဖျက်မရတဲ့ apps တွေပါ။.. ) စတာတွေ ဝင်သုံးချိန်မှာ ပေါ်လာလေးတွေပါ။

MIUI မှာ Global rom ဆိုတာရှိတယ်၊ China rom ဆိုတာရှိတယ်၊ MIUI 10 ချင်းတူတာတောင် 10.1, 10.2 လိုစသည်ဖြင့် minor version မတူလေးတွေလိုရှိတာဖြစ်လို့ သည်မှာပြထားတဲ့ ပုံထဲကအတိုင်း၊ စာတွေအတိုင်းလို ထပ်တူကျချင်မှကျပါမယ်။ အဓိကကတော့ သည်လိုကြော်ငြာတွေပေါ်လာတာ သည် service ကြောင့်၊ သည်လိုပိတ်ထားမယ်၊ သည် Settings လေးတွေ ပြင်ထားမယ်၊ ဒါဆို ရနေပြီဆိုတာမျိုး idea ရဖို့ အဓိကပါပဲ။

ပထမဆုံး လုပ်ရမှာသည် System ပိုင်းထဲက Ads နဲ့ပတ်သက်တဲ့ Service ကို OFF ထားပေးရမှာပါ။ ကျနော်စမ်းတဲ့ ကျနော့်ဖုန်း Mi Max Prime မှာတော့ Global rom မှာဆို သွားလုပ်ရတဲ့ပုံစံတစ်မျိုး၊ China rom မှာဆို သွားလုပ်ရတဲ့ပုံစံတစ်မျိုး.. ဆိုတာလိုတွေ့မိပါတယ်။ မိတ်ဆွေတို့ xiaomi ဖုန်းတွေမှာလဲ သည်နေရာလေးတွေမှာ ဝင်ရှာလုပ်သွားရမှာ တူတူပဲဖြစ်မှာပါ။ လုပ်နေချိန်မှာ အင်တာနက်လေးတော့ဖွင့်ထားပေးပေါ့။ သည်နေ့ခေတ်လိုမှာတော့ အမြဲလိုလို online ပဲဖြစ်နေမှာပါ.. 😀 😀

သည်ဟာက China rom မှာပါ။ Mi Max Prime MIUI 10 China Stable rom မှာဖြစ်ပါတယ်။ ကြော်ငြာတွေ ပေါ်ပေါ်လာတာ ဖြစ်စေမယ့် Service ကို သည်ပုံလေးတွေအတိုင်းဝင်ပြီး ပိတ်ထားနိုင်ပါတယ်။

ဒီအောက်က ပုံလေးတွေလို ဝင်လုပ်တာက Global rom မှာပါ။ Mi Max Prime Global MIUI 10.1.1.0 မှာပါ။

ဒုတိယအပိုင်းကတော့ ကိုယ်သုံးတဲ့ apps တွေရဲ့ ( Mi Music, Mi Security, Cleaner, Mi Browser, Mi File Explorer, Downloader စတာတွေ ) Settings ထဲမှာ ထပ်ပိတ်ပေးတာကို လုပ်ထားရမှာပါ။

အောက်မှာ သက်ဆိုင်ရာ app တစ်ခုချင်းစီရဲ့ settings ထဲဝင်ပြီး ပိတ်ထားပေးတာပါ။ ကိုယ်က ဖုန်းမှာပါလာပြီးသား app တစ်ခုကိုသုံးတယ်.. ( facebook, viber လိုထည့်သုံးတာမှာ ဖြစ်စရာမရှိပါဘူး။ ဒါက မိမိဖာသာ သတ်သတ်ထည့်တယ်၊ ဖျက်တယ်ဆိုတာ လုပ်လို့ရတဲ့ app မျိုးတွေပါ။ မကြိုက်ရင် ဖျက်လိုက်ရုံပါ။ facebook messenger မှာ တစ်ခုလောက်လေးပါလာတတ်တာမျိုးက သူ့ app သုံးရင် အနဲဆုံး တစ်ခုလောက်တော့ ပြမယ်ဆိုတဲ့ သဘာဝလိုပါ။ ဒါမျိုးက မကြိုက်ရင် app ဖျက်၊ မသုံးပဲ နေလိုက်လဲ ရပါတယ်.. 😀 ) အကြမ်းဖျဉ်းအနေနဲ့ကတော့ ကိုယ်ဝင်သုံးလိုက်တဲ့ app ထဲမှာ တစ်ခုခုလုပ်နေတုန်း ကြော်ငြာတွေပေါ်လာရင် အဲသည် app settings ထဲမှာ Receive recommendations, Show recommendations, Advertisements.. စတဲ့ စကားလုံးပါတဲ့ဟာလေးတွေကို OFF ထားပေးရမယ်ဆိုတဲ့ idea ပါပဲခင်ဗျာ..။

ဒါက Security App ထဲဝင်ပြီး Cleaner တွေဘာတွေသုံးချိန်မှာ ကြော်ငြာပေါ်လာတတ်တာကို ပိတ်တာပါ။

ဒါက ဖုန်းမှာပါပြီးသား Browser မှာ လင့်တွေဝင်ကြည့်ချိန် တက်လာတာမျိုးအတွက်ပါ။ သည် Web site ဝင်မှ တက်တယ်ဆိုတာတွေက သက်ဆိုင်ရာ Web Site နဲ့ပဲဆိုင်ပါတယ်။ Channel Myanmar လိုပေါ့ 😀 Firefox, Opera, Chrome မှာလိုဆို တက်မှာမဟုတ်ပါ။ တက်တယ်ဆိုလဲ သူ့သက်ဆိုင်ရာ Browser settings ထဲပိတ်စရာ ပါချင်ပါမှာပါ။ MIUI Ads နဲ့မဆိုင်ဟု မှတ်နိုင်ပါတယ်။

ဒါက Downloads app ထဲမှာခင်ဗျ။ Downloads တွေလုပ်ပြီးလို့ ဘာတွေ ဘယ်လိုပြီးပလဲ ဝင်ကြည့်မယ် လုပ်လိုက်ချိန်တွေမှာ ပေါ်လာတတ်တဲ့ ကြော်ငြာတွေ ပိတ်ထားချင်ဖို့အတွက်ပေါ့။

ဒါက Themes app ထဲမှာ ပိတ်ထားပေးတာပါ။

ဒါက Music ဖွင့်နေတုန်း ပေါ်မလာအောင်လို့ဆိုပြီး Music Settings ထဲမှာ ဝင်လုပ်ထားတာပါ။

ဒါက apk file တွေ Install လုပ်နေချိန်မှာပေါ်လာတတ်တာတွေပါ။ Google Play Store ကနေဒေါင်းထည့်ခိုင်းတာတွေလုပ်ချိန်မှာလဲ ပေါ်ပါတယ်။ အဲဒါသည် Play Store နဲ့မဆိုင်ပါ။ MIUI Ads ကြောင့်ပါ။ apk file တစ်ခု Install လုပ်လို့ပြီးချိန်၊ လုပ်နေချိန်မှာပေါ်လာရင် ပုံလေးထဲကအတိုင်း Settings နေရာဝင်ဖို့ ပင်နယံပုံလေးကိုရှာဝင်ပြီး လုပ်ထားလိုက်ပါ။ တစ်ခါလုပ်ထားပြီးရင် အဆင်ပြေပါပြီ။

အခုဆိုရင်တော့ ကိုယ်တစ်ခုခုလုပ်နေတိုင်း Ads တွေ ပေါ်ပေါ်လာတာ ဘယ်လိုပိတ်ယူထားရမယ်ဆိုတာ နားလည်လောက်ပါပြီ။ MIUI Ads တစ်နေရာထဲ လုပ်ထားရုံနဲ့တော့ မရဘူးပေါ့။ ကျနော်နမူနာပြတဲ့ထဲမပါတဲ့ app မှာဆိုလည်း မိတ်ဆွေတို့သုံးရင် သည်လိုလုပ်လို့ရတယ်ဆိုတာ နားလည်ထားရင် လုပ်လို့အဆင်ပြေပါပြီ။ မိမိဖာသာ သတ်သတ်ထပ်ထည့်တဲ့ app တွေမှာ ပါလာတာကတော့ app ကြောင့်လို့မှတ်ယူပါ။ (facebook messenager လိုပေါ့..)။ သည် web site ကိုဝင်မှဖြစ်တာဆိုရင် site ကြောင့်လို့ နားလည်ထားပေါ့။

MIUI Funs များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂

  1. Nay Myo Naing Nay Myo Naing

    Very useful for me to learn about Xiaomi devices.

    • Thet Zaw Ko Thet Zaw Ko

      Thanks brother 🙂

Leave a Reply

Your email address will not be published. Required fields are marked *