Press "Enter" to skip to content

TWRP# Mi Max 2 (Oxygen)

Thet Zaw Ko 0

Mi Max 2 (Oxygen) အတွက် TWRP လေးတွေဖြစ်ပါတယ်။ OTA Update ကိုပါ Support ပေးနိုင်တယ်ဆိုတဲ့ Red Wolf Project TWRP လဲ ပါပါတယ်။

TWRP 3.2.3

Xiaomi Knowledge Cloud ] or [ Google Drive ]

RedWolf TWRP 027

Xiaomi Knowledge Cloud ] or [ Google Drive ]


TWRP သွင်းမယ်ဆိုရင် ကိုယ်လုပ်ပေးထားရမယ့်အရာတွေကတော့

  • Boot Loader Unlock လုပ်ထားပြီးသားဖြစ်ရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာမသိရင် သည် Post <How to Unlock Boot Loader (Xiaomi)> ကို ဖတ်နိုင်ပါတယ်။ ချက်ချင်းလုပ်၊ ချက်ချင်းရတာမျိုးတော့မဟုတ်ပါ။ အချိန်အနည်းငယ်ပေးရတတ်ပါတယ်။ သည် Process အောင်မြင်ဖို့ သုံးရက်၊ တစ်လ၊ နှစ်လ စသည်ဖြင့် ကိုယ့်ဖုန်း Model ပေါ်မူတည်လို့ စောင့်ဆိုင်းလုပ်ရပါတယ်။
  • ကွန်ပျူတာနဲ့တွဲစပ်လုပ်ရမှာ ဖြစ်သောကြောင့် ကွန်ပျူတာမှာ Xiaomi USB Drivers တွေ တင်ထားပြီးသား ဖြစ်နေရပါမယ်။ အပေါ်မှာပေးထားတဲ့ Boot Loader Unlock ဘယ်လိုလုပ်မလဲဆိုတဲ့ Post ထဲမှာပဲ Driver တင်တာ၊ အလုပ် လုပ် မလုပ် စမ်းသပ်တာတွေပါပါတယ်။ အဲဒါကို ဖတ်ပြီး လုပ်ပါ။

အထက်ပါနှစ်ချက်ကို လုပ်ထားပြီးပြီဆိုရင်တော့ TWRP သွင်းမယ်။ Root လုပ်မယ်။ နေရာအစုံမှာ Zawgyi Myanmar font မှန်အောင် ချိန်းမယ်။ Custom rom တွေ Flash မယ်။ မိမိတင်ချင်တဲ့ ROM အမျိုးအစား ( China, Global စသည် ) ကို တင်ချင်တာတယ်မယ်… စတာတွေကို လုပ်ချင်ရင် အလွယ်လုပ်နိုင်ပါပြီ။

ကျနော့် Blog မှာပေးထားတဲ့ TWRP archive file ကိုဖြည်ရင် Folder တစ်ခုရပါမယ်။ အဲသည်ထဲမှာ လိုအပ်တဲ့ Utility files လေးတွေ အစုံပါပြီးသားဖြစ်ပါတယ်။

  • BootToTWRP.bat file လေးကို Double Click ရင် ဖုန်းက TWRP ထဲကို Boot တက်သွားပါမယ်။ ဖုန်းက Fastboot mode ဝင်ပြီး ကွန်ပျူတာမှာ USB Cable နဲ့ ချိတ်ထားပြီးသားတော့ ဖြစ်နေရမှာပေါ့။ TWRP ထဲရောက်ရင် Keep Read Only ဆိုတာကိုရွေးပြီး ဆက်ဝင်သွားပါ။ TWRP က ကိုယ့်ဖုန်းမှာ ကောင်းကောင်း အလုပ် လုပ် မလုပ်၊ Touch တွေ အဆင် ပြေ မပြေ၊ Internal Storage, OTG, SD card တွေကို မြင် မမြင် စတာတွေကို အရင်စမ်းသပ်ပါ။ အားလုံး စိတ်ကြိုက် အဆင်ပြေပြီဆိုထင်ရင်တော့ Reboot -> Boot Loader ခလုပ်လေးတွေကို နှိပ်ပြီး ( ဒါမှမဟုတ်လဲ Power + Vol Down Keys နှစ်ခုကို ကြာကြာလေးသာနှိပ်ထားလို့ ) fastboot mode ပြန်ဝင်လို့ TWRP ကို အသေသွင်းထားတာ လုပ်နိုင်ပါပြီ။
  • FlashTWRP.bat ကတော့ TWRP ကို Auto သွင်းပေးမယ့် bat file ဖြစ်ပါတယ်။ TWRP ကို ဖုန်းထဲ အသေသွင်းတာပါ။ Double click လိုက်ပြီး Screen ပေါ် ပေါ်လာတာကို ဖတ်ပြီးလုပ်ရုံပါ။ ဘာမှလဲ ထူးထွေလုပ်စရာမလိုပါ။ Message စာ ဖတ်ကြည့်ပြီး Enter Key နှိပ်ပေးရုံသက်သက်ပါ။
  • PDF file လေးတွေကတော့ မိမိဖာသာ Command ရိုက်ပြီး Manual သွင်းချင်ရင်၊ ဒါမှမဟုတ် Auto သွင်းတာပဲလုပ်ချင်ရင် ဘာတွေရိုက်ရမယ်။ ဘာလုပ်ရမယ် စတာတွေကို ရေးထားတဲ့ Manual ပါ။
  • Lazy Flasher zip ကတော့ ထုံးစံအတိုင်း TWRP သွင်းတယ်၊ TWRP ထဲဝင်ပြီးတာနဲ့ Reboot လုပ်ရင် System modified ဖြစ်သွားတာကြောင့် Logo မှာရပ်မနေအောင် DM-Verify check တာ ကို OFF ပေးဖို့ Flash တာပါ။ အဲဒါ Flash ပြီးမှ Reboot လုပ်ရင် ဖုန်းက ပုံမှန်အတိုင်း ပြန်တက်ပါတယ်။ အဲဒါကို Internal storage ထဲကူးထားလို့ဖြစ်စေ၊ TWRP test လုပ်ချိန်မှာ Internal Storage မမြင်ရရင် OTG, SD Card တွေထဲကူးထားလို့ဖြစ်စေ လုပ်ထားပြီး Install ပါ။
  • Super SU Zip ကတော့ ထုံးစံအတိုင်း Root လိုချင်ရင် Install ပေးတာပါ။ မလိုချင်ရင် သုံးစရာမလိုပါ။ Root အတွက်က Magisk က ပိုကောင်းပါတယ်။ Super SU ပဲ သုံးချင်ရင်တော့ TWRP သွင်းပြီး၊ Lazy Flasher Zip flash ပြီး ဖုန်းက normal အတိုင်းပြန်တက်လို့ အားလုံး အဆင်ပြေပြီဆိုမှ TWRP ထဲ နောက်တစ်ခေါက်ပြန်ဝင် Flash ပါ။
  • Magisk Zip ကတော့ Lazy Flash + Super SU တို့နှစ်ခုရဲ့ အလုပ်တွေကို လုပ်ပေးတာပါ။ Logo မရပ်အောင် လုပ်ပေးတယ်။ Root ပါတစ်ခါတည်းရတယ်။ TWRP ထဲဝင်သွားပြီဆိုတာနဲ့ ဒါကို Flash ပေးလိုက်တာပဲ ပိုကောင်းပါတယ်။ ကိုယ်သုံးတဲ့ app တွေက root ရှိလို့မဖြစ်ဘူးဆိုလဲ ပြီးမှ Magisk Manager app ထဲမှာ Migisk Hide တာ လုပ်ထားလိုက်ရင် app တွေက root ရှိနေမှန်း Detect မလုပ်နိုင်တော့ပါဘူး။ နောက်ဆုံး Version ထိ သုံး လေး ခု ထည့်ပေးထားပါတယ်။ အဆင်ပြေတာ သုံးပါ။ ထည့်လို့ အဆင်မပြေရင် Uninstaller zip ကို Flash လို့ ပြန်ဖျက်နိုင်ပါတယ်။
  • TWRP file ကတော့ .img နဲ့ဆုံးတဲ့ Image file ပါ။ မိမိကျွမ်းကျင်သလို သုံးနိုင်ပါတယ်။ လက်ရှိ TWRP ကနေ အခြား TWRP ကိုပြောင်းချင်ရင် image file ကိုသုံးပြီး လက်ရှိ TWRP ထဲကနေပြီး Image file တာမျိုး လုပ်ပေးတာမျိုးပေါ့…။

TWRP ကို ဘယ်လိုတွေ သွင်းမယ်။ Magisk ကို ဘယ်လိုသွင်းယူမယ် ( Custom rom တွေ ချိန်းမှာမဟုတ်လို့ TWRP အသေထည့်ထားမျိုး မလုပ်ပဲ Offical rom မှာ Magisk root ရအောင်ပဲလုပ်ထားမယ်။ မိမိသုံးချင်တာတွေကို Magisk Modules တွေနဲ့ပဲသုံးမယ်..) စတာတွေကို အသေးစိတ်ထားတာကတော့ သည် Posts လေးတွေထဲမှာ ရှိပါတယ်။ လုပ်နေကြမဟုတ်ရင်တော့ ဖတ်ရှုလေ့လာထားရင် ဘယ်လိုအခြေအနေနဲ့ကြုံရင် ဘာပြန်လုပ်လို့ရတယ်ဆိုတာတွေ Idea ရမှာပါ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

Leave a Reply

Your email address will not be published. Required fields are marked *