Press "Enter" to skip to content

TWRP# Mi Max 3 (Nitrogen)

Thet Zaw Ko 0

Mi Max 3 အတွက် twrp.me ကနေထုတ်ပေးထားတဲ့ Official TWRP ဖြစ်ပါတယ်။ အပိုဆောင်း အနေနဲ့ OTA ပြေလည်ပါတယ်ဆိုတဲ့ RedWolf TWRP လေးလဲ ထည့်ပေးထားပါတယ်။

Features :

  • MTP support
  • USB OTG storage support
  • Hardware Qualcomm-based full-disk encryption support ( ext4 & f2fs )
  • f2fs file system support (read, write, format, backup & restore)
  • Covers more partitions for nandroid backup (fstab)
  • ADB root
  • Full SELinux support
  • Built with android 7.1 tree

လိုအပ်ချက်တွေကတော့…

  • Boot Loader Unlock လုပ်ထားပြီးသားဖြစ်ရပါမယ်။ ဘယ်လိုလုပ်ထားရတာဆိုတာ မသိရင် ဒါကို [ –> How to Unlock Boot Loader (Xiaomi) < — ] ဖတ်ပါ။
  • Xiaomi USB Drivers တွေ ကွန်ပျူတာမှာ တင်ထားပြီးသား ဖြစ်ရပါမယ်။ ဘယ်လိုတင်ထားရတာလဲ မသိရင် အထက်မှာပေးထားတဲ့ Boot Loader Unlock post ကိုပဲဖတ်ပါ။ အဲသည်ထဲမှာ အလွယ်ဆုံးသော Drivers Install လုပ်ပေးဖို့နည်း ပါပါတယ်။

Download Mi Max 3 TWRP

[ Xiaomi Knowledge Cloud ] or [ Google Drive ]

Download Mi Max 3 TWRP ( RedWolf )

[ Xiaomi Knowledge Cloud ] or [ Google Drive ]

RedWolf နဲ့ OTA ရအောင် ဘယ်လိုတွေလုပ်ရလဲဆိုတာကတော့ XDA ထဲက သည်ဟာလေးသာ [-> [Red Wolf] Install TWRP and root your device without breaking incremental OTA’s! <-] ဖတ်ကြည့်လိုက်ပါတော့.. 😀 


Archive file ကိုဖြည်လိုက်ရင် Folder တစ်ခုရပါမယ်။ အဲသည်ထဲမှာ လိုအပ်တဲ့ files တွေ အကုန်ပါပါမယ်။ Magisk.zip ကို ဖုန်းထဲကိုကူးထည့်ထားပါ။  TWRP ကို အသေ flash တာ မလုပ်ခင် အဆင်ပြေ မပြေ အရင်စမ်းသပ်နိုင်ပါတယ်။ ဖြည်လို့ရလာတဲ့ Folder ထဲက CommandWindows.bat ဆိုတဲ့ file လေးနှိပ်လိုက်ရင် Command Prompt ပွင့်လာပါမယ်။

အောက်ပါပုံထဲကအတိုင်း command ရိုက်ပေးပြီး Enter နှိပ်လိုက်ပါ။ OKAY message တွေပြသွားပြီး ခဏ စောင့်နေပေးလိုက်ရင် ဖုန်းက TWRP ထဲကိုရောက်သွားပါမယ်။

TWRP ထဲရောက်သွားပြီဆိုရင်တော့ Keep Read Only ခလုပ်နှိပ်ပြီး ဆက်ဝင်လိုက်ပါ။ Touch တွေ အဆင်ပြေ မပြေ လိုက်စမ်းကြည့်နိုင်ပါတယ်။ Install ဆိုတာနှိပ်ကြည့်ပြီး Internal Storage က 0 MB ပြနေပြီး ဘာ files မှမတွေ့ရင် boot မလည်ဖို့ Magisk.zip ကို SD or OTG တွေကနေ တစ်ဆင့် ထည့်ပေးရတော့မယ်.. စသည်ဖြင့် သိနိုင် ပြင်ဆင်နိုင်ပါပြီ။ အဆင်ပြေပြီ.. လုပ်ရမယ့်ပုံစံတွေ သိပြီဆိုရင်တော့ အသေ flash ဖို့ Reboot -> Boot Loader ကိုရွေးပြီး fastboot mode ထဲဝင်လိုက်ကာ ကွန်ပျူတာကနေ flash တာလုပ်နိုင်ပါပြီ။ ဖြည်လို့ရတဲ့ Folder ထဲက FlashTWRP.bat file လေးကို Double Click နှိပ်ပေးရင်ပဲ အလိုအလျောက်ထည့်သွင်းတာကို လုပ်ပေးမှာပါ။ အသေးစိတ် ထည့်သွင်းပုံ အထာလေးတွေ သိထားရအောင် ဒါလေး [ –> How to Install TWRP & Root < — ] ကို အရင်ဖတ်လေ့လာပါ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ.. 🙂 

Leave a Reply

Your email address will not be published. Required fields are marked *