Press "Enter" to skip to content
Redmi Note 5 ( Whered ) TWRP with Cust
Thet Zaw Ko 1
Redmi Note 5 (Whyred) အတွက် TWRP ဖြစ်ပါတယ်။ China rom ကနေ Global rom ကို TWRP ကနေပဲ Recovery ROM Zip နဲ့တင်ရင် Cust partition ကို မ flash တဲ့အတွက် Region နေရာမှာ China တစ်ခုပဲနေတာ၊ Setup Wizard မှာပဲ China တစ်ခုပဲရွေးရပြီး boot ဆက်မတက်တော့တာတွေအတွက် Cust image ကို Flash ပေးနိုင်လို့ ROM type အချိန်းအပြောင်းလုပ်ချင်ရင် အဆင်ပြေပါမယ်။ Android 8 နဲ့ဖုန်း Model တွေဖြစ်နေပြီမို့ rom အချိန်းအပြောင်းလုပ်ရင် ARB (Anti Rollback Protection) လေးကိုတော့ သတိထားပေးပေါ့။ ကိုယ်တင်မယ့် MIUI Ver က Anti Rollback Protection ပါနေရင် ချိန်းနေလို့ အဆင်ပြေပါတယ်။ အကောင်းဆုံးကတော့ နောက်ဆုံး Version တွေကိုပဲ ချိန်းနေမယ်ပေါ့ခင်ဗျာ 😀 
  • TWRP အခုမှစသွင်းမယ်ဆို လိုအပ်ချက်တော့ သိတဲ့အတိုင်း Boot Loader Unlock လုပ်ထားရမည်ပေါ့။ ဘယ်လိုလုပ်လဲ သိချင်ရင် ဒါကို [ –> How to Unlock Boot Loader (Xiaomi) < — ] ဖတ်ပါ။ အခုနောက်ပိုင်း SMS Permission တောင်းတဲ့အဆင့်မလိုတော့တာ သတိထားမိပါတယ်။
  • ကျနော့် Blog မှာပေးထားတဲ့ TWRP တွေ ဘယ်လိုသွင်းတယ်ဆိုတာ မသိရင်၊ Auto or Manual ဘယ်လိုသွင်းသလဲဆိုတာတွေ ဒါကို [ –> How to Install TWRP & Root < — ]  ဖတ်ပါ။
  • Boot Loop မဖြစ်အောင် Magisk.zip flash ရာမှာ Internal ကနေလုပ်မရရင် ဘယ်လိုတွေ ထည့်ယူလို့ရတယ်ဆိုတဲ့ Idea ကို သည်မှာ [ –> Magisk Root <– ] ဖတ်ပါ။
Global ROM Cust, China ROM Cust images တွေထည့်ပေးထားပါတယ်။ မိမိမှာ Fastboot rom တွေဒေါင်းထားတာရှိရင် မလိုအပ်ပါဘူး။ အဲသည်ထဲက Images တွေပါပဲ။ မရှိရင်တော့ ဒေါင်းယူထားပေါ့။ Size က ROM Size လောက်မရှိပေမယ့် 500MB ဝန်းကျင်တော့ရှိပါတယ်။ ကွန်ပျူတာသုံးပြိး Fastboot mode ကနေ Flash ပေးစရာ မလိုဘူးပေါ့။
ROM ချိန်းချင်ရင် အသုံးပြုရမယ့်ပုံစံကတော့ China -> Global ဆို Global cust image ကိုဖုန်းထဲကူးထည့်ထား၊ Global -> China ဆို China cust image ကိုဖုန်းထဲကူးထည့်တား။ အောက်ပါပုံအတိုင်း Cust image ကို Flash ပေးပါ။
အထက်ပါအတိုင်း Cust image ကို Flash ပြီးရင် မိမိတင်ချင်တဲ့ Global rom or China rom ကိုတင်ပါ။ ပြိးရင် Magisk.zip ကို Flash ပါ ( ROM ပြန်တက်ချိန် Logo မရပ်အောင် )။ ပြီးရင် Reboot လုပ်နိုင်ပါပြီ။
TWRP ထဲကနေ အောက်ပါ partitions များကို backup လုပ်ထားဖို့ Support ပေးထားပါတယ်။
အောက်ပါ Links များကနေ လိုအပ်တာတွေကို Download ပြုလုပ်နိုင်ပါတယ်။
[ Download TWRP for Whyred ]
[ Google Drive ] or [ PCloud ]
[ Download Global Cust image (590MB) ]
[ Google Drive ] or [ PCloud ]
[ Download China Cust image (254MB) ]
[ Google Drive ] or [ PCloud ]
MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ.. 🙂 
  1. Seneca Seneca
Leave a Reply
Your email address will not be published. Required fields are marked *