Press "Enter" to skip to content

Magisk Root

Thet Zaw Ko 0

MIUI ROM မှာ ( သည် blog လေးက MIUI အတွက် အဓိက ထားထားတော့ MIUI ပေါ့ခင်ဗျာ 😀 အခြားဖုန်းတွေအတွက် Basic Idea ယူနိုင်ပါတယ်။ လုပ်နည်းလေးတွေ ကွဲချင်ကွဲမယ်ပေါ့.. ) Root access ရအောင် Magisk နဲ့ root မယ်ပေါ့ခင်ဗျာ။ သာမာန်အားဖြင့် root ဖို့က ရှင်းနေတာပါပဲ။ Boot Loader Unlock လုပ်မယ်။ TWRP သွင်းမယ်။ Magisk zip ကို flash မယ်ပေါ့။ 

သည်နည်းကို လုပ်တာကတော့ Magisk က system ပိုင်း modified တာ ဘာတစ်ခုမှမလုပ်တော့ OTA Update ကိုတင်လို့အဆင်ပြေမယ်ပေါ့။ ကိုယ်က နေရာအစုံ Zawgyi မြန်မာစာ မြင်ချင်တာမျိုးဆိုရင် Magisk module နဲ့လဲ အဆင်ပြေတယ်လေ။ (ကျနော့် blog ထဲမှာ Myanmar font magisk modules တွေ Share ပေးထားတဲ့ post ရှိပါတယ်။ သည်မှာပါ.. [ –> MM Zawgyi Fonts <– ]  ) အခြားသော အသုံးဝင် Magisk modules တွေလဲ အဆင်သင့်တွေရှိပါတယ်။ ကိုယ်လုပ်ချင်တဲ့ TWRP ကနေ flash ပေးရမယ့် Zip တွေကိုလဲ မိမိဖာသာ လေ့လာပြီး magisk zip modules ပြောင်းနိုင်တာပါပဲ.. စသည်ဖြင့်ပေါ့။ 

အခုအလုပ်ကိုလုပ်ဖို့ လိုအပ်တာတွေကတော့….

ဖုန်းက Boot Loader Unlock လုပ်ထားပြီးသားဖြစ်ရပါမယ်။ မလုပ်ရသေးဘူး လုပ်ချင်တယ်ဆိုရင် သည် blog ရဲ့ search box မှာ boot loader unlock လို့ရိုက်ရှာပြီး လုပ်နည်း Post ကိုဖတ်ပါ။

ကိုယ့်ဖုန်းမှာ Xiaomi USB Drivers တွေ တင်ထားပြီးသားရှိနေရပါမယ်။ တင်နည်းတွေကိုလဲ သည် blog ထဲက Boot loader unlock လုပ်နည်း post၊ Driver တင်နည်း post တွေမှာ ရှာဖွေဖတ်နိုင်ပါတယ်။

နောက်ထပ်လိုအပ်တာကတော့ TWRP image နဲ့ Magisk zip file လေးပါ။ ကျနော့် blog ထဲမှာ Xiaomi ဖုန်း တော်တော်များများအတွက်  TWRP တွေ တင်ပေးထားပါတယ်။ အဲသည်ထဲမှာတော့ လိုအပ်တဲ့ twrp image file, magisk zip files နဲ့ အခြားသော ကိုယ်အလုပ်လုပ်ချိန် ရှိရမယ့် adb, fastboot files လေးတွေ ပါပြီးသားပါ။ မိမိဖာသာ အခြားနေရာကနေ TWRP ကို ရှာရင်တော့ အလုပ်လုပ်လို့ရအောင် အခြားသော files လေးတွေပါ တစ်နေရာတည်းရှိနေရပါမယ်။ ကျနော့် TWRP Zip ထဲပါ Magisk က version နိမ့်နေလောက်ပါပြီ။ လောလောဆယ် Update ဖြစ်နေတဲ့ထိ သည်မှာတင်ပေးလိုက်ပါမယ်။ ကျနော့် TWRP Zip ထဲပါလာတဲ့ magisk နှစ်ခုကိုဖျက်ပြိး သည်ဟာလေးတွေထည့်လုပ်ပေါ့။  ဒါမှမဟုတ် Magisk သွင်းပြီးမှ ဖုန်းကို အင်တာနက်ဖွင့်ထားပြီး Magisk Manager ဖွင့်လိုက်ရင်လဲ သူ့ဖာသာ အလိုလို Update လုပ်ပေးတာတွေ လုပ်ပါတယ်။ 

Download Latest Magisk v16(1600) ( 2 Aug 2018 )

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]

Download Latest Magisk Manager app v5.8.3 (129) ( 2 Aug 2018 )

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]


  • လိုတာလေးတွေကို ကွန်ပျူတာမှာ Folder လေးတစ်ခုထဲမှာ စုထည့်ထားလိုက်ပါ။ ကျနော့် TWRP zip တွေဖြည်လိုက်ရင် လိုတာအကုန်ပါ Folder တစ်ခုရလာမှာပါ။ အဲသည်ထဲမှာ အဓိကရှိနေရမှာ TWRP image file, Magisk Zip file ပါ။ Magisk Manager apk ကတော့ Zip flash ပြီး ဖုန်း screen မှာ Magisk app icon ပေါ်မလာမှ ဖုန်းထဲကူးပြီး Install ပေးဖို့လိုတာပါ။ သာမာန်အားဖြင့်လဲ အမြဲလို ပေါ်ပါတယ်။ ဖုန်းထဲကိုတော့ Magisk zip လေးကူးထည့်ထားပါ။ SD ကတ်ရှိရင် SD ထဲလဲကူးထည့်။ SD ကတ်ကိုလဲ ဖုန်းထဲထည့်ထား။ OTG Device ရှိရင်လဲ ကူးထည့်.. စသည်ဖြင့် လိုအပ်တာ အကုန်ပြင်ဆင်ထားပါ။

  • Files တွေနဲ့လွတ်တဲ့နေရာတစ်ခုမှာ Shift Key + Mouse Right Click နှိပ်ရင် Shortcut menu တစ်ခုပေါ်လာပါတယ်။ အဲသည်ထဲက Open Command Window Here ကိုရွေးပါ။ Windows 10 Update ဖြစ်လွန်းတာတွေမှာတော့ Power Shell ဆိုပြီး ပေါ်ပါတယ်။ တူတူပါပဲ။ လုပ်လို့ရပါတယ်။

  • ဖုန်းကို Power Off ပါ။ ပြီးရင် Vol Down Key + Power Key ကိုတွဲပြီး ခပ်ကြာကြာလေးနှိပ်ထားလိုက်ပါ။ Mi Bunny အစိမ်းရောင်ပုံလေးပေါ်ပြီး Fastboot mode ကို ရောက်ပါမယ်။ ကွန်ပျူတာမှာနဲ့ဖုန်းကို USB Cable နဲ့ချိတ်ပါ။ ကွန်ပျူတာက ဖုန်းကို ကောင်းကောင်း သိနေသလားဆိုတာ fastboot devices ဆိုတဲ့ command ရိုက်ပြီး Enter နှိပ်ပါ။ Fastboot device တစ်ခုပေါ်လာရင် OK ပါပြီ။

  • ပြီးရင် TWRP ထဲကို boot ပါမယ်။ TWRP ကိုဖုန်းမှာ အသေမသွင်းပါ။ အသေသွင်းလိုက်ရင် boot.img ပျက်သွားပြီး OTA တင်တာလုပ်မရပါ။ ဒါကြောင့် Magisk ကိုသွင်းလို့ရအောင်လေး ခဏတာသာ boot တက်အောင်လုပ်ပါမယ်။ fastboot boot <twrp filename> ကို ရိုက်၊ Enter နှိပ်ပါမယ်။ TWRP file name က အရှည်ကြီးတွေဖြစ်နေလဲ ရှေ့ဆုံး လေးလုံးလောက်တူအောင်ရိုက်ပြီး TAB နှိပ်ရင် အကုန်အစုံပေါ်ပါတယ်။ ( TWRP ကို အသေသွင်းထားချင်ရင်တော့ fastboot flash recovery <twrp filename> ရိုက်ရင် ရပါတယ် )


  • ကွန်ပျူတာမှာ OKAY, Finished တွေပြသွားပြီးရင် ခဏလေးစောင့်နေလိုက်ပါ။ အချို့ TWRP တွေမှာ တစ်မိနစ်နီးပါးစောင့်ရပါတယ်။ ဖုန်းက အလိုလို TWRP ထဲရောက်မှာပါ။ သည်နေရာမှာ OKAY မပြရင်သာ error ဖြစ်တာပါ။ TWRP ထဲဖုန်းက မရောက်ပါ။ TWRP ထဲရောက်ပြီဆိုရင်တော့ စစချင်းမှာ Keep Read Only ဆိုတာကိုပဲနှိပ်ပြီး TWRP Home screen ဆီကိုသွားပါ။ မျှားလေးကို Swipe မလုပ်တာက ဖုန်းထဲက partitions တွေကို ဘာမှ ပြောင်းလဲတာမျိုး မလုပ်ချင်လို့ပါ။

  • TWRP Home screen မရောက်ခင် Password ထည့်ပါဆိုပြီးတောင်းလာခဲ့ရင်တော့ ကိုယ့် TWRP က Encrypted Data Partition ကို မဖတ်ပါ။ ဒါဆိုရင် Internal Storage မမြင်ပါ။ TWRP Home Screen က Install ဆိုတာနှိပ်လိုက်တာနဲ့ Name ဆိုတာ အောက်နားလေးက /sdcard ဆိုပြီးပြလို့ MIUI, Downloads စတဲ့ folder တွေမြင်နေရရင် Instorage ကို ဖတ်တယ်လို့ မှတ်နိုင်ပါတယ်။ Internal မသိရင်တော့  SD or OTG ထဲကနေ Magisk zip ကို flash တာလုပ်ပေးရပါမယ်။ ခုနောက်ပိုင်း TWRP ver 3.2 လောက်တွေမှာတော့ ဖတ်နေပါပြီ။ ကဲ.. သည်တော့ TWRP က Phone Internal Storage ကိုမြင်တယ်လို့ ယူဆလိုက်မယ်ဗျာ..။ အဲသည်အခြေအနေမှာ Install ပေးဖို့က လွယ်ပါတယ်။ အောက်ကပုံအတိုင်းလိုဝင်ပြီး Magisk zip လေး flash ပေးလိုက်ရုံပါ။ Swipe လုပ်ခါနီး အဘယ် check box ကိုမှ အမှန်ခြစ်ထားတာမလုပ်ပါ။


ကဲ.. သည်တစ်ခါ Internal Storage ကို မမြင်တဲ့အခြေအနေပေါ့။ ဒါဆိုရင်တော့ SD card or OTG device ထဲက Magisk zip ကို flash ပေးရပါတော့မယ်…။ 

  • အရင်ဆုံး SD card ဒါမှမဟုတ် OTG Device ကို Mount လုပ်ထားရဲ့လားဆိုတာ အောက်ပါပုံအတိုင်းစစ်ကြည့်ပါ။ Support ပေးတဲ့ TWRP တွေမှာ ဖုန်းမှာ SD or OTG ထည့်ထားတာနဲ့ တစ်ပါတည်း အမှန်ခြစ်ထားပြီး Mount ထားလေ့ရှိပါတယ်။ မ Mount ထားလဲ အမှန်ခြစ်ပေးလိုက်ပါ။ Mount ပြီးရင် Home နှိပ်ပြန်ထွက်ပါ။ အမှန်ပါခြစ်လို့မရတော့ အောက်မှာဆက်ဖော်ပြမယ့် ကွန်ပျူတာကနေ ထည့်ပေးလိုက်ဖို့နည်းပဲကျန်ပါမယ် 😀 

  • အထက်ပုံမှာ SD ရော OTG ပါ Mount နေတာပြတာက ကျနော်စမ်းချိန်းမှာ ဖုန်းမှာ နှစ်ခုစလုံး တပ်ထား၊ ထည့်ထားလို့ပါ။ ပြီးရင်တော့ အောက်ပါပုံအတိုင်း မိမိ Magisk zip file ရှိတဲ့ OTG or SD ကိုရွေးပြီး zip file ရှာ Install လိုက်ရင် ရပါပြီ။


  • နောက်ဆုံး Condition ကတော့ Internal Storage လဲမမြင်၊ SD or OTG တွေလဲ မမြင်တာပါပဲ။ အဲဒါမျိုးအတွက်တော့ ကွန်ပျူတာကနေပဲ adb sideload ကနေတင်ပေးတာပါ။ ထိပ်ဆုံးပိုင်းမှာပြောထားသလို ကိုယ့် files လေးတွေ ရှိနေတဲ့ folder မှာ Command Windows ဖွင့်ထားပါ။ ဖုန်းကို အောက်ပါပုံအတိုင်း adb sideload mode ထဲကိုဝင်ပါ။ ကွန်ပျူတာမှာချိတ်ပါ။

 

  • ကွန်ပျူတာကနေလဲ adb sideload device သိ မသိကို အောက်ပါအတိုင်းစစ်နိုင်ပါတယ်။ adb devices လို့ command ရိုက်၊ Enter နှိပ်လိုက်ပါက Sideload device တစ်ခုတွေ့ရင် အိုကေပါ။ ကျန်တာဆက်လုပ်လို့ရပါတယ်။

  • adb sideload <magisk zip file name> ကိုရိုက် Enter နှိပ်ရင် ကွန်ပျူတာမှာ file ကိုပို့နေတဲ့ % ပြပါမယ်။ ဖုန်းမှာက flash တာလုပ်နေပါမယ်။ ပြီးသွားရင် ဖုန်းမှာ Reboot ဆိုတာလုပ်လိုက်နိုင်ပါပြီ။ Adb Sideload ကနေ magisk zip flash တာ ပြီးဆုံးပါပြီ။


ဖုန်းပြန်တက်လာရင် Screen ပေါ်မှာ Magisk Manager app icon လေးတွေ့မှာပါ။ မတွေ့ရင်တော့ မိမိတို့ download လုပ်ထားတာထဲက Magisk Manager apk ကို ဖုန်းထဲမှာ Install လုပ်ပေးပါ။ အင်တာနက်ဖွင့်ထားပြီး Magisk Manager app ကိုဖွင့်ပါ။ Update အသစ်ပေးနေရင် Update လုပ်ဖို့လာပြောပါမယ်။ လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ Magisk Modules တွေထည့်တာ၊ root access လိုတဲ့ app တွေသုံးတာ၊ Systemless Xposed framework ထည့်တာ… စတာတွေကို လုပ်ဆောင်နိုင်ပါပြီ။


ကဲ.. OTA Update ရလာပါပြီ။ ဘယ်လိုလုပ်ပြီးတင်မလဲ….။ 

  • ပထမဆုံး အောက်ပါအတိုင်း Magisk ကို Uninstall လုပ်ပေးရပါမယ်။ Magisk က ဖုန်းမှာ ပြုပြင်ခြင်းလုပ်ထားတာ boot.img ကိုပါ။ ကျန်တာဘာမှမလုပ်ပါဘူး။ အဲဒါလေးလုပ်ပြီး root access ကိုယူထားတာပါ။ ပုံထဲကလို Uninstall လုပ်လိုက်ရင် original boot.img ကို restore ပေးလိုက်ပါပြီ။ အဲလိုဆို မူရင်း rom တင်ထားတဲ့အတိုင်းလို ပြန်ဖြစ်သွားပြီဖြစ်လို့ OTA Update တင်ခြင်းများကို လုပ်ဆောင်နိုင်ပါပြီ။

  • Original State ကို Restore လို့ပြီးရင်တော့ OTA Update ကိုလုပ်နိုင်ပါပြီ။ ပုံထဲမှာပြထားတာ OTA Update ပါ။ File Size လဲသေးပါတယ်။ Size မှာ GB တွေနဲ့ပြရင် Full rom လို့ယူဆနိုင်ပါတယ်။ Update ကို ဒေါင်းနေချိန်မှာလဲ file name ကိုသွားကြည့်ရင် OTA Update တွေမှာ blockota ဆိုတာ ပါပါတယ်။ Full rom name တွေမှာ အဲဒါမပါပါ။ အဲလိုကြည့်ပြီးလဲ ခွဲခြားနိုင်ပါသေးတယ်။


OTA Update လဲတင်ပြီးပြီ။ Magisk နဲ့ root access ရအောင် ဘယ်လိုပြန်လုပ်ယူမလိုဆိုရင်ကတော့ဖြင့်.. post အထက်မှာစခဲ့သလို TWRP ထဲကို boot ပြီး Magisk zip flash ခြင်းကိုပဲ ဆောင်ရွက်ရပါတော့မယ်။ 😀 😀 

ဘာပဲပြောပြော TWRP မထည့်ထားပဲ magisk လေးပဲထည့်လို့ root ထားခြင်းနဲ့ပဲလုပ်တာက file size သေးသေး OTA Update ကိုတင်နိုင်မယ်။ ဘယ် system ပိုင်းကိုမှ modified မလုပ်… မူရင်း encryption တွေမပျက်စေလို့ Google pay လိုမျိုးတွေ ပိုပြီး smooth ဖြစ်အောင်သုံးနိုင်မယ်.. စသည်ဖြင့် အကျိုးလေးတွေရနိုင်တာပေါ့။ TWRP အသေထည့်ပြီး မြန်မာစာအစုံမှန်အောင်လို့ font ချိန်းတာတွေလုပ်လိုက်ရင် modified ဖြစ်သွားပါပြီ။ အဲလိုဆို မူရင်း recovery.img ကို ပြန် flash ထည့်လဲ OTA Update နိုင်ဖို့ဆိုတာ မရတော့ပါ။ TWRP အသေထည့်ထားတာတွေက Custom ROM ( Customized MIUI တွေအပါအဝင် ) လိုမျိုးတွေ အမြဲသုံးချင်တာဆိုရင်တော့ လုပ်သင့်ပါတယ်။ 

Boot Loader Unlock ပြီးချိန် TWRP ကနေမဟုတ်ပဲ Magisk root ရအောင်လုပ်တဲ့ပုံစံကို သည် blog ထဲမှာရှိတဲ့ Mi A1 Guide Post နှစ်ခုကိုဖတ်ကြည့်ရင် လုပ်တတ်မှာပါ။ လုပ်ဖို့အတွက် boot.img ရှိရင်ရပါပြီ။ ကိုယ်တင်ထားတဲ့ rom ရဲ့ boot.img ကို ကိုယ်ဒေါင်းထားတဲ့ Recovery rom, Fastboot rom တွေဖြည်ထားပြီး အဲသည်ထဲကနေ ရယူနိုင်ပါတယ်။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂

Leave a Reply

Your email address will not be published. Required fields are marked *