Press "Enter" to skip to content

Mi A1 : Google Camera

Thet Zaw Ko 0

Mi A1 အတွက် Google Camera app လေးဖြစ်ပါတယ်။ သူ့မှာသုံးဖို့ GCam app တွေ တော်တော်များများရှိပါတယ်။ ကျနော်ကတော့ Manual Settings တွေလဲနားမလည်တော့ Point & Shoot ပဲအဆင်ပြေတဲ့၊ အမြဲလိုလိုလဲ Active ဖြစ်ပြီး Update လုပ်ပေးနေလေ့ရှိတဲ့ဟာကိုပဲ သုံးဖြစ်ပါတယ်။ Manual ကိုမှနှစ်သက်သူတွေအတွက်လဲ Manual Settings တွေချိန်ပြီး လိုသလို ရိုက်လို့ရတဲ့ GCam app တွေရှိပါတယ်။ ကျနော်တော့ နားမလည်တော့ မဒေါင်းဖြစ်ပါ။ စမ်းလဲ မစမ်းဖြစ်ပါ။ Selfie Portrait , LensBlur စတာတွေလဲ အဆင်ပြေပါတယ်။ Stock Camera ထက် အဲဒါပဲ ပိုသုံးဖြစ်ပါတယ် 😀 

လိုအပ်တာကတော့ ဖုန်းက Android 8 နဲ့ဖြစ်ရပါမယ်။ ထုံးစံအတိုင်းပေါ့.. Magisk နဲ့ Root ထားပြီးဖြစ်ရပါမယ်။ Magisk Module zip နှစ်ခုထည့်ပေးရပါမယ်။ တစ်ခုက Magisk root ထားရင် Camera app တွေဖွင့်ရင် ကြာတာပါ။ အဲသည် lag ဖြစ်တာလေးကို fix ပေးတဲ့ဟာပါ။ နောက်တစ်ခုကတော့ GCam ရဲ့ HDR+ ပုံတွေရိုက်ဖို့တို့အတွက် Camera2API ON တာ, OIS, EIS တို့ ON တာတွေအတွက်ပါ။ Magisk Module ထည့်တာ မခက်ပါ။ အောက်ပါပုံထဲကအတိုင်း Magisk Settings ထဲကသွားပြီး မိမိတို့ဖုန်းထဲကူးထည့်ထားတဲ့ Zip လေးတွေကို ရွေးပေး၊ Flash ပြီးရင် အမှန်ခြစ်ထား… ဖုန်းကို Reboot လုပ်.. အဲဒါဆို အဲသည် Module အလုပ်လုပ်နေပါပြီ။

App အနေနဲ့ Pixel Camera MOD နှစ်ခုထည့်ပေးထားပါတယ်။ နှစ်သက်ရာသုံးပါ။ All Fine ပါ။ OnePlus 5 Camera app လဲထည့်ပေးထားပါတယ်။ သူလဲ Stock ထက်ပို good တယ်လို့ ကျနော်ထင်တာပါပဲ။ 😀 

Camera Settings များကတော့ Xiaomi Forum က Photo Fan တစ်ယောက်ရဲ့ ခုလို Settings တွေအတိုင်းထားပေးပါတယ်။ မိမိနားလည်သလို ကလိထားနိုင်ပါတယ်။ ကျနော်က နားမလည်တော့ သူ့ Instruction လေးအတိုင်းပဲ လုပ်ထားပြီးသုံးနေတာပါ။ 😀 သူ့ Original Post ဖတ်ချင်ရင် သည်မှာ [ -> WORK BEST Camera App on our device! Better than Stock *Subjective <- ] ဖတ်နိုင်ပါတယ်။

Magisk ကနေ flash ထည့်ပေးဖို့ Module zips, Camera apps တွေကို အောက်ပါ link မှာ Download ပြုလုပ်နိုင်ပါတယ်။

Download

[Xiaomi Knowledge Cloud] or [Google Drive] or [PCloud]


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 

Leave a Reply

Your email address will not be published. Required fields are marked *