Press "Enter" to skip to content

BLU Tool USB Driver Fix

Thet Zaw Ko 1

သည် problem ကတော့ Boot Loader Unlock လုပ်ဖို့ Unlock Tool မှာ ဖုန်းကို detect မသိတာပါပဲ။ အရင်တုန်းကလဲ အခြား Mi Phone တွေချိတ်ပြီး BLU လုပ်ဖူးပါတယ်။ USB Driver တွေလဲ တင်ဖူးပြီးသားပါ။ အရင်က Firmware တွေလဲ သည် computer နဲ့ပဲရေးခဲ့တာပါပဲ။ အကုန်အဆင်ပြေတယ်။ အခု Unlock Tool နဲ့မှ ခုလို မသိဖြစ်နေတာ… စတဲ့ error ပေါ့ဗျာ။ 

Boot Loader Unlock tool ကလည်း နောက်ဆုံး Version နဲ့လုပ်မှ အဆင်ပြေပြေလုပ်ပေးတာပါ။ အခု သည် post ရေးချိန် ( 22 Feb 2018 ) ထိ နောက်ဆုံး version က V 2.3.803.10 ပါ။ V2.2 အောက်လောက်နဲ့သွားလုပ်ရင် Unknown လို့ပြပြီး ဘာမှလုပ်မပေးတော့ပါ။ 

သည်တော့ အရင်က Mi Ph တွေကွန်ပျူတာမှာချိတ်ပြီး အကုန်လုပ်ခဲ့လို့ အဆင်ပြေတယ်။ သည် Unlock Tool ver နဲ့မှ ဖုန်းကိုမသိဖြစ်နေတယ်ဆိုတာကို သည်လိုနည်းလေးနဲ့ဖြေရှင်းကြည့်ရအောင်ပါ။ သည်နည်းကို ကွန်ပျူတာမှာ အခုမှ Mi Ph နဲ့ချိတ်ပြီး BLU လုပ်တာကို အရင်စလုပ်မှာပါဆိုတဲ့ အချိန်ဆိုလဲ လုပ်လို့ရပါတယ်။ သည်နည်းရဲ့ အဓိကက USB Driver ကို Unlock tool နဲ့ကိုက်အောင်တင်ပေးတာပါ။ သည်လိုတင်ထားလိုက်ရင် BLU လုပ်လို့ရမယ်။ နောက်ပိုင်း fastboot mode ကနေ firmware ပြန်တင်တာအဆင်ပြေမယ်။ TWRP သွင်းတာလို လုပ်လို့ရမယ်။


အရင်ဆုံး လုပ်ရမှာကတော့ Boot Loader Unlock tool ကို download လုပ်ရမှာပေါ့။ ဒါက Unlock Permission တောင်းတဲ့အချိန်မှာလဲ download ဖို့ link ပေးပါတယ်။ သည် post ထဲမှာလဲ ဒေါင်းနိုင်ပါတယ်။ 

DOWNLOAD Boot Loader Unlock Tool ( V 2.3.803.10 – 50MB )

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]

Boot Loader Unlock tool က install လုပ်ပေးစရာမလိုပါ။ Zip file ကိုဖြည်ထားလိုက်ရင် ရပါပြီ။ ပြီးမှ သူ့ထဲက လိုအပ်တဲ့ file ကို run ခိုင်းတာမျိုးလုပ်တာပါ။ 

Unlock Tool မှာပါပြီးသားဖြစ်တဲ့ Xiaomi USB Driver ကို Install လုပ်ပေးပါ။

Driver installed တာပြီးပါပြီ။ Retesting ဆိုတဲ့ button လေးနှိပ်ပြီးလဲ Successfully ဖြစ် မဖြစ်  စမ်းသပ်နိုင်ပါတယ်။ 


ဖုန်းကို Fastboot mode ဝင်ပါ။ ကွန်ပျူတာမှာ USB Cable နဲ့တပ်ပါ။ ကွန်ပျူတာက USB ပေါက်မှာလဲ USB 2.0 အပေါက်မှာပဲတပ်ပါ။ USB 3.0 ပေါက်မှာ မထိုးပါနဲ့။  This PC -> Properties -> Device Manager ကို ဖွင့်ပါ။

Android Boot Loader Interface device ကို ရှာပါ။ သူ့ Properties ထဲဝင်ပါ။

Driver Provider, Driver Version, Driver Release Date တွေက အောက်ပါပုံအတိုင်း ဟုတ် မဟုတ် စစ်ပါ။ ဟုတ်ရင် OK ပါပြီ။

မဟုတ်ရင် အောက်ပါပုံများအတိုင်း Driver ကို မိမိဖာသာ Update လုပ်ပေးပါ။

ပြီးရင် Driver Provider, Driver Release Date, Driver Version တွေပြန်စစ်ပါ။

ဒါဆိုရင် Boot Loader Unlock tool latest version မှာ ဖုန်းကို Detect မသိဘူးဆိုတဲ့ အရာ အဆင်ပြေပါပြီ။ နောက်ထပ် Unlock tool ver အသစ်ထွက်လာရင် Driver version, Driver Release date နေရာတွေက သက်ဆိုင်သလို မြင့်လာရမှာပေါ့။ အဲလိုဆို အဆင်ပြေနေမှာပါပဲ။ မိမိကွန်ပျူတာက ဖုန်းပေါင်းစုံနဲ့ချိတ်၊ USB Driver ပေါင်းစုံတွေတင်ဖူး၊ လုပ်ဖူးပြီး Windows ကကြောင်လို့ အခုလို Xiaomi USB Driver ကို ပုံပါအတိုင်း install မရ၊ ဖုန်းကို ဘယ်လိုမှမသိဖြစ်နေရင်တော့ ဘာဖုန်းမှချိတ်မလုပ်ဖူးတဲ့ နောက်ထပ်ကွန်ပျူတာတစ်လုံးမှာသာ Unlock tool ဒေါင်း၊ Driver ထည့်ပြီးသာလုပ်လိုက်ပါတော့.. 😀 😀


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

  1. Kyauksir Kyauksir

    For me , just need to place this BLU tool folder in root directory ex; C/ or D/ . Just reporting ?

Leave a Reply

Your email address will not be published. Required fields are marked *