Press "Enter" to skip to content

TWRP Tip # Install & Root

Thet Zaw Ko 0

Boot loader unlock လုပ်ပြီးရင် TWRP သွင်းမယ်။ Root ရအောင်လုပ်မယ်ပေါ့ခင်ဗျာ..။

TWRP သွင်း .. Root ဖို့ အရင်ဆုံး အလုပ်ဖြစ်တဲ့ Boot Loader Unlock လုပ်ဖို့အတွက် သည် Post [ -> How to Unlock Boot Loader (Xiaomi) <- ] မှာဖတ်ပြီး Step by Step လုပ်သွားပါ။

ဖုန်းက fastboot mode မှာကွန်ပျူတာနဲ့ချိတ်ပြီး အလုပ်လုပ်နေဖို့ adb, fastboot drivers တွေတော့ ကွန်ပျူတာမှာတင်ထားဖို့လိုပါမယ်။  Boot loader unlock လုပ်ခဲ့တဲ့ကွန်ပျူတာမှာပဲ TWRP သွင်းဖို့လုပ်တယ်ဆိုရင်တော့ အရင်လုပ်ဖူးပြီမို့မလိုပါ။ ကွန်ပျူတာအသစ်မှာဆိုရင်တော့ Driver တင်ပေးဖို့လိုပါတယ်။ Driver တင်ဖို့အတွက် သည် post [ -> PC Driver Installation <- ] လေးကို နားလည်အောင်ဖတ်ပါ။

မိမိဖုန်း model အတွက် လိုအပ်တဲ့ TWRP ကို သည် Post [-> TWRP Collection of Xiaomi Devices <-] မှာ ဖတ်ပြီးရှာဖွေ download ယူနိုင်ပါတယ်။ 

File ရလာရင် zip ဖြည်ထားလိုက်ပါ။ ကျနော်စုပေးထားတဲ့ TWRP zip ထဲမှာ PDF File လေးတွေပါပါတယ်။ Manual command တွေရိုက်ထည့်ချင်သလား.. Bat file လေး Double click ပြီး auto ထည့်ခိုင်းသွားချင်သလား.. PDF တွေထဲမှာလဲ အရင်ဖတ်လေ့လာနိုင်ပါတယ်။ သည် post မှာတော့ Auto ထည့်တာကိုပဲပြောပါမယ်။


ဖုန်းကို Power ပိတ်၊ Power + Vol Down key ကို တွဲပြီး ခပ်ကြာကြာလေးနှိပ်ထားလိုက်ပါ။ Fastboot mode ရောက်သွားပါမယ်။ ရောက်သွားရင် ကွန်ပျူတာနဲ့ဖုန်းကို USB Cable နဲ့ဆက်ပါ။

TWRP Zip ဖြည်ထားတဲ့ထဲက FlashTWRP.bat ကို double click လိုက်ပါ။ နောက်က .bat ဆိုတာ မတွေ့လဲ အရေးမကြီးပါ။

Driver မှန်လို့ အကုန်အလုပ်လုပ်တယ်ဆို fastboot device တစ်ခုတွေ့တယ်ပြပါမယ်။ Enter နှိပ်ပါ။

TWRP ကို flash သွားပါလိမ့်မယ်။ ပြီးသွားရင် TWRP ထဲကို ဖုန်းက အလိုအလျောက်ဝင်ဖို့ Enter နှိပ်ခိုင်းပါမယ်။

နံပါတ်သုံးအဆင့်မှာ TWRP ထဲအလိုလိုရောက်ပါမယ်။ 

Boot loader unlock လုပ်ပြီး TWRP သွင်းရတဲ့ဖုန်းတွေမှာ TWRP ကို ကွန်ပျူတာကနေ ထည့်ခိုင်းပြီးတာနဲ့ TWRP ထဲ ချက်ချင်းဝင်ရတာပါပဲ။ မဝင်ပဲ ဖုန်းကို Reboot ရင် TWRP ကဖုန်းထဲရှိမနေပါ။  နံပါတ်သုံးအဆင့်မှာ command နဲ့အလိုလိုမဝင်ရင် ( မဝင်တဲ့ model ရှားပါတယ် ) မိမိဖာသာ keys တွေသုံးပြီး ဝင်နိုင်ပါတယ်။

  1. Power + Vol Up keys ကို တူတူတွဲပြီး ကြာကြာနှိပ်ထားလိုက်ပါ။
  2. Mi logo ပေါ်လာရင် Power ကိုလွှတ်ပါ။ Vol Up key ကိုတော့ TWRP ပေါ်လာချိန်ထိ နှိပ်ပေးထားလိုက်ပါ။

အချို့ TWRP တွေမှာ စဝင်ဝင်ချင်း Chinese language နဲ့ဖြစ်နေတတ်ပါတယ်။ အောက်ပါပုံအတိုင်း English Language ချိန်းတာလုပ်နိုင်ပါတယ်။


TWRP သွင်းပြီးတာနဲ့ TWRP ထဲမှာ လုပ်ဆောင်ပေးရမှာကတော့ ဖုန်းကို reboot လုပ်ရင် logo ရပ်မနေအောင်ပါ။ သည်အတွက် lazy flasher zip or Magisk zip ကို TWRP ထဲကနေ Flash ပေးနိုင်ပါတယ်။ ကျနော့် TWRP zip တွေထဲမှာ အဲသည် file တွေ အကုန်ပါပါတယ်။ ဖုန်းထဲကူးမထည့်ထားမိရင်လဲ TWRP ထဲဝင်နေတဲ့အချိန် ကွန်ပျူတာမှာ USB Cable နဲ့ချိတ်ထားရင် ဖုန်းထဲကို ကွန်ပျူတာကနေ ဖိုင်ကူးတာတွေ လုပ်နိုင်ပါတယ်။ မိမိလိုတာတွေ ဖုန်းထဲကူးထည့်နိုင်ပါတယ်။ ကွန်ပျူတာမှာ Storage တစ်ခုအနေနဲ့ ဖုန်းကပေါ်နေပါတယ်။

အောက်ပါပုံအတိုင်း Lazy Flasher zip or Magisk zip ကို TWRP ထဲကနေ flash ပါ။

နောက်တစ်ခုကြံ့ုနိုင်တာက Lazy flasher or Magisk zip ကို Flash ဖို့ဖုန်းထဲကူးထည့်ထားပေမယ့် file ရှာချိန် Internal Storage ထဲမှာ ဘာ file မှမတွေ့တာပါ။ အဲသည်အတွက်ကတော့ မိမိ flash မယ့် file ကို OTG Drive ထဲကူးထည့်ထားပြီး အဲသည် OTG ထဲကမှာရှာရွေးပေးပြီး flash ပါ။ အခုနောက်ပိုင်း TWRP တွေမှာ OTG Drive တပ်လိုက်တာနဲ့ TWRP ထဲမှာ အလုပ်လုပ်ပါတယ်။ OTG Drive တပ်ပြီး အောက်ပါအတိုင်း file ရှာရွေးပေး flash လိုက်ပါ။

 

နောက်ဆုံး အခြေအနေတစ်ခုဖြစ်နိုင်တာကတော့ OTG လဲမရှိ၊ ဖုန်းထဲမှာလဲ file ရှာမရလို့ Lazy Flasher or Magisk ကို Flash လို့မရတဲ့အနေအထားပါ။ အဲလိုဆို ကွန်ပျူတာကနေ adb side load နဲ့ မိမိလိုရာ zip ကို flash နိုင်ပါတယ်။ TWRP ထဲဝင်ထားချိန် ကွန်ပျူတာနဲ့ဖုန်းကို USB Cable နဲ့ချိတ်ထားပါ။ TWRP ထဲမှာ Adb Side Load mode ကနေ zip file flash ဖို့ အောက်ပါအတိုင်း အရင်ရွေးပေးထားပါ။

ဖုန်းဖက်က Ready ဖြစ်ရင်တော့ ကွန်ပျူတာမှာ TWRP zip file ဖြည်ထားတဲ့ Folder ထဲမှာ Command Windows ခေါ်ပါ။ အောက်ပါအတိုင်း CommandWindows.bat file ကို Double click နှိပ်ပြိး ဝင်နိုင်ပါတယ်။

CommandWindows.bat file မတွေ့ရင်တော့ TWRP zip ဖြည်ထားတဲ့ folder ထဲမှာ Files, Folder တွေနဲ့ mouse pointer လွတ်တဲ့နေရာမှာ Shift + Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu မှဝင်ပါ။ အောက်ပါပုံအတိုင်းပေါ့။ 

ပြီးရင် adb sideload lazy  ဒါမှမဟုတ် adb sideload magisk ဆိုတာရိုက်ပြီး TAB key နှိပ်နှိပ်ပေးရင် မိမိ flash မယ့် filename အစအဆုံး အကုန်ပေါ်လာပါမယ်။ ကိုယ်တိုင်အလွတ်ရိုက်ပေးစရာမလိုလှပါ။ zip file ဖြစ်နေဖို့ပဲ သေချာအောင် စစ်ပါ။ adb ရယ် sideload ရယ် zip filename ရယ်ကြားမှာ space တစ်ချက်စီခြားပါတယ်။

Zip filename မှန်ရင် ENTER နှိပ်ပါ။ Zip ကို flash သွားပါလိမ့်မယ်။

အခုဆိုရင် Lazy Flasher or Magisk zip ကို ဘယ်လိုအခြေအနေဖြစ်စေ flash ပေးတာ လုပ်ဆောင်နိုင်ပါပြီ။ အဲသည်ဟာ flash ဖို့ကျန်ခဲ့လို့ logo ရပ်နေတယ်ဆိုတာမျိုး မဖြစ်တော့ပါ။

 


Lazy Flasher or Magisk zip ကို Flash ပေးပြီးရင် TWRP ထဲကနေ ဖုန်းကို Normal Reboot ပြန်လုပ်နိုင်ပါပြီ။

Magisk zip ကို flash ခဲ့သူတွေကတော့ ဖုန်းပြန်တက်လာတာနဲ့ Magisk Manager app icon လေးပေါ်လာပြီး Root access ပါရပါပြီ။ Lazy Flasher zip ပဲ flash ခဲ့သူတွေကတော့ TWRP ထဲကိုတစ်ခါပြန်ဝင်ပါ။ Magisk Root လိုချင်ရင် Magisk zip ကို flash ပါ။ SuperSU root လိုချင်ရင် SuperSU zip ကို flash ပါ။ ကျနော့် idea ကတော့ SuperSU root လုပ်ချင်ရင် TWRP သွင်း.. Lazy Flasher zip ကို flash.. Reboot လုပ်.. ပြီးမှ TWRP ထဲပြန်ဝင်.. SuperSU zip ကို flash .. အဲလိုပဲလုပ်စေချင်ပါတယ်။ စစချင်းကတည်းက SuperSU zip ကို flash ခဲ့တာ မလုပ်စေချင်ပါ။


ဖုန်းတက်နေချိန် TWRP ထဲပြန်ဝင်ချင်ရင် Updater Settings ထဲကနေ ဝင်နိုင်ပါတယ်။

ဒါမှမဟုတ် ဖုန်းကို Shutdown Menu ပေါ်လာဖို့ Power ခလုပ် ကြာကြာလေးနှိပ်၊ Reboot ဆိုတာရွေးနှိပ်ပြီးတာနဲ့ Vol UP key ကိုသာ TWRP ထဲရောက်ချိန်ထိနှိပ်ထားပေးလဲ TWRP ထဲဝင်တာပါပဲ။ 

 

ဒါမှမဟုတ် ဖုန်းက ပုံမှန်မတက်နိုင်ချိန်မျိုးမှာ TWRP ထဲဝင်ချင်တာဆိုရင်လဲ အထက်နားမှာပြောခဲ့သလို Power + Vol UP keys တွေနှိပ်ဝင်တဲ့နည်းကို သုံးနိုင်ပါတယ်။ TWRP ရှိနေသမျှ အဲသည်လိုဝင်လဲရပါတယ်။


Lazy Flasher or Magisk zip ကို flash ဖို့ ဖုန်း Internal Storage ထဲ file ရှာမရတာမျိုးကြုံခဲ့တဲ့ TWRP တွေမှာတော့ နောက်နောင် မိမိ flash ချင်ရာ zip မှန်သမျှ error ကင်းကင်း flash နိုင်ဖို့ TWRP ထဲမှာ Format Data လုပ်ပေးဖို့လိုပါမယ်။ အဲသည်လိုလုပ်တာ Data အကုန်ပျက်ပါတယ်။ သည်တော့ TWRP သွင်းပြီး၊ Logo မရပ်အောင် Lazy Flasher or Magisk zip တွေ flash ပြီး ဖုန်းက ပုံမှန်လိုဖြစ်နေပြီဆိုရင်တော့ မိမိ data တွေကို ကူးသိမ်းထားဖို့ လုပ်ပါ။ ပြီးမှ TWRP ထဲဝင်ပြိး Format Data လုပ်ပေးပါ။ ဒါဆို နောင်အချိန်မှာ မိမိဖုန်းမှာ TWRP ထည့်ထားပြီး မိမိ flash ချင်တဲ့ zip မှန်သမျှ အဆင်ပြေပြေ Flash နိုင်ပါပြီ။


အခုဆိုရင်တော့ TWRP သွင်းမယ်။ Logo မရပ်အောင် လုပ်မယ်။ လိုအပ်ရင် Format Data လုပ်မယ်။ Root Access ရအောင် Magisk or SuperSU zip ကို flash မယ်.. စတာတွေကို နားလည်သဘောပေါက်လောက်ပါပြီ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂

Leave a Reply

Your email address will not be published. Required fields are marked *