Press "Enter" to skip to content

TWRP Tip # Flashing Official ROM

Thet Zaw Ko 3

ဖုန်းမှာ TWRP သွင်းထားတယ်။ Xiaomi က ထုတ်ထားတဲ့ Official ROM zip တွေ flash ဖို့ကြုံလာပြီ။ ဘယ်လိုအခြေအနေမှာ ကြံ့ုလာမလဲ။ ကိုယ့် Data တွေ၊ App တွေပျက်မှာလား.. စတာတွေနဲ့ပတ်သက်လို့။

Condition ONE : MIUI Version Update လုပ်ချင်တာပါ။ TWRP သွင်းထားရင် MIUI Update ပေးတဲ့အချိန်မှာ Updater မှာပေါ်လာတာကို Update ခိုင်းလိုက်လို့ အဆင်မပြေတတ်ပါ။ Full ROM Zip ကို မိမိဖာသာ download လုပ်ပြီး မိမိဖာသာ TWRP ထဲကနေ Install လုပ်ပေးပြီး မြှင့်ရပါမယ်။ ZCX TWRP လို OTA Update လုပ်ပေးနိုင်တာတွေလဲရှိပါတယ်။ ဖုန်းတိုင်းအတွက်လဲ Support မလုပ်လို့ ခြွင်းချက်သာထားလိုက်ပါ။ Full ROM Zip download ပြီး မြှင့်လိုက်တာက ပိုကောင်းပါတယ်။ သည်လိုမြှင့်လိုက်တဲ့အတွက် မိမိဖုန်းထဲမှာ ဘာမှပျက်တယ်ဆိုတာ မရှိပါ။ ဘာမှမပျက်ဆိုတာလုပ်ဖို့နားလည်ထားရမှာက မိမိတို့ဖုန်းမှာ လက်ရှိတင်ထားတာ ဘာ ROM လဲဆိုတာပါ။ China Stable MIUI 9.1 တင်ထားတယ်။ China Stable MIUI 9.2 ထွက်လာလို့ ROM download လုပ်ပြီး TWRP ကနေမြှင့်တယ်။ OK ပါတယ်။ ထို့နည်းတူ Global Stable MIUI 9.0 ကနေ Global Stable MIUI 9.2 ကိုမြှင့်တယ်။ OK ပါတယ်။ China Developer to China Developer version အမြင့်၊ Global Developer to Global Developer version အမြင့်… စတဲ့အခြေအနေတွေဆို အဆင်ပြေပါတယ်။ ဘာမှမပျက်ပါ။

Condition TWO : မိမိက ဖုန်းမှာ TWRP ထည့်ထားပြီး ကွန်ပျူတာမလိုပဲ ROM အမျိုးအစားတွေ အမျိုးမျိုးကို ချိန်းချင်တဲ့အချိန် အမြန်ချိန်းနိုင်အောင် လုပ်ချင်တာပါ။ ဥပမာ China Stable rom တင်ထားတယ်။ Global rom သုံးချင်လို့ Global Stable rom ပြောင်းချင်တယ်။ သုံးနေရင်းမှ မကြိုက်ဘူး China Developer (Beta) ကို ပြန်တင်သုံးချင်တယ် စတာမျိုးတွေ…။ MIUI 8 လောက်မှာပဲရှိနေရာကနေ MIUI 9 တင်ချင်တယ်။ MIUI 9 ကနေ MIUI 8 လောက်ပြန်ဆင်းချင်တယ်.. စတဲ့ MIUI Major version ကိုပါ တက် ဆင်း လုပ်ချင်တာမျိုးတွေ…။  MIUI 7 to 8 to 9 လို Major versoin မြှင့်တာမျိုးတွေက Condition ONE နဲ့အကျုံးမဝင်ပါ။ MIUI 9.2 ကနေ MIUI 9.1 လောက်ပြန်ဆင်းတာလဲ သည် Condition TWO နဲ့လုပ်ရမည့်နည်းထဲပဲ အကျုံးဝင်ပါတယ်။ သည် နံပါတ် TWO လိုအတွက်ကတော့ ဖုန်းထဲရှိတာတွေ အကုန်ဖျက် ( Full Wipe ) လုပ်ပြီးမှ တင်ပေးရမယ်။ အဲဒါမှ ဖုန်းသုံးလို့အဆင်ပြေပါမယ်။ သည်အတွက်ကြောင့် မိမိတို့ Data တွေပျက်ပါမယ်။ 

Condition THREE : System ပိုင်းဆိုင်ရာ ပြောင်းလဲပေးတဲ့ zip တွေ flash ပြီး မိမိလုပ်နည်းအဆင့်မှားလို့ ဖုန်းက ပြန်တက်တော့တဲ့ အခါမျိုးတွေမှာ rom ပြန် flash တာပါ။ 


ဘာပဲဖြစ်ဖြစ် TWRP ထဲကနေ flash ဖို့ Full ROM Zip ကို Download ပြုလုပ်ရတော့မှာပါပဲ။ Official Xiaomi ROM ဆိုတာ အောက်ပါပုံထဲမှာပြထားသလို Browser နဲ့ Xiaomi forum မှာ Download Page ကို link ဝင်ပြီး ကိုယ့်ဖုန်း Model ကိုရွေးလို့ ပေးထားတဲ့ ROM တွေကို download လုပ်တာပါ။ Recovery ROM လို့ခေါ်ပါတယ်။ Full rom zip , Recovery rom zip စသည်ဖြင့်လဲ ပြောကြပါတယ်။ Official ROM Download page ကို Browser ကနေဝင်ချင်ရင် သည် Link [ -> Xiaomi Official ROM Download <- ]  ကို နှိပ်ဝင်ပါ။ 

ကိုယ့်ဖုန်း Model ရှာနှိပ်ဝင်ပါ။ Mi Max အတွက် နမူနာပြပါမယ်။ Mi Max က RAM/ROM အနေနဲ့ 2/16, 3/32 ဆိုပြီး Mi Max ဆိုတဲ့နာမည်နဲ့ရယ် RAM/ROM အနေနဲ့ 3/64, 4/128 ဆိုပြီး Mi Max Prime ဆိုတဲ့နာမည်ရယ်ဆိုပြီး အကွဲနှစ်ခုရှိတယ်ဆိုတာ မိမိဖုန်းနဲ့ပတ်သက်ပြီး Knowledge ရှိတားရပါမယ်။ သည်ဖုန်းက China rom ရော Global rom ပါ နှစ်မျိုးလုံးထွက်တယ်ဆိုတာ Knowledge ရှိထားရပါမယ်။ ဒါမှ မိမိဖုန်း Model အမှန်၊ တင်ချင်တဲ့ ROM အမှန်ကို ရှာဖွေ download ပြုလုပ်နိုင်မှာပါ။

အောက်ပါပုံမှာကြည့်ပါ။ လိုင်းအစိမ်းတားထားတဲ့ နေရာလေးတွေမှာ မိမိဖုန်း Model အမှန်၊ ဒေါင်းချင်တဲ့ rom အမှန် (China or Global) ဆိုတာအရင်ရွေးပါ။ ပြီးမှ အောက်မှာပေါ်လာတဲ့ ROM Download ဖို့နေရာကမှ Stable ROM ဒေါင်းချင်တယ်ဆို လိမ်မော်ရောင်အကွက်ထဲကဟာရဲ့ ၊ Developer (Beta) rom ဒေါင်းချင်တယ်ဆို အပြာကွက်ထဲကဟာရဲ့ Download Full ROM ဆိုတာနှိပ်ဒေါင်းပါ။ ပန်းရောင်လိုင်းတားပြထားတဲ့နေရာမှာ Stable rom ဆို MIUI Version၊ Develper rom ဆို နောက်ဆုံး Release Date နဲ့ Version တို့ကိုကြည့်နိုင်ပါတယ်။ Stable ROM, Developer ROM ဆိုတဲ့ခေါင်းစဉ်အောက်က Older Versions ကိုနှိပ်ရင် အရင်ထွက်ခဲ့တဲ့ Version တွေ ပြလာပါမယ်။ အနိမ့်ပြန်တင်ချင်ရင် အဲသည်လို ရွေးပြီးမှ ဒေါင်းနိုင်ပါတယ်။


Condition ONE

ဥပမာ Global Stable MIUI 9.0 သုံးနေရာကနေ Global Stable MIUI 9.2 Update ပေးပြီမို့ 9.2 ကို တော့ download လုပ်ခဲ့ပြီ။ TWRP နေမြှင့်တော့မယ်။ ROM ကတော့ ဖုန်းထဲမှာကူးထည့်ထားရမှာပေါ့။ Official ROM တွေကို Flash ပြီးတာနဲ့ သည်တိုင်း Reboot လုပ်လိုက်ရင် Logo ရပ်တာမို့ အဲလိုမဖြစ်အောင် လုပ်ပေးမယ့် Lazy Flasher Zip or Magisk Zip လဲဖုန်းထဲကူးထည့်ပေးထားပါ။ ပြီးရင်တော့ TWRP ထဲဝင်ပါ။ အောက်ပါပုံအတိုင်းသာ ROM zip ကို ရွေးပေးပြီး Install လိုက်ပါ။

ROM zip flash ပြီးရင် Reboot မနှိပ်ပါနဲ့။ Home button နှိပ်ပြီး TWRP Home ကိုပြန်သွားပါ။ Lazy Flasher zip or Magisk Zip ကို flash ပါ။ Logo မရပ်အောင်အတွက်ပါ။ Magisk ကို Flash ရင် Root Access ရပြီးသားဖြစ်တာပေါ့။ Lazy Flasher ပဲ flash ခဲ့ရင် ဖုန်းတက်သွားပြီး အားလုံးအဆင်ပြေမှ TWRP ထဲပြန်ဝင်ပြီး SuperSU Zip flash ပြီး Root Access ယူတာလုပ်ပေါ့။

ပြီးရင် Reboot နိုင်ပါပြီ။ MIUI Update ဆိုတာလဲ လုပ်ပြီးဖြစ်ပါပြီ။ ဖုန်းထဲရှိ ဘာ Data မှလည်း မပျက်ပါ။


Condition TWO

သည်ဟာက ROM Type မတူတာတင်တာ ( China vs Global, Stable version vs Developer version )၊ MIUI Version အမြင့်ကနေ အနိမ့်ဆင်းတာ၊ MIUI Major version အတက် အဆင်းလုပ်တာ.. စသည်ဖြင့်။

ဖုန်းထဲမှာ ROM Zip ကူးထည့်ထားပါ။ Logo မရပ်အောင် လုပ်ပေးမယ့် Lazy Flasher Zip or Magisk Zip ကို ထည့်ထားပါ။ အောက်ပါပုံအတိုင်း TWRP ထဲဝင်ပြီး အကုန်ဖျက် ( Full Wipe ) ပါ။

Wipe ပြီးရင် Home key နှိပ်.. TWRP Home ကိုပြန်သွား။ အောက်ပါအတိုင်းရွေးပြီး TWRP ထဲ reboot ပြန်လုပ်ပါ။ တစ်ခါတလေ TWRP ထဲပြန်မဝင်ပဲ logo မှာ ရပ်နေတတ်ပါတယ်။ သည်အတွက် Reboot မယ်လို့ နောက်ဆုံး Swipe ပြီးတာနဲ့တစ်ပြိုင်နက် Vol Up key ကို TWRP ပြန်ပေါ်လာချိန်ထိသာ နှိပ်ထားပေးလိုက်ပါ။ Timing ကိုက်ပေါ့။ ဒါမှမဟုတ် logo ရပ်နေရင် Power  + Vol up နဲ့ manual ပြန်ဝင်ပေါ့။

TWRP ထဲပြန်ရောက်လာပြီဆိုရင်တော့ Condition ONE လုပ်နည်းအတိုင်းပါပဲ။ ROM Zip Flash, Logo မရပ်ရအောင် Lazy Flasher Zip or Magisk Zip Flash, Reboot ပါပဲ။

Home Key နှိပ်လို့ TWRP Home ထဲပြန်ဝင်….။


Condition THREE

ဒါကတော့ မိမိကလိလွန်လို့ ဖုန်းပြန်မတက်တာကို ပြန်တင်ဖို့နည်းပါ။

  1. မိမိဖုန်းမှာက Global Stable MIUI 9.0 သုံးနေရင်း မတက်တော့တာဆိုပါစို့။ Global Stable MIUI 9.0 or သူ့ထက်မြင့်တာရှိနေရင် 9.1, 9.2 စသည်ဖြင့် Rom ပြန်ဒေါင်းပါ။ ဖုန်းလဲပြန်တက်၊ Update လဲလုပ်ပြီးဖြစ်တာပေါ့။ မူရင်း 9.0 ပဲတင်ချင်တယ်ဆိုလဲ သဘောပါ။ သူ့ထက်နိမ့်တာတော့ Data မပျက်တင်ဖို့ အဆင်မပြေနိုင်ပါ။ ပြီးရင်တော့ လုပ်နည်းက Condition ONE က လုပ်နည်းအတိုင်းပါပဲ။
  2. မိမိတင်ချင်တဲ့ Rom အမျိုးအစားနဲ့ MIUI Version ကိုတင်မယ်ဆိုရင်တော့ ကိုယ်တင်ချင်တာဒေါင်းပါ။ ပြီးရင် လုပ်နည်းကတော့ Condition TWO မှာလုပ်ခဲ့တဲ့နည်းပါပဲ။ တင်ချင်ရာ တင်မှာဖြစ်လို့ Data မပျက်တင်ဖို့အဆင်မပြေပါ။

သည်လောက်ဆို TWRP ထည့်ထားပြီး ကိုယ် ဘယ် ROM ကိုတင်ချင်ရင် ဘယ်ပုံစံနဲ့လုပ်ယူလို့အဆင်ပြေတယ်ဆိုတာမျိုးလေးတွေ သဘောပေါက်နားလည်လောက်ပါပြီ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

  1. Yemyat Yemyat

    ကျေးဇူးပါဆရာ

  2. Thiha Naing Thiha Naing

    အကိုရေ TWRP ဝင်တာမှာ Decrypt Data မှာ ဖုန်းlock screen passwordရိုက်တာမှားနေတယ်ပဲပြောနေတယ်
    Twrp internal storageကလဲ 0MBပဲဖြစ်နေတယ် ကူညီပါအုန်း

    • Thet Zaw Ko Thet Zaw Ko

      lockscreen password ကို pin, password ထားပြီးထည့်ကြည့်ရင်အဆင်ပြေနိုင်ပါတယ်.. မရရင်တော့ twrp ထဲကနေ format data လုပ်ပေးဖို့ပဲရှိပါမယ်.. အဲလိုဆိုရင်တော့ data တွေ ပျက်မယ်ပေါ့

Leave a Reply

Your email address will not be published. Required fields are marked *