Press "Enter" to skip to content

TWRP TiP #Flashing Custom ROM

Thet Zaw Ko 0

ဒါမျိုးကတော့ Face Unlock feature သုံးချင်လို့ MIUI Pro ကိုတင်ချင်တယ်။ BLU လုပ်၊ TWRP သွင်းပြီးမှ TWRP ကနေတင်ရမှာဆိုလို့လည်း လုပ်ပြီးပြီ။ အဆင်ပြေအောင် ဘယ်လိုတင်မလဲ။ Pixel ROM လေးကကောင်းတယ်ဆိုလို့ တင်သုံးတယ်။ RR Rom ကို Feature စုံလို့ တင်ချင်တယ်.. စသည်ဖြင့်လုပ်ချင်တာမျိုးတွေအတွက်ပါ။ Custom ROM ဆိုတာ Rom develop လုပ်ဖို့ဝါသနာပါတဲ့ Developer တွေက သူတို့လုပ်ချင်တဲ့ ဖုန်း model အတွက် လုပ်ထားတာမို့ သူများသုံးတိုင်း ငါလည်းသုံးလို့ရမယ်။ တင်လို့ရမယ်တော့ မမှတ်စေချင်ပါ။ ဘယ်ဖုန်းအတွက် လုပ်ပေးထားတာလဲ သေချာနားလည်အောင် တင်ပေးသူရဲ့ Description ကို ဖတ်ပါ။

သည် post မှာတော့ ပုံတွေ အသေးစိတ်မပြတော့ပါဘူး။ အရင်တစ်ခါတင်ပြီးဖြစ်တဲ့ Official ROM Flash တဲ့ Tip post ထဲကနေ ဘယ် Condition နဲ့ကိုက်တယ်ဆိုတာပဲပြောပြပါမယ်။ အဲသည် Post က Condition အတိုင်း လုပ်ပေးလိုက်ရုံပါ။ အတူတူပါပဲ။

Custom ROM တွေကို TWRP ကနေတင်တာကတော့ သည် Post [ -> TWRP Tip # Flashing Official ROM <- ] ထဲက Condition TWO အတိုင်းပဲ အကုန်ဖျက် ( Full Wipe ) လုပ်ပေးပြိးမှ တင်တာ အကောင်းဆုံးပါပဲ။ Custom ROM တွေတင်မယ်ဆို အမြဲတမ်း သည် Condition TWO ပါပဲ။ သည်တော့ မိမိတို့ Data တွေ Backup ထားဖို့ အမြဲလိုမယ်ပေါ့။  Custom ROM တွေ တင်ရင် Condition TWO အတိုင်း Full Wipe ပြီးမှ Clean တင်တာ သုံးရတာပိုမိုအဆင်ပြေစေပါတယ်။

Custom rom တွေထဲမှာ MIUI Pro, Multi ROM, Xiaomi.EU, Globe ROM, MIUI MS… စသည်ဖြင့် Xiaomi ရဲ့ MIUI ROM ကို ပဲ customized လုပ်ထားတဲ့ Customized MIUI ROM တွေရှိပါတယ်။ အဲဒါတွေကတော့ Xiaomi က MIUI Update တိုင်း Update လုပ်ပေးတတ်သည်မို့ မိမိက MIUI Pro တင်သုံးထားတယ်ဆို MIUI Pro version အမြင့်ထွက်လာလို့တင်ချင်တယ်ဆို သည် Post [ -> TWRP Tip # Flashing Official ROM <- ] ထဲက Condition ONE နည်းအတိုင်း Data မပျက် မြှင့်တင်ပေးသွားလို့ အဆင်ပြေပါတယ်။ MIUI Pro အနိမ့်ပြန်ဆင်းမယ်ဆိုရင်ကတော့ Full Wipe (Data ပျက်) တင်ရုံပါပဲ။ သူတို့တွေလဲ Xiaomi Official ROM တွေလို Developer Version, Stable Version ဆိုတာမျိုးတွေရှိလို့ တင်ချင်ရာကို Official rom တွေ ရွေးချယ်ဒေါင်းသလိုပုံစံစဉ်းစား.. တင်ပုံတင်နည်းလဲ အဲသည် idea အတိုင်းစဉ်းစားတင်ပေးရပါမယ်။

Custom rom တွေတင်ရာမှာ Logo မရပ်အောင် Lazy Flasher Zip flash တာမျိုးလုပ်ပေးစရာမလိုပါ။ သူတို့က boot.img ကို patch လုပ်ပြီးသားတွေဖြစ်လို့ logo မရပ်ပါ။ Flash ပေးလိုက်လဲ ဘာ error မှမဖြစ်ပါ။ Root အတွက်လဲ SuperSU, Magisk တို့ပါပြီးသားဖြစ်ပါတယ်။ မပါရင်လဲ မိမိဖာသာ Flash ပေးပေါ့.. 😀 😀 


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

Leave a Reply

Your email address will not be published. Required fields are marked *