Press "Enter" to skip to content

MIUI Tip #MIUI Myanmar Zawgyi Font

Thet Zaw Ko 6

ကျနော့်ရဲ့ သည် blog ထဲမှာ MIUI ROM တွေမှာ မြန်မာစာ ( Zawgyi font ) နဲ့ပတ်သက်လို့ Theme font အနေနဲ့သုံးတာတွေ၊ TWRP, Root တွေနဲ့ system font အနေနဲ့ချိန်းသုံးတာတွေ တော်တော်များများရေးခဲ့ပါတယ်။ သည်ဟာကတော့ Short to the point ပေါ့ဗျာ။ အဓိကက ဘယ်လိုလုပ်ထားရင် ဘယ်လိုဖြစ်မယ်။  စာမမှန်တော့ဘူးဗျ ဆိုပြီးဖြစ်လာရင် ဘာကြောင့်၊ ဘယ်လိုလေးပြန်လုပ်လိုက်ရင်ရပြီ.. စတဲ့ idea လေးတွေကို သိထားစေချင်တာပါ။ အခုဖော်ပြတဲ့နည်းလေးတွေဟာ အခု post ရေးချိန် MIUI 9.2 အထိ ( Stable ver ROM များအတွက်ဆိုလိုပါသည်။ Developer ROM များမပါပါ။ Beta rom တွေအတွက်က ရမယ် မရဘူး ပုံသေပြောမရပါ။ ) ဘယ်လိုလုပ်လုပ် အဆင်ပြေပြေဖြစ်နေတာလေးတွေပါ။ တစ်ကြိမ်လုပ်ထားပြီးရင် အဆင်ပြေပါပြီ။ စက်ပိတ်လိုက်တာ မြန်မာစာမမှန်ဖြစ်သွားတယ်ဆိုတာမျိုးတွေ မဖြစ်ပါ။


CHINA ROM

ပထမဆုံးက China ROM သုံးသူတွေအတွက်။ ဆိုင်ကဝယ်လာရင် သည် rom တွေနဲ့ပဲရလာတာပိုများမှာပါ။ China rom ကိုတင်ထားတယ်။ Mi Account လုပ်ပြီး ဖုန်းမှာဝင်ထားတယ်ဆို Xiaomi Theme Store ထဲကနေ Myanmar font တစ်ခု download ပြုလုပ်ပြီး သုံးနိုင်ပါတယ်။ Mi Account ဝင်မထားရင်မရပါ။ အောက်ပါပုံလေးတွေအတိုင်း အင်တာနက်ဖွင့်ထားပြီး Themes app ထဲမှာ ရှာထည့်ပေးလိုက်ပါ။


GLOBAL ROM

Mi phone Official ဖြန့်ချီခွင့်ရတဲ့ company ကသွင်းတဲ့အလုံးတွေကို ဝယ်လာသည်ဖြစ်စေ၊ မိမိဖာသာ China rom ကနေ Global rom ကို ပြောင်းထားသည်ဖြစ်စေ၊ Myanmar Zawgyi Font အတွက် သည်နည်းက တရားဝင် အဆင်ပြေဆုံးဖြစ်ပါတယ်။

အရင်ဆုံး စစ်ဆေးရမှာက Settings –> Additional Settings –> Region နေရာမှာ Myanmar (Burma) ရွေးပေးထားဖို့ပါ။

Region ရွေးပေးထားပြီးပြီဆိုရင်တော့ အောက်ပါအတိုင်း ZawgyiX1 ကိုရွေးပေးထားပြီးသုံးလိုက်ပါ။ အဆင်ပြေပါတယ်။


နောက်ဆုံးတစ်နည်းကတော့ ဘယ် ROM ပဲဖြစ်ဖြစ်ရပါတယ်။ Mi Account ဝင်ထားတာ၊ မဝင်ထားတာ သိနေစရာမလိုပါဘူး။ အခု post ကိုရေးနေချိန် MIUI 9.2 အထိအကုန်အဆင်ပြေနေပါတယ်။ Developer rom တွေတင်သုံးရင်တော့ 8.1.11 ရက်ထုတ်မတိုင်မှီတွေထိပဲ အဆင်ပြေနိုင်ပါတယ်။ နောင် MIUI version ဆက်မြင့်လာရင် အဆင်ပြေ မပြေ မပြောတတ်သေးပါ။ သည်နည်းက xiaomi ရဲ့ official support နည်းမဟုတ်လို့ပါ။ အထက်မှာပြောခဲ့တဲ့နှစ်ခုကတော့ official နည်းဖြစ်လို့ အမြဲအဆင်ပြေနေမှာပါ။

အခုနည်းကတော့ Google Play Store ကနေ TTA Mi Font ကို install လုပ်ထားလိုက်ပြီး သူ့ထဲမှာပါတဲ့ myanmar font 30 ကျော်လောက်ထဲက မိမိစိတ်ထဲ လှမယ်ထင်တာလေးတွေ ချိန်းသုံးနေတာပါ။ TTA Mi Font app ကို Play store ကနေရှာဒေါင်းထည့်ထားလိုက်ပါ။

ပြီးရင် TTA app ကိုဖွင့်ပြီး သူ့ထဲပါတဲ့ font တွေထဲက မိမိစိတ်ကြိုက်ရာကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ။ နောင် MIUI Version ဆက်မြင့်လာလို့ TTA နဲ့အဆင်မပြေတော့ဘူးဆိုလဲ အဆင်ပြေရာနည်းလမ်းလေးတွေ ဆက်ထွက်လာပါလိမ့်မယ်.. စိတ်မပူပါနဲ့ 😀 😀 

MIUI 9.5 မှာ အထက်ဆုံးမှာဖော်ပြခဲ့နည်းနှစ်ခုကတော့ Official မို့ အဆင်ပြေဆဲ ပြေနေမှာပါ။ မိမိဖာသာ အခြား font ပေါင်းစုံထည့်သုံးချင်ရင် သည်နည်းနဲ့ try ပြီးထည့်နိုင်ပါတယ်

အထက်ပါနည်းတွေနဲ့ မြန်မာစာထည့်ထားခဲ့ရင် စက်ပိတ်လို့ပျောက်သွားတယ်ဆိုတာမျိုးလဲမရှိတော့ပါ။ MIUI Update လုပ်လို့ပျောက်သွားလဲ အထက်ဖော်ပြပါနည်းတွေထဲက မိမိအဆင်ပြေရာ တစ်ခုပြန်လုပ်ထားလိုက်ရင် အဆင်ပြေပါပြီ။ ပုံမှန်သုံးနေချိန် မြန်မာစာမမှန်ဖြစ်သွားတတ်တာက Themes တွေချိန်းတဲ့အချိန် ပေါ်လာတဲ့ Box မှာ Not Now ဆိုတာမရွေးပဲ Reboot လုပ်လိုက်တာကြောင့်ပဲဖြစ်ပါတယ်။ အဲသည်အတွက် အထူးတလည် စိတ်ပူမနေပါနဲ့။ Themes app –> Fonts ထဲဝင်ပြီး Default လို့ပေါ်နေတာလွဲလို့ ကျန်တာတစ်ခုခုကို ပြန်ရွေးထားပြီးသုံးလိုက်ရင် အဆင်ပြေပါပြီ။


ကျနော့် blog ထဲမှာ ရေးထားတဲ့ Myanmar Zawgyi, Unicode font တွေနဲ့ပတ်သက်တာတွေ၊ Browser မှာ font မှန်အောင်လုပ်တာတွေ၊ မိမိတို့ကိုယ်ပိုင် theme, font mtz file တွေကို MIUI Theme Editor သုံးပြိးလုပ်တဲ့နည်းတွေ စတာတွေဖတ်ချင်ရင် အောက်ပါလင့်ကို နှိပ်ဝင်ဖတ်ပါ။ မြန်မာစာနဲ့ပတ်သက်တဲ့ link တွေပေါ်လာပါမယ်။ လေ့လာချင်တာကို ရွေးဖတ်နိုင်ပါတယ်။

About MIUI Myanmar Fonts

[ -> Links to Read <- ]

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

  1. Vijay Kumar Vijay Kumar

    Region မပြဘူးအကို

    • Thet Zaw Ko Thet Zaw Ko

      Region မပြတာ Global rom တင်တာ ပုံစံမကျခဲ့လို့ပါ..

  2. KYAW WIN KHAING KYAW WIN KHAING

    Mi Note 5A (stable)ရဲ့ excel မျော ြြြြြြြြနြှန်အောင်သနုးချင်ပာတယ်လနည်းလမ်းပြပာ
    မာစာမမနမ
    How to input zawgyi one font in excel for mi note 5A (stable 9.5)

    • Thet Zaw Ko Thet Zaw Ko

      Zawgyi တွေ နေရာအစုံလိုက်မှန်ချင်တယ်ဆိုရင်ကတော့ root ပြီးမှပဲ အဆင်ပြေနိုင်မှာပါ

  3. soehtet soehtet

    font ကို replacement လုပ်လိုက်တာ font error ဖြစ်နေလို့ပါ ပြီးတော miui orignal font ကို twrp ကနေ flash လဲမရ ။miui orignal font ကို replacement လုပ်လဲမရဖြစ်နေလို့ကူညီပေးပါဦး
    MI MAX PRIME Global 9.5.4 stable ပါ

    • Thet Zaw Ko Thet Zaw Ko

      Factory Reset 😀

Leave a Reply

Your email address will not be published. Required fields are marked *