Press "Enter" to skip to content

Magisk Systemless ROOT & Systemless Xposed

Thet Zaw Ko 1

Android Version 7.0, 7.1.1, 7.1.2 တွေမှာ Xposed Framework အဆင်ပြေ လွယ်ကူစွာသွင်းနိုင်မယ့် နည်းလမ်းပါ။ Android 5.0, 5.1.1, 6.0 နဲ့ MIUI version တွေမှာလည်း သည်နည်းကိုအသုံးချနိုင်ပါတယ်။

လိုအပ်ချက်

Boot loader unlock လုပ်ပြီး TWRP သွင်းထားပြီးဖြစ်ရမယ်။

Root လုပ်မထားရသေးတဲ့ Clean rom installation ဖြစ်နေတာ ပိုကောင်းပါတယ်။

SuperSU နဲ့ root ထားရင် SuperSU က boot.img ကို patch လုပ်ပါတယ်။ အဲသည်အပေါ်မှာမှ Magisk ထပ်သွင်းရင် magisk က patched boot.img ကို ထပ် patch မလုပ်ပါ။ Clean boot.img ကို တောင်းပါတယ်။ သည်တော့ အကောင်းဆုံးက rom တင်ပြီး ဘာ root မှမလုပ်ရသေးချိန် Magisk သွင်းလိုက်တာ အကောင်းဆုံးပါ။ မိမိဖာသာ SuperSU ကနေ Magisk ပြောင်းချင်ရင်တော့ Google search လုပ်ပြီးသာ ရှာဖွေလေ့လာပါခင်ဗျာ။

ပထမဆုံးလိုအပ်တဲ့အလုပ်က Magisk zip ကို TWRP ကနေ Flash ပေးလိုက်တာပါ။ အဲဒါဆို Systemless root access လဲရသွားပါပြီ။

DOWNLOAD Magisk v15.3 ZIP (5.76MB)

[ Xiaomi Knowledge Cloud ] or  [ Google Drive ] or [ PCloud

TWRP ကနေ Magisk zip ကို Flash ပေးလိုက်ပြီးရင် ဖုန်း reboot ပြန်တက်လာပြီး ခဏလေးစောင့်ကြည့်လိုက်ရင် Migisk icon လေးကိုတွေ့နေရပါပြီ။ မည်သည့်နည်းနဲ့မှ icon ပေါ်မလာဘူးဆိုရင်တော့ မိမိဖာသာ Magisk Manager apk ကို Download ပြုလုပ်ပြီး manual install ပေးနိုင်ပါတယ်

DOWNLOAD Magisk Manager 5.6.0 APK (1.9MB)

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]

Magisk root access ကို မယူချင်တော့ဘူး Unroot လုပ်ချင်တယ်ဆိုရင်တော့ Magisk Uninstaller zip ကို TWRP ထဲကနေ ပြန် flash ပေးလိုက်ပါ။

DOWNLOAD Magisk UnInstaller zip (2.59MB)

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]


Magisk ကို Install လုပ်ပြီးရင်တော့ Systemless Xposed Framework ကိုထည့်သွင်းနိုင်ပါပြီ။ အင်တာနက်ရှိနေဖို့ပဲလိုအပ်ပါတယ်။ လိုအပ်တာ ဘယ်ကရှာဒေါင်းရမလဲဆိုတာ ခေါင်းပူနေစရာမလိုပါ။ ကိုယ့်ဖုန်းက Android version ဘယ်လောက်လဲဆိုတာ သိထားဖို့လိုအပ်ပြီး Android version အလိုက် သက်ဆိုင်ရာ SDK number လေးတွေသိထားရင် ကိုယ့်အတွက်ရနေတဲ့ Systemless Xposed framework latest version ကို Magisk Manager ထဲမှာ SDK number အမှန်ကိုရှာပြိး download ခိုင်းလိုက်လို့ရပါတယ်။

  • Android version 5.0 (SDK 21)
  • Android version 5.1.1 (SDK 22)
  • Android version 6.0 (SDK 23)
  • Android version 7.0 (SDK 24)
  • Android version 7.1.1 (SDK 25)
  • Android version 7.1.2 (SDK 26)

Systemless xposed framework ထည့်ဖို့ Magisk manager app ထဲမှာအောက်ပါပုံအတိုင်းဝင်သွားပါ။

ကိုယ့် Android version အတွက် SDK number ကိုရှာပါ။ Xposed framework version အမြင့်ဆုံးဟာကိုပဲ တွဲရှာပေါ့။ ကျနော်လုပ်တာတော့ Android 7 နဲ့ဟာဖြစ်လို့ SDK 24 ပေါ့။ သွင်းတဲ့အချိန်မှာ Xposed framework version အမြင့်ဆုံးက 89.1 ပေါ့။ တွေ့ရင် ညာဖက်နားက မျှားအောက်စိုက်လေးသာနှိပ်ပေးလိုက်ပါ။

အောက်ပါပုံအတိုင်း Xposed framework zip ကို Install ခိုင်းလိုက်ပါ။ ပြီးသွားရင် ဖုန်းကို Reboot လိုက်ပါ။

ဖုန်းပြန်တက်လာရင် Magisk manager app ထဲအောက်ပါပုံအတိုင်း ဝင်ကြည့်ပါ။ Systemless xposed framework က အမှန်ခြစ်လေးပြပြိး Active ဖြစ်နေပါပြီ။


Magisk ကနေ Xposed သွင်းတာက framework သက်သက်ကိုသာသွင်းတာပါ။ မိမိတို့အသုံးချချင်တဲ့ Xposed module apk တွေကို Control လုပ်တာကတော့ ပုံမှန်သုံးနေကြ Xposed Installer app နဲ့ပါပဲ။ သည်တော့ အောက်ပါ Xposed Installer app လေးကို Download ပြုလုပ်ပြီး Install လိုက်ပါ။ Install ပြီး တန်းဖွင့်ရင်တော့ Xposed framework ကတော့ဖုန်းထဲရှိတယ်။ Active မဖြစ်ဘူးလို့ warning ပြနေမှာပါ။ အဲသည်အတွက် ဖုန်းကို reboot လုပ်ပေးလိုက်ပါ။  ပြန်တက်လာရင် Xposed Installer app ထဲမှာ Xposed framework က Active ဖြစ်နေပြီဖြစ်ကြောင်း တွေ့ပါမယ်။

DOWNLOAD Xposed Installer app (4.2MB)

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]

အခုဆိုရင်တော့ Xposed Installer app ထဲမှာ မိမိတို့အသုံးပြုချင်တဲ့ Xposed module apk တွေကို လိုသလို Activate/Deactivate လုပ်ပြီး အသုံးချနိုင်ပါပြီ။


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

  1. Latt Kyaw Latt Kyaw

    Modules linkလေးပေးပါKo Thet Zaw Ko

Leave a Reply

Your email address will not be published. Required fields are marked *