Press "Enter" to skip to content

Firefox + MUA Zawgyi – Unicode Auto Converter

Thet Zaw Ko 1

Mi ph တွေဝယ်လာပြီဆိုတာနဲ့ ယခုအချိန်မှာ လူသုံးများနေတဲ့ Zawgyi myanmar font ကို မြင်ရအောင်၊ ဖတ်လို့ရအောင် Zawgyi theme font ကို မိမိကျွမ်းကျင်တဲ့နည်းနဲ့ထည့်သွင်းပါတယ်။ အဲသည်နောက်မှာတော့ Facebook, Messenger, Viber .. စတဲ့ app တွေမှာ မြန်မာစာကို အမှန်မြင်တယ်။ ဖတ်လို့ရကြပါတယ်။

Web site links တွေကို ဝင်ဖတ်တဲ့အချိန်မှာတော့ Unicode font တွေအတိုင်းလာပြပြီး မြန်မာစာကို အမှန်မမြင်ရဘူးဆိုတဲ့ပုံစံမျိုးတွေ ဖြစ်ကြပါတယ်။ ဖုန်းမှာ Browser ပါပါတယ်။ အဲသည်မှာ link ဝင်တာနဲ့ ကိုယ်တွေထည့်ထားတဲ့ Zawgyi theme font အတိုင်း အမှန်လာပြဖို့က ကိုယ့် MIUI Ver, China rom or Global rom, Browser ver, Android System Web View ver.. စတာတွေပေါ်မူတည်လို့ အချို့ုဖုန်းတွေမှာ ဘာမှထပ်လုပ်ပေးစရာမလို မှန်ပါတယ်။ မမှန်တဲ့ဖုန်းမှာ ဘာ font ကိုပဲထည့်ပေးပေး မမှန်ပါဘူး။

သည်တော့ Web Site တွေဖွင့်ကြည့်ရင် Firefox browser ကိုအသုံးပြုပြီး သူ့ထဲမှာ MUA Web Unicode Converter ဆိုတဲ့ Add on လေးကိုထည့်သွင်းထားရင် ဖုန်းမှာ မြန်မာစာအတွက် ဘာမှလုပ်မထားသည့်တိုင် မှန်မှန်ကန်ကန် စာတွေကို ဖတ်လို့ရပါလိမ့်မယ်။

Firefox browser နောက်ဆုံး version ကို Google Play Store ကနေသာ download ပြုလုပ်လို့ ဖုန်းမှာထည့်သွင်းထားလိုက်ပါ။


How to install MUA Add on

  • ပုံ – ၁ Firefox Browser ကိုဖွင့်ပါ။
  • ပုံ – ၂ ညာဖက်အပေါ်ထောင့်မှာရှိတဲ့ Option နေရာ အစက်လေးသုံးစက်ကိုနှိပ်ပါ။

  • ပုံ – ၃ Add on ဆိုတာကို နှိပ်ပါ။
  • ပုံ – ၄ ကိုယ်လိုတဲ့ Add on ကိုရှာဖို့အတွက် Browse all Firefox Add-ons ကိုနှိပ်ပါ။

  • ပုံ – ၅ Add on နာမည်ရှာဖို့ Find box ဆီသွားပါ။
  • ပုံ – ၆ MUA လို့ရိုက်ပါ။ Add on name အစအဆုံး hint ပေါ်လာပါမယ်။ ပုံပါအတိုင်း ထိပ်ဆုံးက MUA Web Unic.. ဆိုတာနှိပ်ပေးလိုက်ပါ။

  • ပုံ – ၇ အတိုင်း +Add to firefox ဆိုတာနှိပ်ပါ။
  • ပုံ – ၈ Add on သွင်းရန် ADD button နှိပ်ပါ။

  • ပုံ – ၉ Add on သွင်းတာ ပြိးပြီဆိုတာပြပါမယ်။ ADD-ONS ဆိုတာနှိပ်လိုက်ရင်
  • ပုံ – ၁၀ အတိုင်း ကိုယ်သွင်းထားတဲ့ MUA Add on လေးကိုတွေ့နေပါပြီ။

Zawgyi font နဲ့ရေးထားတဲ့ web site link တွေဝင်ကြည့်ရင် Unicode ကိုပြောင်းပေးပြီး စာကို အမှန်ဖတ်လို့ရအောင်လုပ်ပေးသွားပါပြီ။


Web site link တွေဖွင့်တိုင်း ဖုန်းမှာ ပါတဲ့ browser နဲ့ Default သွားဖွင့်နေရင် စာကြည့်ရတာမမှန်ဘူးဆိုတာမျိုးပဲ ဖြစ်နေမှာပါ။ သည်တော့ ကိုယ်လုပ်ထားတဲ့ Firefox နဲ့ auto open ပေးအောင် အောက်ပါပုံအတိုင်း Browser Default ကို ပြင်ပေးထားပါ။

  • Settings ထဲမှာ Browser Default ကို Firefox ထားဖို့ အောက်ပါပုံအတိုင်း ဝင်ပါ။

  • အောက်ပါပုံအတိုင်းဆိုလျှင် Browser Default မှာ ဘာမှရွေးထားတာမရှိပါဘူး။ ပုံအတိုင်းဝင်ပြီး Firefox ကိုချိန်းပေးလိုက်ပါ။Back Key နှိပ်ပြန်ထွက်လာရင် Browser Default သည် Firefox ဖြစ်နေပါပြီ။

  • Link တွေဝင်တယ်ဆိုတာကလည်း Facebook လိုမျိုးကြည့်နေပြီး အဲသည်မှာတွေ့လို့ ဝင်ကြည့်တာမျိုးတွေက ပိုများတာမို့ Facebook Settings ထဲမှာလဲ link တွေဆိုရင် Facebook Internal Browser နဲ့မဖွင့်ပဲ ကိုယ်လုပ်ထားတဲ့ Firefox browser နဲ့ဖွင့်ပေးအောင် အောက်ပါအပုံအတိုင်း ပြင်ပေးထားပါ။


သတင်း site app တွေလို လုပ်ထားတာတွေကတော့ သူတို့ app မှာ ဖုန်းမှာမြန်မာစာစံနစ် ဘယ်လိုဖြစ်နေနေအမှန်ဖြစ်အောင် လုပ်ပေးထားခဲ့ရင်တော့ မှန်ပါမယ်။ အဲလိုမှမဟုတ်ရင်တော့ ဖတ်မရတဲ့ ပုံစံတွေပဲဖြစ်နေမှာပါ။ အဲလိုတွေက သက်ဆိုင်ရာ app နဲ့ပဲဆိုင်ပါတယ်။ ကျနော့် blog ကတော့ မည်သည့် browser ကနေပဲဖတ်ဖတ်၊ Blog app လေးထဲကနေပဲဖတ်ဖတ်၊ ဖုန်းတွေ ကွန်ပျူတာတွေမှာ Myanmar font ရှိမနေသည့်တိုင် စာဖတ်လို့အဆင်ပြေအောင်လုပ်ထားပါတယ်.. 😀 😀 

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

 

Leave a Reply

Your email address will not be published. Required fields are marked *