Press "Enter" to skip to content

Test Point for Mi 5X to EDL Mode

Thet Zaw Ko 0

ကျနော်တို့ဆီမှာတော့ Mi 5X ကဘယ်လိုပုံစံတွေနဲ့သွင်းနေ၊ ရောင်းနေလဲတော့ သိပ်မပြောတတ်ပါ။ Xiaomi Forum မှာဖတ်မိသလောက်တော့ Mi5X ကို Mi Max 2 Boot Loader ကို hack ပြီးသွင်းကာ Global Stable rom တင်ပြီးရောင်းတာကို ဝယ်မိတယ်ဆိုတာတွေ (Oxygen boot loader နဲ့လို့ပြောကြပါတယ်)၊ Mi A1 (Tissot) Boot loader ကို hack ထည့်ပြီး Mi A1 rom ထည့်ရောင်းတာမျိုးတွေ၊ နောက်ဆုံး Redmi 5 (Rossy) boot loader hack ထည့် unlock လုပ်တာမျိုးတွေ (အဲဒါတွေက China မှာပဲ Mobile Data နဲ့ Wifi အလုပ်လုပ်တယ်ဆိုပါတယ်။).. စသည်ဖြင့်တွေ့ရပါတယ်။ Mi 5X ရဲ့ official Code Name ကတော့ Tiffany ပါ။

အခု Test Point method ကတော့ BLU မလုပ်ရသေးချိန်မှာ ဖုန်းကို Fastboot rom firmware ပြန်တင်ဖို့လိုအပ်လာရင် လုပ်လို့ရမယ့် နောက်ဆုံးနည်းလမ်းပါပဲ။ (Box, Dongle တွေနဲ့လုပ်တာမဆိုလိုပါ)

ဖုန်းကို Fastboot Mode ဝင်ပြီး fastboot command နဲ့ Official Boot loader ဟုတ် မဟုတ်စစ်ပါ။ Hack ထားတဲ့ boot loader တွေထည့်ထားတာတွေမျိုးမှာ ပုံမှန်လို Power + Vol Down နှိပ်ရင် Fastboot mode logo ဖြစ်တဲ့ Mi Bunny အရုပ်လေးပေါ်မလာပဲ Black Screen သာဖြစ်နေတယ်လို့ဆိုပါတယ်။ အဲလိုမျိုး Black Screen သာဆိုရင်တော့ Fastboot mode ကနေ firmware ရေးတာစမ်းသပ်ကြည့်ပါ။ Unofficial Boot loader နဲ့ Unofficial Boot loader unlock ဖြစ်နေတတ်ပါတယ်။ ရေးလို့ရတယ်၊ အောင်မြင်တယ်ဆိုရင်တော့ Official firmware နဲ့ စက်ရုံထုတ်အတိုင်းဖြစ်ပါမယ်။ မရရင်တော့ သည် Test Point method ကိုပဲစမ်းကြည့်ပါ။

Battery cable လေးကို ခဏလောက်ဖြုတ်ထားပါ။ တစ်မိနစ်လောက်ဖြစ်ဖြစ်ပေါ့။ ပြီးမှပြန်တပ်ပါ။

ဖုန်းမှာ USB Cable ထိုးထား၊ Test Point လေးကို ဇာဂနာမျိုးနဲ့ထောက်ထားပြီး ကွန်ပျူတာဖက်ကို USB cable ထိုးပါ။ ကွန်ပျူတာမှာတော့ လိုအပ်တဲ့ Qualcomm drivers တွေ တင်ထားပြီးသားဖြစ်နေရမှာပေါ့။

Mi Flash Tool နဲ့ fastboot rom ကိုတင်နိုင်ပါပြီ။


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 🙂 

 

Leave a Reply

Your email address will not be published. Required fields are marked *