Press "Enter" to skip to content

Using Custom Fonts in MIUI

Thet Zaw Ko 4

နောက်ထပ် Method လေးတစ်နည်းပေါ့ခင်ဗျာ…။

အခုနောက်ပိုင်းမှာ မိမိဆီမှာရှိတဲ့ font တွေကို Designer Account နဲ့လဲ MIUI မှာသုံးလို့မရတော့တာ သိကြပြီးဖြစ်မှာပါ။ သည်တော့ MIUI Theme Editor, TTA Mi Font.. စသည်ဖြင့် မိမိအဆင်ပြေရာပြေရာနည်းလေးတွေသုံးပြီး ထည့်သုံးကြပါတယ်။ အခု post ကတော့ ကျနော်လုပ်ခဲ့ဖူးတဲ့ Simple Zawgyi fonts, Zawgyi Redefined fonts လေးတွေ ထည့်သုံးချင်ခဲ့သည်ရှိသော် တစ်ခါထဲအဆင်ပြေအောင်ပါ။

MIUI Theme Editor မလိုအပ်ပါဘူး။ သည်ဟာကလည်း Version နောက်ဆုံး update မဖြစ်ရင် နောက်ဆုံး MIUI မှာအဆင်မပြေတာနဲ့..။ Play store ကနေမှမဒေါင်းရင် ဖုန်းတိုင်း android ver တိုင်းနဲ့ သိပ်အဆင်မပြေ..။ Play store ဆိုတာကလည်း China rom သုံးသူတွေအဖို့ အဆင်ပြေအောင်လုပ်ရတာ တစ်ဒုက္ခ..။ အချို့လူတွေ Google account ကကြတော့ Download လုပ်ခွင့်မပေးလို့ Download မရ.. စသည်ဖြင့် MIUI Theme Editor app ကိုထည့်ရတာ သာမာန် user အဖို့ အလုပ်ရှုပ်လှပါသေးတယ်။

အခုလိုအပ်တာကတော့ File တွေဖြည်ရာမှာ လိုသလိုဖြည်လို့ အဆင်ပြေတဲ့. Hidden file တွေနဲ့ပါ ကောင်းကောင်းအလုပ်လုပ်တဲ့ ES File Manager software လေးရယ် .. font files တွေပါပြီးဖြစ်တဲ့ ZIP Archive လေးရယ်ပါ။

ES File Manger software ကိုလိုအပ်ရင် အောက်မှာ download ပြုလုပ်နိုင်ပါတယ်။ မိမိမှာ Google Play Store သုံးလို့ရရင် အဲသည်ကနေလဲ ဒေါင်းထည့်နိုင်ပါတယ်။

Download ES File Manager

 From Xiaomi Knowledge Cloud  or   From Google Drive

Font အတွက် လိုအပ်တာကိုတော့ သည်မှာဒေါင်းပါ။

Download Simple Zawgyi Font ( 31 Fonts – 62MB )

From Xiaomi Knowledge Cloud  or  From Google Drive

Download Zawgyi Redefined Font ( 10Fonts – 15MB )

From Xiaomi Knowledge Cloud  or  From Google Drive


ES File Manager လည်းရှိနေပြီ။ Font file zip လဲ download ထားပြီးပြီဆို zip file (ပုံမှန်လိုအားဖြင့် Internal Storage အောက်က Downloads folder အောက်မှာ) ကို Internal Storage ထဲက MIUI Folder အောက်ကိုကူးထည့်ပါ။ နေရာမှန်အောင်ကူးထည့်ပါ။ ပုံ – ၁ အတိုင်း…။

Zip file ကို ကြာကြာလေးဖိထားပြီး Select လုပ်ပါ။ အစိမ်းအမှန်ခြစ်လေးဖြစ်သွားပါမယ်။ ပြီးရင် ညာဖက်အောက်ထောင့်နားက More … ဆိုတာနှိပ်ပါ။ ပုံ – ၂ အတိုင်း…။

Extract to… ဆိုတာနှိပ်ပြီး file ဖြည်ဖို့လုပ်ပါ။ ပုံ – ၃ အတိုင်း…။

ပြိးရင် OK ဆိုပြီး စွတ်မနှိပ်ပါနဲ့။ Current Path ဆိုတဲ့ အလယ်က Option ကိုသေချာရွေးပါ။ သေချာပြီဆိုမှ OK နှိပ်ပါ။ file တွေဖြည်သွားပါလိမ့်မယ်။  Overwrite လုပ်မလားတွေမေးလာရင် လုပ်လိုက်ပါ။ မေးလာဖို့အကြောင်းတော့မရှိလှပါ။ File ဖြည်ပြီးရင် font တွေသွင်းတဲ့အလုပ် ပြီးပါပြီ။


Font ရွေးသုံးဖို့ကတော့ ပုံမှန်လိုပါပဲ။ Themes ကိုဖွင့်ပါ။ ညာဖက်အောက်နားက (My Account or Me) ဆိုတာနှိပ်ပါ။ MIUI 8 ဆိုရင်တော့ Themes ဖွင့်ပြီး screen ဘယ်ဖက်အပေါ်ထောင့်နားက လူပုံလေးနှိပ်ပါ။

Fonts ထဲကို ဝင်ပါ။ Global ROM မို့ Fonts ဆိုတာမပေါ်ရင် Settings->Additional Settings->Region နေရာ India ထားပေးပါ။ ပေါ်လာပါမယ်။ ROM တင်ထားတာ ပုံစံမကျလို့ Region နေရာ China ဆိုတာချည်းဖြစ်နေရင်တော့ သည် post [ Myanmar Fonts for Mi Beginner ] ထဲက Global ROM တွေမှာ Region ရွေးမရရင် ဆိုတာလေးကိုဖတ်ကြည့်ပြီး Quick Shortcut Maker app နဲ့ Font shortcut ထုတ်ပါ။ အဲသည် shortcut နှိပ်ဝင်ပါ။ 

စုတ်တံပုံ graphic လေးတွေနဲ့ font တွေပေါ်လာပါမယ်။ Designer Account နဲ့ Import လုပ်ခဲ့သလို small, large preview တွေတော့ ပေါ်မှာမဟုတ်ပါ။


စုတ်တံပုံလေးတစ်ခုထဲနှိပ်ဝင်လိုက်ရင်တော့ Font နာမည်တွေ့မှာပါ။ Apply နှိပ်.. Reboot လုပ်သုံးရုံပါ။ ဘာ Mi Account မှဝင်ထားစရာမလိုပါ။  အင်တာနက်ဖွင့်ထားနေစရာမလိုပါ။

Themes တွေလိုက်ချိန်းရင် Reboot လုပ်မလားမေးပါတယ်။ မလုပ်ပါနဲ့။ Not Now ဆိုတာလေးသာနှိပ်ပါ။ Themes ချိန်းပါတယ်။ Font effect ဖြစ်ဖို့သာ reboot လုပ်ဖို့လိုပါတယ်။


မလိုတာကိုဖျက်ချင်ရင်တော့ Themes ထဲဝင်ပါ။ မိမိဖျက်ချင်တဲ့ font နဲ့နာမည်တူ Themes ကိုရွေးပါ။ Delete လုပ်ပါ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂 

  1. bagyeengo bagyeengo

    Thank you very much

  2. ဝေယံကျော် ဝေယံကျော်

    အဲ့နည်းက auto default ပြန်ဖြစ်တတ်လား

    • Thet Zaw Ko Thet Zaw Ko

      MIUI 9.5 နဲ့ သူ့အထက်ကတော့ Default ပြန်ပြန်ဖြစ်ပါတယ်

  3. ဝေယံကျော် ဝေယံကျော်

    အဲ့နည်းက auto default ပြန်ဖြစ်တတ်လား

Leave a Reply

Your email address will not be published. Required fields are marked *