Press "Enter" to skip to content

Using Custom Fonts in MIUI 9

Thet Zaw Ko 1

ပြောင်းလဲလာတဲ့ Xiaomi Thems Policy တွေကြောင့်  Designer Account ရှိပေမယ့် customized themes, fonts တွေကို ဖုန်းမှာ ထည့်သုံးလို့မရတော့ပါဘူး။ သည်တော့ MIUI 8 မှာ၊ MIUI 9 Dev Rom တွေ ( 2017 – 11 မတိုင်ခင်ထိ roms) မှာ၊ MIUI Theme Editor app လေးကိုသုံးပြီး အဆင်ပြေအောင် ထည့်သုံးခဲ့ကြပါတယ်။  2017 NOV မှာစထွက်လာတဲ့ MIUI 9 Dev roms တွေနဲ့ နောက်ပိုင်း Update ပေးလာတဲ့ MIUI 9 Stable rom version တွေမှာတော့ MIUI Theme Editor app အကူအညီနဲ့ထည့်တာကိုလည်း လက်မခံတော့ပါဘူး။

သည်တော့ ရှေးယခင် MIUI 5,6 ခေတ်လောက်တုန်းက root မလိုပဲ Myanmar font ထည့်သုံးလို့ရအောင်လုပ်ခဲ့တဲ့နည်းလေးကိုပဲ ပြန်သုံး ကြတာပေါ့။ 😀 😀 အဓိကကတော့ China rom တွေအတွက်ပါပဲ။

မှတ်ချက်။

China ROM ဖြစ်စေ၊ Global ROM ဖြစ်စေ .. မိမိစိတ်ကြိုက် သိမ်းဆည်းထားတဲ့ font, themes တွေကို ထည့်သုံးချင်ရင် MIUI Theme Editor app နဲ့ထည့်သွင်းနည်းကိုလုပ်ပါ။ အဆင်ပြေပါတယ်။ Xiaomi က MIUI Version update လုပ်လိုက်ချိန်အချို့မှာ MIUI Theme Editor app နဲ့လုပ်တာ အဆင်မပြေမှုကြုံရပါတယ်။ အဲလိုအချိန်မျိုးမှာ အခု post ပါနည်းနဲ့ ခေတ္တလုပ်သုံးနိုင်ပါတယ်။ Font သက်သက်ပါ။ MIUI Theme Editor app က နောက်ဆုံး Update ထွက်လာပြီဆိုရင် Google Play Store ကနေ update လုပ်ပေးလိုက်ခြင်းဖြင့် မိမိ MIUI Ver မှာ MIUI Theme Editor app နဲ့ထည့်လို့မရတာတွေ ပျောက်သွားပါမယ်။ ယခု မှတ်ချက်ရေးချိန် MIUI Theme Editor app ver က v 1.4.1 ပါ။ MIUI9 တွေအထိအကုန်အဆင်ပြေပါတယ်။ MIUI Theme Editor app နဲ့ font mtz, themes mtz file တွေထည့်သွင်းနည်းကို သည်နေရာမှာ [ New way to apply custom Fonts & Themes ]  လေ့လာနိုင်ပါတယ်။ font mtz ကို နမူနာလုပ်ပြထားပေမယ့် theme လည်း mtz file တစ်ခုအနေနဲ့မို့ လုပ်နည်းတူတူပါပဲ။ China ROM တွေမှာဆိုရင်တော့ Paid Themes တွေ download လုပ်ပြီး MIUI  Theme Editor နဲ့ Free ဖြစ်အောင် လုပ်ယူနိုင်ပါတယ်။ [ Trick for Themes ]

ထည့်သွင်းနည်း အကျဉ်းကတော့

Mi Account တစ်ခုလုပ်ထားပြိး ဖုန်းမှာဝင်ထားရပါမယ်။

Xiaomi Theme Store မှာရှိနေတဲ့ Free ပေးထားတဲ့ Font တစ်ခုကို download ဆွဲပါမယ်။

မိမိမှာရှိတဲ့ ကိုယ့်စိတ်ကြိုက်လုပ်ထားတဲ့ ttf font filename ကို download ဆွဲထားတဲ့ font filename အတိုင်း ဖြစ်အောင်ချိန်းပါမယ်။ 

file ရှိနေရမယ့်နေရာမှာ မိမိ font file ကိုထည့်ပေးပြီး apply လုပ်သုံးပါမယ်။


MIUI 9 China Stable version မှာ Themes->Fonts ထဲကနေ moethittnyo ဒါမှမဟုတ် zg လို့ရိုက်ရှာပြီး ရလာတဲ့ font ကို (တရုတ်လိုနာမည်နဲ့လဲပြချင်ပြပါမယ်။) ထည့်သုံးရင် မြန်မာစာအတွက် အဆင်ပြေပါတယ်။

MIUI 9 Global Stable version မှာဆိုရင်လည်း Settings->Additional Settings->Region နေရာမှာ Myanmar or India ကိုချိန်းထားရင် Themes->Fonts ထဲမှာ ZawgyiX1 ဆိုတဲ့ font တစ်ခုပေါ်နေပါမယ်။ အဲဒါကို ရွေးပြီး apply သုံးရင် မြန်မာစာ ကိစ္စအတွက်အဆင်ပြေပါတယ်။

အခုရှင်းပြတဲ့နည်းကတော့ အထက်မှာဖော်ပြထားတဲ့ font တွေပုံစံမကြိုက်လို့ မိမိဖာသာစုဆောင်းထားတဲ့ ttf font file လေးတွေကို ထည့်သုံးချင်ရင် ဘယ်လိုတွေလုပ်ရမယ်ဆိုတာပါ။


  • ပထမဆုံး ဖုန်းထဲမှာ Mi Account login ဝင်ထားပြီး Xiaomi Theme Store မှာ အောက်ပါပုံအတိုင်း free font တစ်ခုကို ရှာပြီး download ပြုလုပ်လိုက်ပါ။ China ROM တွေမှာ အခုလို free font ရှာတာ၊ download လုပ်တာပြုလုပ်ပါ။ 

  • Download ပြုလုပ်ပြီးရင် ဘာမှလုပ်မနေပါနဲ့။ Home Key နှိပ်ပြီးသာ ပြန်ထွက်လိုက်ပါ။ ဒေါင်းထားတဲ့ file ကိုလိုက်ရှာဖို့ Hidden file တွေကို ကြည့်လို့ရဖို့လိုပါတယ်။ အဲသည်အတွက် ဖုန်းမှာပါပြီးသားဖြစ်တဲ့ Explorer မှာပဲ Hidden file တွေပါမြင်အောင် အောက်ပါအတိုင်း Option ကိုပြင်ပေးပါ။

  • ဒေါင်းထားတဲ့ဖိုင်နာမည်သွားရှာကြည့်ရမယ့်နေရာကတော့  Internal Storage/MIUI/theme/.data/content/fonts အောက်မှာပါ။ အဲသည်မှာလုပ်ရမယ့်အလုပ်ကတော့ ဒေါင်းထားတဲ့ဖိုင်ကိုရှာပြီး သူ့နာမည်ကို copy ကူးယူခဲ့ရမှာပါ။

  • အပေါ်ပုံအဆင့်ထိလုပ်ခဲ့ပြီဆိုရင် ဖိုင်သွားရှာတာ၊ ဖိုင်နာမည်ကူးဖို့လုပ်တာအထိပြိးစီးပါပြီ။ နာမည်ကို copy ကူးယူထားတာ၊ ဖုန်းထဲမှာရှိနေတဲ့ မိမိတို့စိတ်ကြိုက် myanmar font ttf file ကို နာမည်ချိန်းတာတွေကို အောက်ပါပုံတွေအတိုင်းဆက်လုပ်ပါ။ ကျနော့်အနေနဲ့ Zawgyi Redefined Three.ttf ဆိုတဲ့ myanmar font ကိုထည့်သုံးမယ်လို့ ရည်ရွယ်ထားလို့ အဲသည် file ကို နာမည်ချိန်းပါတယ်။

မိမိတို့သုံးမယ့် font file ကို နာမည်ချိန်းလို့ပြီးရင်တော့ မူရင်းနေရာမှာဒေါင်းထားတဲ့ file ကို ဖျက်ထုတ်လိုက်ပါ။ Internal Storage/MIUI/theme/.data/content/fonts ထဲမှာပါ။

 

Theme Store ကနေဒေါင်းထားတဲ့ဖိုင်ကိုဖျက်ပြီးပြီဆိုရင်တော့ မိမိတို့ နာမည်ချိန်းထားသောဖိုင်ကို ရှိနေရမယ့်နေရာဖြစ်တဲ့ Internal Storage/MIUI/theme/.data/content/fonts ထဲမှာ ကူးထည့်ပေးလိုက်ပါ။


အခုဆိုရင်တော့ မိမိတို့စိတ်ကြိုက်စာလုံးတွေပါတဲ့ Myanmar font ကို အသုံးပြုနိုင်ပါပြီ။ အင်တာနက်ဖွင့်မထားသည့်တိုင် မည်သည့် error မှမပြပဲ အဆင်ပြေပြေချိန်းပေးသွားမှာပါ။

သည်နည်းရဲ့အားနည်းချက်ကတော့ ထုံးစံအတိုင်းပါပဲ။ Official Theme Store မှာတင်ထားတာကို မဟုတ်တဲ့ file ကိုထည့်ထားလို့ Reboot လုပ်ရင် Font က Default ပြန်ချိန်းတာ။ Deep Sleep ဖြစ်ပြီး screen ပွင့်ချိန် Font ပြောင်းနေတာ. စတာတွေဖြစ်တတ်တာပါ။ ဒါလည်း TTA ကိုသုံးခဲ့ဖူးသူတွေ အမြဲကြုံနေတဲ့အရာတွေပါ။ အဲသည်အတွက်ကတော့ Themes->Fonts ထဲပြန်ဝင်ပြီး ကိုယ့် Font ကို ပြန် Apply, Reboot ပေးပြီး ပြန်သုံးနေရုံပါ။

TWRP, Root method တွေနဲ့ system ပိုင်း Font တွေ ချိန်းတာ မလုပ်တတ်၊ မလုပ်နိုင်ဖြစ်နေချိန်မှာ မိမိစိတ်ကြိုက်လေးတွေကို အခုလိုနည်းနဲ့ အသုံးပြုနေနိုင်ပါတယ်။ မြန်မာစာကို Unicode စနစ်၊ Zawgyi font စနစ်နဲ့ အမျိုးမျိုးသုံးနေကြလို့ အဆင်မပြေတာလေးတွေ မိမိဖာသာ အထာလေးတွေမှတ်သားထားပြီးသာ အဆင်ပြေသလို အသုံးချနေပါ။ 😀

ကျနော်ပြုလုပ်ထားတဲ့ ttf font file လေးတွေကိုလည်း တင်ပေးလိုက်ပါတယ်။ အဆင်ပြေသလို ယူငင်သုံးစွဲနိုင်ပါတယ်။ ဘယ်ဟာက ဘယ်လိုစာလုံးပုံစံကတော့ Facebook Xiaomi Group တွေမှာတင်ပေးတုန်းကတော့ Screen Shoot လေးတွေပါပြထားပေးပါတယ်။ သည်မှာတော့ တွေ့မှာမဟုတ်ပါ။ File သက်သက်ပါပဲ။ ထည့်ကြည့်ပြီးမှပဲ ဘယ်လိုပုံဆိုတာ သိရမှာပါ။ 😀 😀 

Download Simple Zawgyi Fonts ( 31 font files)

[ Xiaomi Knowledge Cloud ] or [ Google Drive ]

Download Zawgyi Redefined Fonts ( 11 font files)

[ Xiaomi Knowledge Cloud ] or [ Google Drive ]

MIUI Fans များ စိတ်ရွင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂 

  1. aung min thu aung min thu

    thanks a lot

Leave a Reply

Your email address will not be published. Required fields are marked *