Press "Enter" to skip to content

Google Play Store Tips

Thet Zaw Ko 0

Google Play Store ကနေ app တွေကို Mobile Data သုံးပြီး download လုပ်ချိန်မှာ Waiting for Wi-Fi, Download Pending.. စတာလေးတွေပေါ်နေရင် ဖြေရှင်းဖို့၊ သိထားဖို့ နည်းလမ်းလေးတွေပါ။

Waiting for Wi-Fi..

ပေါ်နေပြီး app တွေကို Download မလုပ်တာကတော့ China MIUI ROM (Stable or Beta) တင်သုံးနေတဲ့ Xiaomi ဖုန်းများမှာဖြစ်လေ့ရှိပါတယ်။ ROM ရဲ့ Download Manager app က Download ပြုလုပ်ချင်တဲ့ file size ဟာ 1MB or 2MB ထက်ကျော်တာနဲ့ Mobile Data နဲ့မလုပ်တော့ပဲ Wi-Fi ကနေပဲ download ပြုလုပ်အောင် Default Setting သတ်မှတ်ထားလို့ပါ။ Play Store မှ app မှရယ်မဟုတ်ပါ။ Internet ထဲက ဘယ်နေရာက ဘယ် file ကို မဆို 1MB or 2MB ကျော်တာနဲ့ Mobile Data နဲ့ဒေါင်းမပေးတော့တာပါ။ Updater ကနေ Mobile Data နဲ့ပဲ update ပြုလုပ်ချိန် WLAN နဲ့မှလုပ်ပါလို့ Msg box ပေါ်နေတတ်တာကလဲ သည် Setting ကြောင့်ဖြစ်တတ်တဲ့ effect ပါပဲ။ ဖြေရှင်းပေးဖို့နည်းလမ်းကတော့ Download app ရဲ့ Settings ထဲမှာ Download file size limit ဖြစ်နေတာကို Unlimited လုပ်ထားလိုက်ခြင်းပါပဲ။ မိမိနှစ်သက်ရာ size ကိုထားနိုင်ပါတယ်။ ဘယ် size လောက်ထိတော့ mobile data နဲ့ဒေါင်းမယ်.. အဲသည်ထက်ကြီးလာရင်တော့ Wi Fi ရမယ့်နေရာမှဒေါင်းပါစေပေါ့.. စသည်ဖြင့်လဲ မိမိအသုံးပြုလေ့ရှိတဲ့ အလေ့အကျင့်ပေါ်မူတည်ပြီးထားနိုင်ပါတယ်။ Waiting for Wi-Fi.. ပြနေတာအတွက်ကတော့ အောက်ပါပုံအတိုင်း ပြင်ပေးထားလိုက်ပြီးရင် အလုပ်လုပ်ပါပြီ။

Google Play Store အနေနဲ့ကလည်း File size ကြီးတာတွေကို WiFi နဲ့မှ download လုပ်ဖို့ Warning ပေးတတ်ပါတယ်။ အဲဒါအတွက်ကတော့ Warning check box လေးဖြုတ်ပြီး လိုချင်တာ download ပြုလုပ်ခိုင်းလိုက်ပါ။


Download Pending..

လို့ Play Store ထဲမှာ app တွေ download ပြုလုပ်ချိန်ပေါ်နေတာကတော့ ကိုယ် app ဒေါင်းခိုင်းတဲ့အချိန်မှာ Play Store အနေနဲ့ background မှာ Play Store ကိုယ်တိုင်သော်ဖြစ်စေ.. Google Play Service ကိုဖြစ်စေ.. အခြားသောကိုယ့်ဖုန်းထဲမှာထည့်ထားတဲ့ play store ကဒေါင်းထားတဲ့ app များကိုဖြစ်စေ Auto Update လုပ်နေတဲ့အခိုက်မို့ ကိုယ်ဒေါင်းခိုင်းတဲ့ app ကို မဒေါင်းသေးပဲ ခဏ စောင့်နေတဲ့သဘောပါ။ Error လဲမဟုတ်ပါ။ သူအလုပ်လုပ်တဲ့ သဘာဝပါ။

အဲလိုမဖြစ်စေချင်ရင် ကိုယ် app ဒေါင်းဖို့လုပ်တဲ့အချိန်မှာ background update လုပ်နေတာတွေကို ရပ်ပစ်လိုက်နိုင်ပါတယ်။ ဒါမှမဟုတ်လဲ သည်တိုင်းထားပြီး အကုန် update ဖြစ်သွားအောင် စောင့်ချင်စောင့်နေလိုက်ပါ။ ခဏရပ်လိုက်ချင်တယ်။ ပြီးမှ မိမိစိတ်တိုင်းကြ တစ်ခုချင်း Update လုပ်မယ်စိတ်ကူးရှိရင်တော့ အောက်ပါပုံအတိုင်းဝင်ပြီး ခဏ STOP လိုက်နိုင်ပါတယ်။ Google Play Store ကိုယ်တိုင်သော်လည်းကောင်း၊ Google Play Service သော်လည်းကောင်း Auto Update လုပ်နေတာမျိုးကတော့ STOP လုပ်မနေပါနဲ့။ ပြီးဆုံးအောင်သာစောင့်ပေးလိုက်ပါ။ အဲဒါတွေက Up to Date ဖြစ်မှ ပုံမှန်အလုပ်လုပ်မယ့် အရာတွေဖြစ်ပါတယ်။

Google Play Store ရဲ့ Default Setting က ဖုန်းထဲရှိ app တွေကို WiFi ချိတ်ချိန်မှာ Auto Update လုပ်ပါတယ်။ အဲလိုတွေမလုပ်ချင်ပဲ မိမိကိုယ်တိုင် ကြည့်ပြီး လိုချင်တာကိုသာ တစ်ခုချင်း update လုပ်မယ်စိတ်ကူးရှိရင်ကတော့ Play Store Setting ထဲမှာ အောက်ပါပုံအတိုင်းပြင်ပေးထားရင် မိမိကိုယ်တိုင်ဝင်ပြီး Update လုပ်တာမှတစ်ပါး app တွေကို Auto Update လုပ်မပေးတော့ပါ။

Play Store’s Auto Update ပိတ်ထားပြီး Google Play Store မှ ဒေါင်းထည့်ထားသော app များကို Update လုပ်ချင်ပါက အောက်ပါပုံအတိုင်း မိမိကိုယ်တိုင်ဝင်ကြည့်ပါ။ လုပ်ချင်သော app တစ်ခုစီကို Update လုပ်ပေးပါ။


Global ROM ကိုပြောင်းတင်ပြီး Female for English..Waiting for WLAN စသည်ဖြင့်ဖြစ်နေတတ်တဲ့ဟာပျောက်အောင်အတွက်ကတော့ အောက်ပါပုံထဲကအတိုင်း Download Manager app ကိုလုပ်ထားပေး ပြီးရင် အဆင်ပြေပါတယ်။

Global ROM ကိုပြောင်းတင်ပြီး Female for English..Waiting for WLAN စသည်ဖြင့်ဖြစ်နေတတ်တဲ့ဟာပျောက်အောင်အတွက်ကတော့ အောက်ပါပုံထဲကအတိုင်း Download Manager app ကိုလုပ်ထားပေး ပြီးရင် အဆင်ပြေပါတယ်။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂 

Leave a Reply

Your email address will not be published. Required fields are marked *