Press "Enter" to skip to content

New way to Apply Custom Themes & Fonts

Thet Zaw Ko 0

အခုနောက်ပိုင်းမှာ Xiaomi Theme Policy တွေပြောင်းလဲလာတောကြောင့်လားတော့မသိ။ မိမိတို့ဆီမှာ ရှိနေတဲ့ custom themes, fonts mtz file တွေကို ဖုန်းထဲမှာ import လုပ်ပြီး Apply လုပ်ရင် Designer Account ရှိနေတာတောင် Error ပြပြီး သုံးလို့မရဖြစ်လာပါတယ်။ အဲသည်အတွက် MIUI Theme Editor app လေးကို သုံးပြီး အလွယ်တကူကျော်လွှားအသုံးပြုနိုင်ပါတယ်။

MIUI Theme Editor app ကို Google Play Store ကနေတိုက်ရိုက် download လုပ်ပြီးဖုန်းမှာသွင်းထားလိုက်ပါ။

Download MIUI Theme Editor app 

[ From Google Play Store ]

Google Play Store အဆင်မပြေသူတွေအဖို့ APKPURE.COM ကနေလည်း Download ပြုလုပ်ပြီး ရလာတဲ့ xapk file ကို Install ပြုလုပ်နိုင်ပါတယ်။ APKPURE ကဟာကတော့ Data ပါပါပြီးသားဖြစ်တဲ့ XAPK file ဖြစ်တာကြောင့် apk pure app လေးကိုပါ ဖုန်းထဲ install ထားပြိး အဲသည်ကမှတစ်ဆင့် Install လုပ်ခိုင်းရပါလိမ့်မယ်။ APK Pure ကလည်း Google Play Store လို Android App Store တစ်ခုပေါ့။ Google Play Store အဆင်မပြေလို့ဆိုသူများက သည် APK Pure ကိုလည်း App Store တစ်ခုအနေနဲ့အသုံးပြုနိုင်တာပါပဲ။

Download APKPure app

[ From APKPure.com ]

APKPure apk လေးကို ဖုန်းမှာ install ပြီးပြီဆိုရင်တော့ အဲသည်ထဲကနေတစ်ဆင့် MIUI Theme Editor app ကို search လုပ်ပြီး Install ခိုင်းလို့ရပါပြီ။ သည် APKPure app လေးဟာလည်း Google Play Store အဆင်မပြေသူများအဖို့ app တွေ ဒေါင်းထည့်သုံးနိုင်တဲ့ App Store လေးတစ်ခုပဲဖြစ်ပါတယ်။ သူ့ဆီကနေ ဒေါင်းထည့်တဲ့ app တွေကလဲ xiaomi ph တွေမှာ အဆင်ပြေတာများပါတယ်။

သည် post မှာကတော့ မိမိတို့မှာရှိနေတဲ့ font mtz file တစ်ခုကို apply လုပ်လို့ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာရှင်းပြမှာပါ။ အခုလိုလုပ်ဖို့အတွက် Designer Account ဆိုတာလည်း မလိုအပ်ပါဘူး။ ရှိနေရင်တော့လည်း ပိုကောင်းတာပေါ့။ theme mtz file ကိုလုပ်တာလဲ နည်းအတူတူပဲဖြစ်ပါတယ်။ အရင်ဆုံးရှိနေဖို့လိုအပ်တာက မိမိတို့ဖုန်းမှာ download ပြိးသားဖြစ်နေရမယ့် theme mtz or font mtz files တွေပါ။ ကျနော်ပြုလုပ်ထားခဲ့တဲ့ font mtz file တွေကို နှစ်သက်ရင် အောက်ပါ links တွေမှာ အလိုရှိရာ တစ် file ချင်း download ပြုလုပ်ပြီး အသုံးချနိုင်ပါတယ်။

Download Simple Zawgyi Fonts (31 mtz font files)

[ Xiaomi Knowledge Cloud ] or [ Google Drive ]

Download Zawgyi Redefined Fonts (10 mtz font files)

[ Xiaomi Knowledge Cloud ] or [ Google Drive ]

theme or font mtz file ဖုန်းထဲမှာရှိနေပြီဆိုရင်တော့ MIUI Theme Editor App ကိုဖွင့်လိုက်ပါ။ MIUI Theme Editor app လေးကိုဖွင့်သုံးနေချိန် အင်တာနက်လိုပါတယ်။ Internet connection ဖွင့်ပေးထားပါ။ Browse button နှိပ်လို့ မိမိတို့ဖုန်းထဲမှာရှိတဲ့ mtz file ကို ရွေးပေးလိုက်ပြီး customize လုပ်တဲ့ဆီဆက်ဖို့ Start button နှိပ်ပေးလိုက်ပါ။

mtz file ကို customize လုပ်နိုင်တဲ့ Screen ကိုရောက်ပါပြီ။ ပါတဲ့ functions တွေကိုတော့ သည်နေရာမှာမပြောတော့ပါဘူး။ app သုံးတာဖြစ်လို့ မိမိဖာသာ လိုက်ကလိကြည့်ပါ။ သည်နေရာမှာတော့ Apply လုပ်မရဖြစ်နေတဲ့ mtz ကို သုံးလို့ရအောင် လုပ်တာလေးပဲပြောသွားပါမယ်။ သည် Screen မှာ ဘာမှလုပ်နေစရာမလိုပါ။ Next button သာနှိပ်ပေးလိုက်ရုံပါ။ မိမိတို့ရဲ့ mtz file ကို ဘာနာမည်နဲ့ ဘယ်နေရာမှာသိမ်းပေးမယ်ဆိုတာပြနေပါမယ်။ နောင် mtz file ကူးပြီးသိမ်းထားလို့ရအောင် မှတ်ထားပေးပေါ့။ Default သိမ်းတဲ့နေရာကတော့ Phone Internal Storage / MIUI / theme Folder အောက်မှာပါ။ FINISH button သာနှိပ်ပေးလိုက်ပါ။

mtz file အသစ်တစ်ခု generate လုပ်ပေးပြီးရင် ဖုန်းထဲမှာ တစ်ခါတည်း install (import) မလားလို့မေးပါတယ်။ တစ်ခါတည်းလုပ်ခိုင်းလိုက်ပါ။ ပြီးရင်တော့ မိမိတို့ထည့်ထားတဲ့ mtz ကို Themes app ဖွင်ြ့ပီး apply လုပ်နိုင်ပါပြီလို့ လာပြပါတယ်။ OK နှိပ်ပြီးသာထွက်လိုက်နိုင်ပါပြီ။

Theme mtz file ကို လုပ်ခဲ့တာဆိုရင်တော့ Themes app ကိုဖွင့်ပြီး Local Theme list ထဲဝင်ကြည့်ရင် တွေ့နေပါပြီ။ နှိပ်ဝင်ပြီး Apply လုပ်ပေးရုံပါ။ Font mtz file ကိုလုပ်ခဲ့တာဆိုရင်တော့ သည်နေရာမှာ နှိပ်ဝင်ပြီး Apply မလုပ်ပါနဲ့။ နမူနာလုပ်ပြထားတာက Font mtz file ကိုလုပ်ခဲ့တာမို့လို့ သည်နေရာမှာနှိပ်ဝင်ပြီး Apply မလုပ်ပါဘူး။

  • Font ကို Apply လုပ်ဖို့ကတော့ အောက်ပါပုံအတိုင်းဝင်ပြီး Apply လုပ်နိုင်ပါတယ်။

  • MIUI 9 မှာဆိုရင်တော့ Fonts ရွေးချယ်တဲ့ဆီကို အခုလိုဝင်နိုင်ပါတယ်။


Paid Themes တွေကို Download ပြုလုပ်ပြီး MIUI Theme Editor ကိုသုံးလို့ Free ဖြစ်အောင်လုပ်သုံးချင်တာမျိုးအတွက် သည် post [ -> Trick for Themes <- ] မှာလေ့လာကြည့်ပါ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂 

Leave a Reply

Your email address will not be published. Required fields are marked *