Press "Enter" to skip to content

PC Driver Installation for Xiaomi Devices (27-06-2017 Update)

Thet Zaw Ko 0

Xiaomi Phones တွေကို ကွန်ပျူတာသုံးပြီး Mi Flash Tool နဲ့ firmware တင်ချင်တာပဲဖြစ်ဖြစ်၊ TWRP Custom Recovery သွင်းချင်တာပဲဖြစ်ဖြစ်၊ Boot Loader Unlock လုပ်ချင်တာပဲဖြစ်ဖြစ်.. အစရှိသည်တို့ကို လုပ်ဆောင်နိုင်ဖို့ ကွန်ပျူတာမှာ လိုအပ်တဲ့ Drivers တွေ၊ ADB Tool files တွေကို ထည့်သွင်းပေးထားရပါမယ်။ Drivers တွေ သေချာ အလုပ်လုပ်ဖို့ Windows version ပေါ်မူတည်ပါတယ်။ သည်တော့ Windows 64 bit versions တွေအတွက် အဓိကထားပြောပြပါမယ်။ Windows 32 bit version တွေအတွက် သီးသန့်ပြောစရာသိပ်မလိုလှပါ။ လိုအပ်တဲ့ Setup file ကို Installation လုပ်ရုံပါ။

How to check Windows Version?

ကိုယ့် PC က ဘယ် Windows version သုံးထားလဲဆိုတာကို အရင်ကြည့်ထားပါ။ My Computer (Windows 7)၊ This PC (Windows 8, 8.1, 10) ကို Right Click နှိပ်၊ ပေါ်လာတဲ့ Shortcut Menu မှ Properties ကို ရွေးပြီးကြည့်ထားပါ။

ပထမဆုံး လုပ်ပေးရမယ့်အရာကတော့ Adb, Fastboot tool files လေးတွေကို ကွန်ပျူတာထဲထည့်သွင်းပေးထားဖို့ပါ။ Windows version ဘာဖြစ်နေပါစေ အရေးမကြီးပါ။ PC ထဲထည့်ထားဖို့ပါပဲ။ ကွန်ပျူတာမှာ ဖြည်ချပါ။ Folder တစ်ခုရလာပါမယ်။ အဲသည်ထဲက files လေးခုစလုံးကို C:\WINDOWS အောက်ကို ကူးထည့်ပေးပါ။ System folder ထဲကူးတာဖြစ်လို့ Warning Box ပေါ်လာပါမယ်။ Continue သာနှိပ်ပေးလိုက်ပါ။ အဲသည်အောက်ကူးထည့်ပြိးရင်တော့ ADB, Fastboot နဲ့ ပတ်သက်တဲ့ commands တွေကို ဘယ်အချိန်မဆို အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါပြီ။

Download ADB & Fastboot Tool Files

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]


Preparation for Windows 64 bit Computers

Windows 64 bit ကွန်ပျူတာများအနေနဲ့ 64 bit drivers များအဆင်ပြေစွာ install လုပ်နိုင်အောင် Driver Signature Enforcement ကို OFF ပေးရပါမယ်။ အောက်တွင်ပေးထားသော link မှ file ကို download လုပ်ပါ။ အဲသည် file ကိုဖြည်ပြီး ရလာတဲ့ bat file ပေါ် Right Click နှိပ်ပြီး ပေါ်လာသည့် Shortcut Menu မှ Run As Administrator ကို ရွေးပေးလိုက်ပါ။ (Screen Shot ထဲမှာ exe ဖြစ်နေတာ စိတ်ထဲမထားပါနဲ့ 😀 ) Command Windows တစ်ခု ခဏပေါ်လာပြီး သိပ်မကြာခင် ကွန်ပျူတာ REBOOT ကျသွားပါလိမ့်မယ်။ Windows 32 bit Computer များအတွက် သည်ဟာလုပ်စရာမလိုအပ်ပါ။

Download DRIVER_SIGNATURE_OFF.BAT

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]

Windows ပြန်တက်လာချိန်မှာ Desktop Screen ညာဖက်အောက်ထောင့်မှာ Test Mode လို့စာသားလေးပေါ်နေတာတွေ့ရပါမယ်။ အဲလိုဆိုရင်တော့ Driver Signature Enforcement OFF နေပြီဖြစ်ပြီး 64bit drivers တွေကို Install လုပ်ဖို့ အသင့်ဖြစ်ပါပြီ။


Driver Installation

အခုဆိုရင် 32 bit Windows ပဲဖြစ်ဖြစ်၊ 64 bit Windows ပဲဖြစ်ဖြစ် Drivers တွေတင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ Mi Flash Tool နဲ့ Firmware တွေရေးတဲ့နေရာမှာ 64 bit Windows တွေသာ ပိုပြီး အဆင်အပြေဆုံးဖြစ်သည်မို့ ဖြစ်နိုင်ရင်တော့ Windows 64 bit ကိုသာ အသုံးပြုပါ။ ဖုန်းဖွင့်ထားပြီး USB Debugging ON ထားချိန် ကွန်ပျူတာနဲ့ချိတ်ပြီး ADB Mode မှာ ကောင်းစွာအလုပ်လုပ်အောင်၊ ဖုန်းကို Fastboot mode ဝင်ထားပြီး ကွန်ပျူတာနဲ့ချိတ်ရင် Fastboot Mode မှာ ကောင်းစွာအလုပ်လုပ်အောင် Xiaomi USB Phone Driver တွေကို အရင်ဆုံးတင်ပေးပါမယ်။ Xiaomi USB Phone Drivers ကို အောက်ပါ link မှာ Download ပြုလုပ်ပါ။ ကွန်ပျူတာမှာ archive file ဖြည်ချလို့ ရလာတဲ့ folder ထဲက Mi USB Driver.exe ပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ Shortcut Menu မှ Run As Administroator ကိုရွေးပြီး Run ပါ။

Download Xiaomi USB Drivers

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]

Drivers တွေ Install လုပ်ထားခြင်းမရှိသေးဘူးဆိုတာ လာပြနေပါလိမ့်မယ်။ Install button ကို နှီ်ပ်ပေးလိုက်ပါ။ Driver တွေသွင်းသွားပါလိမ့်မယ်။

64 bit Windows သုံး ကွန်ပျူတာများအနေနဲ့ Drivers တွေ Install လုပ်နေချိန်မှာ Warning box အနီတစ်ခုတက်လာချင်လာပါလိမ့်မယ်။ အဲသည်နေရာမှာ Install this driver software anyway… ဆိုတာသာနှိပ်ပေးပြီး Install လုပ်ခိုင်းလိုက်ပါ။


Checking Drivers

Drivers တွေထည့်သွင်းပြီးရင် ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ပြီး ADB mode, Fastboot mode တွေမှာ ကောင်းမွန်စွာ အလုပ် လုပ် မလုပ် Command Line မှ စစ်ဆေးနိုင်ပါတယ်။ Phone Settings–> About Phone–> MIUI Version နေရာကို ခြောက်ချက်ခန့် Tap လုပ်ပါ။ Developer Options ပေါ်လာပါပြီ။ Settings–> Additional Settigns–> Developer Options ထဲကိုသွားပါ။ USB Debugging ONထားပေးပါ။ ကွန်ပျူတာနဲ့ဖုန်းကို USB Cable နဲ့ဆက်ပါ။ ဖုန်းမှာ USB Debugging နဲ့ပတ်သက်တဲ့ Warning Box တစ်ခုတက်လာပါမယ်။ ကိုယ့်ကွန်ပျူတာနဲ့ အမြဲချိတ်ဆက်အလုပ်လုပ်နေစေဖို့ Always allow from this computer ဆိုတာလေးအမှန်ခြစ်ပေးပြီး OK နှိပ်ပေးပါ။ ဖုန်းနဲ့ကွန်ပျူတာချိတ်ချိန် မပေါ်ရင်လည်း ADB Command ရိုက်ချိန် ပေါ်လာပါလိမ့်မယ်။ အဲသည်အချိန်မှာလုပ်ပေးပါ။

ADB Mode Check

Computer Keyboard မှ Windows Key + R တွဲနှိပ်ပြီး Run Box ကိုခေါ်ပါ။ cmd command ရိုက်ထည့်ပြီး Command Windows ခေါ်ပါ။

Command Windows မှာ adb devices လို့ရိုက်စစ်လျှင် device (မျဉ်းဝါတားထား) တစ်ခုပြနေရပါမယ်။ အဲဒါဆို PC က ဖုန်းကို ADB Device တစ်ခုအနေနဲ့သိပါပြီ။

Computer က Device Manager မှာ ADB Device တစ်ခုတွေ့နေပါမယ်။

Fastboot Mode Check

ဖုန်းကို Power ပိတ်ပါ။ Vol Down + Power key တူတူတွဲနှိပ်ထားလျှင် fastboot mode ရောက်ပါပြီ (Mi Bunny ပုံလေးပေါ်နေပါမယ်)။ ကွန်ပျူတာ နှင့်ဖုန်းကို USB Cable နဲ့ချိတ်ပါ။ Windows Key + R တွဲနှိပ်၊ cmd ရိုက်ပြီး Command Windows ခေါ်ပြိး fastboot devices ဟု command ရိုက်စစ်ပါ။ Fastboot device ( မျဉ်းဝါတားထား ) တစ်ခုပြနေရပါမယ်။

အခုဆိုရင် မိမိဖုန်းဟာ ကွန်ပျူတာနဲ့ ADB Mode မှာဖြစ်ဖြစ်၊ Fastboot Mode မှာဖြစ်ဖြစ် အဆင်ပြေပြေ အလုပ်လုပ်နေပါပြီ။


Additional Drivers

နောက်ထပ်တင်ဖို့လိုအပ်တဲ့ Drivers တွေကတော့ Qualcomm Drivers, MTK VCOM Drivers တွေပါ။ မိမိဖုန်းဟာ Qualcomm CPU သုံးထားတဲ့ model တွေဆိုရင် Qualcomm Drivers တွေလိုပါတယ်။ MTK CPU သုံး Model တွေဆိုရင် MTK VCOM Drivers တွေလိုပါမယ်။ ဘယ်အချိန်မှာလိုမလဲဆိုတော့ အခုနောက်ပိုင်းဖုန်း model တွေဟာ Boot Loader Lock model တွေဖြစ်ကြပါတယ်။ အဲဒါတွေကို လိုအပ်လာလို့ Firmware ပြန်တင်တဲ့အခါမှာ Qualcomm model တွေက EDL Mode (9008 Mode), MTK model တွေက MTK VCOM Mode မှာဝင်ပြီး Flash Tool တွေ သုံးလို့ ပြန်တင်ပေးရပါမယ်။ အဲသည်အချိန်အတွက်လိုအပ်တာပါ။ Boot Loader Lock မပါတဲ့ model တွေ၊ Boot Loader Unlock လုပ်ထားပြီးတဲ့ဖုန်းတွေကတော့ Fastboot Mode ဝင်ပြီး Mi Flash Tool နဲ့တင်နိုင်ပါတယ်။ အဲသည်အတွက်ကတော့ အပေါ်အဆင့်က ADB, Fastboot Drivers တွေတင်ခဲ့တာနဲ့တင်လုံလောက်ပါတယ်။

Qualcomm Drivers တွေတင်ဖို့ကတော့ အောက်ပါ link မှ file  ကို Download ပြုလုပ်ပါ။ Archive ဖြည်လို့ရလာတဲ့ Folder ထဲက Install_Qualcomm_Drivers.exe file လေးပေါ်မှာ Right Click နှိပ်၊ ပေါ်တာတဲ့ Shortcut Menu မှ Run As Administrator ကို ရွေးပေးလိုက်ပါ။ ထူးထွေဘာမှရွေးချယ်ပေးနေစရာမလိုပါ။ Auto Install လုပ်ပေးပါလိမ့်မယ်။ Drivers တွေသွင်းနေချိန် ထုံးစံအတိုင်း Warning box အနီပေါ်လာပါက Install this driver software anyway… နှိပ်ပေးပါ။

Download Qualcomm Drivers

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]

MTK Model တွေအတွက် (ဥပမာ Redmi Note 3 MTK, Redmi Note 4 MTK, Redmi Pro) MTK VCOM Drivers တွေကို အောက်ပါ link မှာ Download ပြုလုပ်ပါ။ Archive file ကိုဖြည်ပါ။ ရလာတဲ့ Folder ထဲက DriverInstaller.exe file ပေါ်မှာ Right Click နှိပ်၊ Shortcut Menu မှ Run As Administrator ကိုနှိပ်ပေးပါ။

Download MTK VCOM Drivers

[ Xiaoim Knowledge Cloud ] or [ Google Drive ] or [ PCloud ]

ထုံးစံအတိုင်း Warning box အနီပေါ်လာပါက Install this driver software anyway… နှိပ်ပေးပါ။

အခုဆိုရင်တော့ လိုအပ်လို့ EDL mode (9008) ဝင်လို့ Mi Flash Tool နဲ့ Firmware တင်ရသည်ဖြစ်စေ၊ SP Flash Tool နဲ့ MTK VCOM Mode ကနေ Firmware ရေးရသည်ဖြစ်စေ Drivers တွေ ထည့်သွင်းထားပြီမို့ အဆင်ပြေပြေတင်နိုင်ပါပြီ။ 64 bit Windows တွေမှာ Drivers တွေတင်ပြီးလို့ အဆင်ပြေပြေအလုပ်လုပ်နေပြီဆိုပါက Desktop ညာဖက်အောက်နားမှာရှိတဲ့ Test Mode လို့ပေါ်နေတာလေးတွေ ပြန်ပျောက်ချင်ပါက DRIVER_SIGNATURE_NORMAL.BAT File လေးကို download ပြုလုပ်ပြီး၊ Archive ကိုဖြည်.. ရလာတဲ့ bat file လေးပေါ် Right Click -> Run As Administrator အနေနဲ့ run ပေးလိုက်ပါ။ ကွန်ပျူတာ Reboot ကျသွားပြီး ပြန်တက်လာရင် Test Mode ပေါ်တာပျောက်သွားပြီး မူရင်းအခြေအနေအတိုင်း Driver Signature Enabled ON နေပါလိမ့်မယ်။

Download Driver_Signature_Normal.BAT

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]


Firmware တင်ဖို့အတွက် Mi Flash Tools တွေကို အောက်မှာ Download ပြုလုပ်နိုင်ပါတယ်။ Fastboot mode ကနေ တင်တင်၊ EDL Mode (9008) ကနေတင်တင် Mi Flash Tool ကို သုံးနိုင်ပါတယ်။ Install လုပ်တာကတော့ ထုံးစံအတိုင်း Setup file ကို Right Click –> Run As Administrator နဲ့ run ပါ။ Mi Flash Tool ကိုသုံးပြီး Firmware တင်တာကိုတော့ သည်နေရာမှာ [ -> Flashing Fastboot ROMs with Mi Flash Tool <- ] လေ့လာနိုင်ပါတယ်။

Mi Flash Tools (Download from Xiaomi Knowledge Cloud)

Mi Flash Tools (Download from Google Drive)

Mi Flash Tools (Download from PCloud)


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂 

Leave a Reply

Your email address will not be published. Required fields are marked *