Press "Enter" to skip to content

Backup & Restore Data (Local)

Thet Zaw Ko 0

ဖုန်းကို အကြောင်းအမျိုးမျိုးကြောင့် Factory Reset ဖို့လိုအပ်လာရင်၊ Firmware ပြန်တင်ဖို့လိုအပ်လာရင် ဖုန်းထဲမှာရှိတဲ့ မိမိတို့ Data တွေကို Backup ယူထားတာ၊ ဖုန်း OS အသစ်ပြန် တက်လာချိန်မှာ ပြန်ပြီး Restore လုပ်တာလေးတွေကို လေ့လာကြည့်ရအောင်…။ သီးခြား software မလိုလှပါ။ ဖုန်း Settings ထဲမှာပါတဲ့ Backup Feature နဲ့ပဲ ကိုယ်လိုတာတွေ တော်တော်များများ လုပ်လို့ အဆင်ပြေပါတယ်။

Backing Up Data

ဖုန်းမှာပါတဲ့ Backup & Restore feature ဆီကို အောက်ပါပုံအတိုင်း ဝင်ပါ။

Main backup screen ပေါ်လာပါမယ်။ အရင် backup လုပ်ဖူးထားတွေရှိရင် backup လုပ်ခဲ့တဲ့ Date တွေနဲ့ backup list တွေပေါ်နေမှာပါ။ အဲသည် List ကိုရွေးပြီး မလိုတော့တဲ့ backup တွေကို ဖျက်တာ၊ ဖုန်းထဲမှာ Restore လုပ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ ဘာတွေကို Backup လုပ်ပေးမလဲဆိုရင်တော့ ဖုန်းရဲ့ System Settings တွေနဲ့ ကိုယ်ထည့်သွင်းထားတဲ့ applications တွေကို backup လုပ်ပေး မှာပါ။ မြှားလေးတွေကို နှိပ်လိုက်ရင် ဘာတွေကို backup လုပ်မယ်ဆိုတာ တစ်ခုချင်းရွေးချယ်နိုင်ပါတယ်။ Default အနေနဲ့ကတော့ backup လုပ်ပေးနိုင်တာတွေအားလုံးကို ရွေးချယ်ပေး ထားမှာပါ။

System နဲ့ပတ်သက်လို့ backup လုပ်ပေးမှာတွေကတော့ ကိုယ်ဖုန်းခေါ်ခဲ့တဲ့ call log တွေ၊ ကိုယ့်ရဲ့ contacts တွေ၊ ပို့ခဲ့ ဝင်ခဲ့တွေ sms messages တွေ၊ ဖုန်း Settings ထဲမှာ ချိန်ထားခဲ့တဲ့ Settings တွေ၊ Mi Account informations တွေ၊ ကိုယ့်ဖုန်းချိတ်ဆက်ခဲ့တဲ့ Wifi တွေရဲ့ နာမည်တွေ၊ Password တွေ.. ၊ Browser မှာမှတ်ထားခဲ့တဲ့ settings, book marks တွေ…. အစရှိသည်တွေကို အကုန် backup လုပ်ပေးထားပါမှာ။ Restore ပြန်လုပ်လိုက်ရင် အဲဒါတွေက အကုန် Ready အသင့်အသုံးပြုနိုင်တဲ့ အခြေအနေမှာရှိနေမှာပါ။

App နဲ့ပတ်သက်တာတွေကတော့ ကိုယ် install လုပ်ထားတဲ့ applications တွေကို backup ယူပြိးသိမ်းထားမှာပါ။ facebook, viber အစရှိတဲ့ app တွေပေါ့။ Restore ပြန်လုပ်တာနဲ့ app အကုန် install လုပ်ပြီးသား ဖြစ်နေမှာပါ။

ကိုယ်လိုချင်သလိုရွေးချယ်ပေးထားပြီးရင်တော့ Backup ဆိုတဲ့ button ကိုသာနှိပ်လိုက်ပါ။ Backup လုပ်နေပါလိမ့်မယ်။ 100% ပြည့် လို့ပြီးဆုံးသွားချိန်မှာတော့ ဘာတွေကို backup လုပ်ခဲ့တယ်။ size ဘယ်လောက်ရှိတယ်။ ဘယ်နေ့ ဘယ်အချိန်က လုပ်ခဲ့တယ်ဆိုတဲ့ info တွေကို ပြနေတဲ့ backup တစ်ခုကိုတွေ့နေပါပြီ။ Backup လုပ်တာ ပြီးဆုံးပါပြီ။

Backup button ဘေးနားက သော့ပုံလေးကတော့ Backup ကို Encrypt လုပ်ပြီး password ထားထားတာပါ။ အဲသည် password ကတော့ အခု backup ကိုလုပ်နေတဲ့အချိန် ဖုန်းမှာဝင်ထားတဲ့ Mi Account ရဲ့ password ပါ။ သော့ပုံလေးကို နှိပ်လိုက် တာနဲ့ Backup တွေက encrypt ဖြစ်သွားပါမယ်။ ပြန် restore လုပ်ဖို့အတွက်ကတော့ အခု backup ယူခဲ့ချိန် ဖုန်းမှာဝင်ထားတဲ့ Mi Account login ဝင်ထားရပါမယ်။ Restore လုပ်ချိန် password မေးရင် Mi Account password ထည့်ပေးရပါမယ်။ မှန်မှ Restore လုပ်ပေးမှာပါ။ ကိုယ့် backup တွေကို password ခံထားတဲ့သဘောပါ။ Encrypt လုပ်ဖို့ သော့ပုံလေးနှိပ်ချိန် အင်တာနက်ဖွင့်ထားပေးရပါမယ်။

Backup တွေရဲ့ default location ကတော့ Phone Storage ထဲပါပဲ။ ကိုယ့်ဖုန်းကို Factory Reset ချိန်၊ Firmware ပြန်တင်ချိန်မှာ အဲသည် Phone Storage ထဲက files တွေပါ ပျက်တတ်တာမို့ backup တွေကို ကွန်ပျူတာမှာဖြစ်စေ၊ OTG Memory stick မှာဖြစ်စေ၊ SD Card ထဲမှာဖြစ်စေ ကူးသိမ်းထားပါ။ Backup တွေကူးဖို့ ရှာရမယ့်နေရာကတော့ Phone Storage ထဲက MIUI Folder အောက်က backup ဆိုတဲ့ folder ပါ။ အဲသည် folder ကို ကူးသိမ်းထားရင် ရပါပြီ။ နာမည်ပြောင်းတာတွေဘာတွေ မလုပ်ပါနဲ့..။


Restoring Data

ဖုန်းကို Factory Reset မလုပ်ခင်၊ Firmware တင်တာတွေမလုပ်ခင် မိမိတို့ ကူးသိမ်းထားသော backup folder ကို Phone Storage ထဲက MIUI folder အောက်မှာကူးထည့်ပါ။

ပုံပါအတိုင်း backup list ကို ကြည့်ရန်ဝင်ပါ။

Backup Lists တွေပေါ်လာပါမယ်။ Data/Time ကိုကြည့်ပြီး မိမိတို့ Restore လုပ်ချင်တဲ့ Backup List ကိုရွေးပါ။ System/App ထဲမှာ မိမိတို့ ပြန်ထည့်ချင်တာတွေကိုသာရွေးပြီး ထည့်နိုင် ပါသေးတယ်။ ဘာမှအသေးစိတ်ဆက်မရွေးချင်တော့ရင် Default ကတော့ သိမ်းထားတာ အကုန်ပေါ့။ ပြီးရင်တော့ Restore button နှိပ်လိုက်ရင် သူ့ဟာသူ Restore လုပ်သွားပြီး 100% ပြည့်သွား ချိန်မှာတော့ မိမိတို့အရင်သိမ်းခဲ့တဲ့ system settings တွေ၊ applications တွေက ဖုန်းထဲမှာသုံးရန် အဆင်သင့်ဖြစ်ပါပြီ။


အခု Local Backup ထဲမှာ မပါတာကတော့ Gallery contents တွေဖြစ်တဲ့ songs, photos, videos တွေပါပဲ။ အဲဒါတွေကို Mi Account Sign In ဝင်ပြီးသုံးထားရင် Mi Cloud Storage မှာ အင်တာနက်ဖွင့်တိုင်း auto sync လုပ်ပြီး backup လုပ်ပေးပါတယ်။ Mi Cloud ကို အသုံးပြုပုံတွေကိုတော့ အောက်ပါ links တွေမှာ လေ့လာနိုင်ပါတယ်။

မိမိဖာသာ Phone Storage ထဲမှာ ကူးသိမ်းထားတဲ့ pdf files, apk files, rom zip files အစရှိသည်တွေကိုတော့ File Explorer ကိုသာသုံးပြီး အဆင်ပြေသလို ကူးသိမ်းထားပါ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂 

Leave a Reply

Your email address will not be published. Required fields are marked *