Press "Enter" to skip to content

Flashing Fastboot ROMs with Mi Flash Tool

Thet Zaw Ko 2

Fastboot ROM တွေကို Mi Flash Tool နဲ့ ကွန်ပျူတာကိုသုံးပြီး firmware ရေးသားရာမှာ အရင်ဆုံးလိုအပ်ချက်ကတော့ ကွန်ပျူတာမှာ Adb, Fastboot, Qualcomm Drivers တွေ မှန်ကန်စွာ Install လုပ်ပေးထားပြီး ဖုန်းနဲ့ကွန်ပျူတာဟာ adb mode မှာဖြစ်စေ၊ fastboot mode မှာဖြစ်စေ၊ EDL mode (9008) မှာဖြစ်စေ မှန်ကန်စွာ အလုပ်လုပ်နေဖို့ပါ။ လိုအပ်တဲ့ Driver တွေ Install တာ၊ သက်ဆိုင်ရာ mode တွေမှာ မှန်ကန်စွာ အလုပ်လုပ် မလုပ် ဆိုတာကို သည်နေရာမှာ [ >> PC Driver Installation for Xiaomi Phones << ] လေ့လာပြီး ဦးစွာ ပြင်ဆင်ပါ။

မိမိတင်ချင်တဲ့ Fastboot ROM ကို ရှာပြီး download ပြုလုပ်တာ၊ ရလာတဲ့ Fastboot ROM file ကို Mi Flash Tool နဲ့ Firmware ရေးသားဖို့ လိုအပ်သလို ပြင်ဆင်ပေးထားရတာတွေကို သည်နေရာမှာ [ >> Preparing Fastboot ROM Using 7Zip Tool ] လေ့လာပြီး ROM ကို အရင်ပြင်ဆင်ပေးထားပါ။

Drivers တွေတင်ပြီးပြီ၊ Fastboot rom ကို download ပြုလုပ်ပြီး file ဖြည်ချပြင်ဆင်ပြီးပြီ ဆိုရင်တော့ Firmware ရေးသားခြင်းစတင်နိုင်ပါပြီ။


Mi Flash Tool နဲ့ firmware ရေးရာမှာ စဉ်းစားဖို့ အချက်နှစ်ချက်ရှိပါမယ်။ အဲသည်အချက်တွေကတော့

  • မိမိဖုန်းဟာ Boot Loader Lock မပါတဲ့ model ဆိုရင်၊ Boot Loader Lock ပါသော်လည်း Boot Loader Unlock (BLU) လုပ်ပြီးပြီဆိုလျှင် ဖုန်းကို fastboot mode အနေအထားသို့ ဝင်ထားပြီး firmware ရေးနိုင်ပါတယ်။ (Qualcomm CPU, MTK CPU သုံး မည်သည့်ဖုန်းအမျိုးအစားကိုမဆို)

သည်လိုအနေအထားဖုန်းတွေအတွက် Mi Flash Tool ကိုတောင်မသုံးပဲ firmware ရေးတာကို သည်နေရာမှာ [ >> Flashing fastboot rom without using Mi Flash Tool << ] လေ့လာနိုင်ပါတယ်။

  • မိမိဖုန်းဟာ Boot Loader Unlock မလုပ်ရသေးဘူးဆိုရင်တော့ ဖုန်းကို EDL (Emergency Download Mode) အနေအထားသို့ ဝင်ထားပြီး firmware ရေးနိုင်ပါတယ်။ အဲသည် mode ကို QDLoader mode, 9008 mode စသည်ဖြင့်လည်း ခေါ်ကြပါတယ်။ သည်ပုံစံကတော့ Qualcomm CPU သုံးတဲ့ဖုန်းတွေကို Boot Loader Unlock မလုပ်ရသေးချိန်မှာ Mi Flash Tool နဲ့ firmware ပြန်တင်တာပါ။

MTK CPU သုံးဖုန်းတွေကတော့ Boot Loader Unlock မလုပ်ရသေးခင်မှာ firmware တင်ချင်ရင် SP Flash Tool ကိုသုံးပြီး တင်ပေးရပါမယ်။ သည်နေရာမှာ [ >> Flashing Global ROM on Redmi Note 4 << ] နမူနာအနေနဲ့ လေ့လာနိုင်ပါတယ်။

အသုံးပြုမယ့် Mi Flash Tool တွေကတော့

Mi Flash Tool  2017-7-20

[ Download From tzko-xiaomi.info Cloud ] or [ Download From Google Drive ] or [ Download Fron PCloud ]

Mi Flash Tool for Windows 64 bit Only

[ Download From tzko-xiaomi.info Cloud ] or [ Download From Google Drive ] or [ Download Fron PCloud ]

Mi Flash Tool တစ်ခုချင်းစီရဲ့ အသေးစိတ် သဘောသဘာဝလေးတွေ၊ လုပ်နိုင်တာလေးတွေနဲ့ အခြား version များအတွက် သည် Post မှာဖတ်ရှုလေ့လာပြီး Download ပြုလုပ်နိုင်ပါတယ်။


Drivers တွေလည်း install လုပ်ပြီးပြီ။ Fastboot ROM ကိုလည်း download ပြုလုပ်ပြီးဖြည်ချပြီးပြီ။ ကိုယ်သုံးမယ့် Mi Flash Tool ကိုလည်း install ပြီးပြီဆိုရင်တော့ firmware ရေးသားဖို့ စတင်ရအောင်……။

Mi Flash Tool ကို ဖွင့်ပါ။ Fastboot ROM ကိုဖြည်ထားတဲ့ Folder ကိုရွေးပေးပါ။ Firmware folder ထိပဲရွေးရမှာပါ။ သူ့အောက်မှာရှိနေတဲ့ images folder ထိရွေးပေးစရာမလိုပါ။ Firmware Folder ဟာ C:\ or D:\ တို့အောက်မှာပဲရှိနေပြီး Path လမ်းတလျှောက်မှာ Space တွေ မပါပါစေနဲ့

ROM ကို Factory ထုတ်အတိုင်း clean ဖြစ်အောင် တင်မှာဖြစ်လို့ ကိုယ်သုံးတဲ့ Flash Tool အပေါ်မူတည်ပြီး Clean All or Flash All ကိုရွေးပေးပါ။ Default ရွေးထားပြီးတာ တွေ့ပေမယ့်လည်း သေချာအောင် circle ပေါ် Mouse တစ်ချက်တော့ နှိပ်ပေးလိုက်ပါ။ ကျန် option တွေကတော့ ကိုယ့် user data တွေချန်ပြီး ROM ကို flash တာနဲ့ firmware တင်ပြီး Boot Loader Unlock လုပ်ထားရင် lock ပြန်လုပ်လိုက်တဲ့ options တွေပါ။

Flash tool မှာပြင်ပေးရတာကတော့ Firmware folder ရွေးတာရယ်၊ Clean All or Flash All option ကိုရွေးပေးတာရယ် နှစ်ခုပါပဲ။ အခြား ဘာမှပြင်ဆင်စရာမလိုပါ။

ပြီးရင်တော့ ဖုန်းကို ဘယ် mode ဝင်ပြီး ကွန်ပျူတာနဲ့ချိတ်မယ်ဆိုတာပါပဲ။ Boot Loader Lock ဖြစ်နေပြီး Qualcomm CPU သုံးတဲ့ဖုန်းတွေကတော့ EDL (Emergency Download Mode) ကို ဝင်ပေးပြိး ချိတ်ရေးရပါမယ်။ Boot Loader Unlock မလုပ်ရသေးတဲ့ MTK CPU သုံးတဲ့ဖုန်းတွေကတော့ SP Flash Tool နဲ့ Redmi Note 4 ကို firmware ရေးတာ သည် blog ထဲမှာရှာပြီး လေ့လာပါ။ Boot Loader Unlock လုပ်ပြီးသား ဖုန်းတွေ၊ Boot Loader Lock မပါတဲ့ ဖုန်းတွေကတော့ Fastboot mode ကိုဝင်ပြီး ချိတ်ရေးရပါတယ်။ သုံးတဲ့ CPU မခွဲပါ။ ရေးလို့ရပါတယ်။ သူတို့အတွက်က Mi Flash Tool ကိုတောင်မသုံးပဲ command line ကနေလည်း firmware တင်လို့ရပါတယ်။ သည် blog ထဲမှာပဲ ရှာဖတ်ကြည့်ပါ။

EDL mode ကိုဝင်ဖို့ကတော့ Jig cable လို့ခေါ်တဲ့ Qualcomm Download mode ဝင်တဲ့ special cable လေးကို သုံးပါမယ်။ Phone hardware အပိုပစ္စည်းဆိုင်တွေမှာ ရပါတယ်။ ၃၀၀၀ ကျပ်ဝန်းကျင်သာရှိပါတယ်။ Cable တိုင်းက မကောင်းပါ။ ဆိုင်မှာသေချာ EDL mode ဝင် ရ မရ စစ်ကြည့်ပါ။ မစစ်နိုင်ပါက အပိုတစ်ချောင်းလောက်တော့ ဝယ်ခဲ့သင့်ပါတယ်။

ဖုန်းကို power ပိတ်ပါ။ ပုံပါကြိုးမျိုးကို ကျနော်ထိုးတာအဆင်ပြေတဲ့ပုံစံကတော့ ဖုန်းဖက်ခြမ်းမှာ cable ကို အရင်ထိုးထားပါတယ်။ ဗူးနီလေးမှာပါတဲ့ button လေးကို နှိပ်ထားပါတယ်။ မလွှတ်ပါနဲ့။ ပြီးမှနောက်တစ်ဖက် ကို ကွန်ပျူတာမှာထိုးပါတယ်။ button လေးကို 5 seconds လောက်ဆက်နှိပ်ထားပြီးမှ ဗူးနီလေးက button ကိုလွှတ်လိုက်ပါတယ်။ အဲသည်အခါ ကွန်ပျူတာရဲ့ Device Manager ထဲမှာ Qualcomm QDLoder Port (9008) တစ်ခုတွေ့မှာပါ။ ဒါဆို EDL mode ရောက်ပါပြီ။ အချို့ jig cable လေးတွေကတော့ ဖုန်းဖက်မှာထိုးတဲ့ usb ခေါင်းမှာပဲ button အသေးလေးတစ်ခုပါပါတယ်။ အဲလိုဟာမျိုးဆိုရင်တော့ ကွန်ပျူတာဖက်ခြမ်းကို ကြိုးအရင်ထိုးထား၊ ဖုန်းဖက် usb ခေါင်းခြမ်းမှာပါတဲ့ button လေးကိုဖိထားပြီး ဖုန်းမှာထိုးလိုက်ပါ။ ထုံးစံအတိုင်း 5 seconds လောက်ကြာမှ button လေးကို လွှတ်ပေးလိုက်ပါ။ ကြိုးကောင်းတယ်ဆိုရင် button လေးနှိပ်ထားပြီးကြိုးထိုးထားရင် ကွန်ပျူတာမှာ ဘာ activity မှမရှိပါ။ ဘာ noti sound မှလည်း အသံမထွက်ပါ။ button လွှတ်လိုက်မှ Device Manager မှာ QDLoader port တွေ့မှာပါ။ ကြိုးမကောင်းရင်တော့ button လေးနှိပ်ထိုးပေမယ့် ဖုန်းမှာ charging ဝင်တဲ့ပုံပေါ်လာတာ၊ ကွန်ပျူတာမှာ Unrecognized USB Device လို့ noti ပေါ်လာတာတွေ ဖြစ်တတ်ပါတယ်။

ပြီးရင်တော့ Flash Tool က Refresh Button ကို နှိပ်လိုက်ပါ။ Computer’s Device Manager မှာပြနေတဲ့ Port နံပါတ်အတိုင်း Device တစ်ခုပေါ်လာမှာပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဖြစ်လို့ Firmware ရေးရန် Flash Button ကိုသာနှိပ်ပေးလိုက်ပါ။ Firmware ရေးသွားပါလိမ့်မယ်။ ကိုယ့်ကွန်ပျူတာ speed ပေါ်မူတည်လို့ 5 minute ကနေ 15 minute ထိကြာမှာပါ။

Firmware ရေးတာပြီးရင်တော့ USB cable ကိုဖြုတ်၊ Power ခလုပ်ကို phone vibrate တစ်ချက်တုန်လာသည်ထိ နှိပ်ထားပေးလိုက်ပါ။ ၁၀ မိနစ်ခန့်စောင့်ပြီးရင်တော့ Setup Wizard ပေါ်လာပါပြီ။

Jig cable မသုံးပဲ EDL mode ကို ဝင်တဲ့နည်းတွေကိုတော့ သည်စာနောက်ဆုံးမှာလေ့လာကြည့်ပါ။ ကျနော် လေ့လာလုပ်ဖူးတာတွေလေးမျှဝေထားခြင်းပါ။ ဖုန်း model တစ်ခုချင်းစီအတွက် ဝင်နည်းအမျိုး မျိုးကိုတော့ xiaomi forum ရဲ့ ကိုယ့်ဖုန်း Section က Tips & Tutorials တွေမှာလေ့လာနိုင်ပါတယ်။


နောက်တစ်နည်းကတော့ Boot Loader Unlock လုပ်ပြီးသားဖြစ်စေ၊ Boot Loader Lock မပါတဲ့ဖုန်းတွေကိုဖြစ်စေ Mi Flash Tool နဲ့ firmware ရေးရာမှာ Fastboot mode ကိုဝင်ပြီး ရေးနိုင်ပါတယ်။ Fastboot mode ဝင်ဖို့ ဖုန်းကို power ပိတ်လိုက်ပါ။ VOL DOWN နဲ့ POWER KEY ကို ပြိုင်တူတွဲနှိပ်ထားလိုက်ပါ။ ခဏကြာလျှင် Mi Bunny အရုပ်ကလေးပေါ်လို့ Fastboot mode ကိုရောက်ပါပြီ။

 

ဖုန်းဝယ်စဉ်ကပါလာတဲ့ USB Cable နဲ့ပဲ ကွန်ပျူတာနဲ့ ဆက်ပေးလိုက်ပါ။ Mi Flash Tool က Refresh Button နှိပ်ရင် fastboot device တစ်ခုပေါ်လာတာတွေ့ပါလိမ့်မယ်။

Flash Tool က Device ကိုသိပြီဆိုရင်တော့ Flash Button ကိုနှိပ်ပေးလိုက်ပါတော့…။ Firmware ရေးနေပါလိမ့်မယ်။ ကိုယ့် ကွန်ပျူတာ speed ပေါ်မူတည်လို့ 5 minute ကနေ 15 minute အထိတော့ ကြာတတ်တာပါပဲ။

Fastboot mode ကနေ firmware ရေးတာတွေကတော့ အားလုံးရေးပြိးလို့ Success ဖြစ်ချိန်မှာ ဖုန်းက Auto Reboot ဖြစ်သွားမှာပါ။ ၁၀ မိနစ်လောက်စောင့်ပေးလိုက်ရင်တော့ Setup Wizard ပေါ်လာပါပြီ။

Flash Tool နဲ့ firmware တင်ရာမှာ မိမိတင်ချင်တဲ့ China Stable, China Developer, Global Stable, Global Developer fastboot rom တွေကို တင်ချင်တာတစ်ခု download ပြုလုပ်ပြီး တန်းတင်လိုက်နိုင်ပါတယ်။ Updater App နေတင်သလို ကိုယ့်ဖုန်းက China rom ပဲ ထည့်ထားလို့ China rom ကိုပဲပြေင်းလို့ရမယ်။ Global rom ကိုပြောင်းလို့မရဘူး.. စသည်ဖြင့် ကန့်သတ်ချက်တွေ မရှိပါ။


EDL Mode ဝင်ပုံအထွေထွေ

ADB Mode မှဝင်နည်း

ဖုန်းမှာ USB Debugging ON ထားတာသေချာပါစေ။ Settings->Additional Settings->Developer Options->USB Debugging ကို ON ထားပါ။ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပါ။ ကွန်ပျူတာမှာ Command Windows ခေါ်ပြီး အောက်ပုံပါအတိုင်း command ရိုက်ပါ။ EDL mode သို့ရောက်သွားပါမယ်။ Computer’s Device Manager မှာ Port စစ်ကြည့်ပါ။

Fastboot Mode မှဝင်နည်း

ADB Mode မှဝင်သော်လည်း EDL mode မဝင်ပဲ ဖုန်း reboot သာဖြစ်သွားပါက Fastboot mode မှဝင်နိုင်ပါတယ်။ သည်တစ်ခါ fastboot ကို adb command နဲ့ဝင်တာကစပြီးပြထားပါတယ်။ ဖုန်းက Normal boot မတက်နိုင်ရင်တော့ VOL DOWN + POWER KEY ပဲ နှိပ်ဝင်ပေါ့။ ကွန်ပျူတာမှာ Command Windows ခေါ်ပြီး အောက်ပုံပါအတိုင်း command ရိုက်ပါ။ EDL mode သို့ရောက်သွားပါမယ်။ Computer’s Device Manager မှာ Port စစ်ကြည့်ပါ။

Redmi 3, Redmi 4 series တွေမှာ EDL ဝင်ရန်

သည်ဖုန်းတွေအတွက်ကတော့ ဖုန်းကို Power ပိတ်ပါ။ VOL UP + POWER KEY တွဲနှိပ်ပေးထားလိုက်ပါ။ Menu တွေပေါ်လာပါလိမ့်မယ်။ အဲသည်ထဲကမှ Download ဆိုတာကိုနှိပ်ပါ။ EDL mode ရောက်သွားပါမယ်။

Mi Max မှာ Keys တွေနဲ့သာ EDL mode ဝင်ရန်

Mi Max ဆိုရင် ဖုန်းမှာပါတဲ့ keys တွေနဲ့ပဲ EDL mode ဝင်လို့ရပါသေးတယ်။ ဖုန်းကို power ပိတ်ပါ။ VOL UP + VOL DOWN နှိပ်ထားပြီး POWER KEY ပါ တွဲနှိပ်ပေးထားလိုက်ပါ။ ခဏကြာလျှင် vibrate တစ်ချက်တုန်လာပါမယ်။ EDL mode ရောက်ပါပြီ။

Redmi Note 3 Pro ကို EDL ဝင်ရန်

Redmi Note 3 Pro ကို EDL mode ဝင်ဖို့ အောက်ပါလင့်မှာ ပေးထားသော file ကို download လုပ်ပါ။ ကွန်ပျူတာမှာဖြည်ထားပါ။ ဖုန်းကို power ပိတ်ပါ။ VOL DOWN + POWER KEY တူတူတွဲနှိပ်ပြီး fastboot mode ကိုဝင်ပါ။ ဖုန်းနဲ့ကွန်ပျူတာကို usb cable နဲ့ဆက်ပါ။ ဖြည်လို့ရလာတဲ့ folder ထဲက FastbootEDL.bat ဆိုတဲ့ file ကို double click နှိပ်ပေးလိုက်ပါ။ (Screen Shoot မှာ ပြင်ဖတ်ပေးပါ။)  EDL mode ရောက်ပါမယ်။

Fastboot2EDL BAT Download

[ Download From tzko-xiaomi.info Cloud ] or [ Download From Google Drive ] or [ Download From PCloud ]


Redmi 4A နဲ့သူ့နောက်ပိုင်းရက်စွဲတွေမှာထွက်လာတဲ့ ဖုန်း model တွေ၊ MIUI version မြှင့်ရင်း MIUI 8.2 အထိရောက်သွားတဲ့ Mi5, Mi5s, Mi5s Plus series တွေမှာတော့ BLU လုပ်မထားရင် EDL mode ဝင်မရတော့ပါ။ Jig cable သုံးပြီးလဲ ဝင်မရတော့ပါ။ ဖုန်းနောက်ဖုန်း cover ခွာ၊ Test Point ထောက်ပြီးမှပဲ EDL mode ဝင်တာကိုလုပ်ဆောင်နိုင်ပါလိမ့်မယ်။ သည်တော့ ဖုန်းကောင်းနေတဲ့အချိန် BLU ထားလိုက်ရင် နောင်လိုအပ်လာတဲ့အချိန် firmware ပြန်တင်တာမျိုးတွေလုပ်မယ်ဆို အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

Mi Flash Tool နဲ့ firmware ရေးရာမှာ Flash tool errors အမျိုးမျိုးပြနေပါက Qualcomm CPU based phones တွေအတွက် Qualcomm Flash Tool ကိုသုံးပြီး firmware ရေးနိုင်ပါမယ်။ သည်နေရာမှာလေ့လာကြည့်ပါ။ [ >> Flash Xiaomi Qualcomm-based phones with Qualcomm Flash Image Loader (QFIL) << ]

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂

  1. ကျေးဇူး..အများကြီးတင်ပါတယ်..ဆရာ……Thanks a lot for your sharing…master

  2. Aung Ko Phyo Aung Ko Phyo

    Thanks a lot for Your sharing My master

Leave a Reply

Your email address will not be published. Required fields are marked *