Press "Enter" to skip to content

Preparing Fasboot ROM using 7Zip

Thet Zaw Ko 0

သည် post မှာတော့ Mi Flash Tool နဲ့ firmware တင်ဖို့ fastboot rom တွေ download လုပ်ပြီးရင် 7Zip software ကိုအသုံးပြုပြီး ဖြည်ချပုံ ကိုပြောပြပေးပါမယ်။

ပထမဆုံးလိုအပ်တဲ့ 7Zip software ကို သည်နေရာမှာ [ >> Download 7Zip << ] download ပြုလုပ်နိုင်ပါ တယ်။ 7Zip က Free software ပါ။ မိမိကွန်ပျူတာမှာ တင်ထားတဲ့ Windows က 32 bit လား… 64 bit လားဆိုတာပေါ်မူတည်ပြီး Setup file ကို download ပြုလုပ်ပါ။ ကွန်ပျူတာမှာ install လုပ်ထားပေးပါ။

မိမိတို့ဖုန်းအတွက် လိုအပ်တဲ့ fastboot rom ကို သည်နေရာမှာ [ Fastboot ROM Download ] download ပြုလုပ်နိုင်ပါတယ်။ link ကိုဝင်လိုက်တာနဲ့ မိမိဖုန်း model ကိုရှာပါ။ တွေ့ပြီဆိုရင် မိမိဖုန်းအတွက် Xiaomi က support ပေးထားတဲ့ rom အမျိုးအစားတွေကို တွေ့ပါမယ်။ အများဆုံးတွေ့နိုင် တာကတော့ China Stable, China Developer, Global Stable, နဲ့ Global Developer rom တွေပါပဲ။ Global ROM support မလုပ်တဲ့ ဖုန်းတွေမှာတော့ China rom နှစ်မျိုးကို တွေ့ပါလိမ့်မယ်။ အခုနမူနာအနေနဲ့ Mi Max Prime (64GB, 128GB) တွေအတွက် fastboot rom ဒေါင်းချင်တယ်ဆိုပါစို့..။ သူ့အတွက် download ပြုနိုင်တာ rom သုံးခုတွေ့ပါမယ်။ China Stable, China Developer, Global Stable တို့ဖြစ်ပါတယ်။ Global Develpoer rom ကိုတော့ download မပြုလုပ်နိုင်ပါ။ တင်ချင်တယ်ဆိုရင်တော့ full recovery rom ဒေါင်းပြီး TWRP ကနေတင်ပေးတာမျိုးပဲ လုပ်နိုင်ပါလိမ့်မယ်။

မိမိ download ပြုလုပ်ချင်တဲ့ rom link ကိုနှိပ်လိုက်ပြီဆိုတာနဲ့ rom file ကို download ပြုလုပ်ပါပြီ။ fastboot rom file တွေက filename မှာ .tgz or .tar နဲ့အဆုံးသတ်ပါတယ်။ size က 1GB or 1GB အထက် တွေချည်းပါပဲ။ filename အစမှာ မိမိဖုန်း model ရဲ့ code name လေးတွေပါပါတယ်။ မိမိဖုန်း model code name လေးတွေကို လေ့လာထားခြင်းဖြင့် rom file မှားပြီး download ပြုလုပ်မိတာ မဖြစ်တော့ဘူးပေါ့..။ အောက်ပါပုံမှ code name လေးတွေကို လေ့လာမှတ်သားထားနိုင်ပါတယ်။ Xiaomi က ဖုန်းအသစ်တွေထွက်တာမြန်ပြီး များတော့ up to date ကြီးတော့ မဖြစ်လှဘူးပေါ့.. Mi Note 2 အထိတော့ ပါပါတယ်။

ကဲ.. download လုပ်ဖို့ rom link နှိပ်လိုက်တာနဲ့ ဖုန်းမှာဖြစ်ဖြစ် ကွန်ပျူတာမှာဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ download manager က download လုပ်မယ့် file name ကို အရင်လာပြပေးမှာပါပဲ.. အဲဒါလေးတွေကိုကြည့်ပြီး ကိုယ့်ဖုန်းအတွက် ဟုတ်၊ မဟုတ်.. MIUI Version ကဘယ်လောက်.. Android Version ကဘယ်လောက်ဖြစ်မယ်ဆိုတာကို download မလုပ်သေးခင် filename ကြည့်ပြီး လေ့လာရအောင်။ Mi Max prime နဲ့နမူနာကြည့်ပါမယ်…။


Latest China Developer ကို နှိပ်တာနဲ့ ကွန်ပျူတာက Download Manager မှာအောက်ပါပုံအတိုင်း လာပြပါမယ်..။ ဖုန်းမှာဆိုလဲ browser က download လုပ်မယ့် file name, file size တွေ ပြတာပါပဲ..။ OK နှိပ်မှ download စလုပ်မှာပါ။ မလုပ်ခင် သည်အချိန်မှာ ကိုယ်လုပ်တာ မှန် မမှန် တစ်ခါတည်း စစ်ကြည့်နိုင်ပါတယ်။ ရှေ့ဆုံးက helium ဆိုတာကတော့ ကိုယ့် Mi Max Prime ရဲ့ code name ပါ။ နောက်မှာဆက်ပါလာတဲ့ 7.4.13 ကတော့ သည် dev rom ကို release လုပ်ပေးလိုက်တဲ့ date ပါ။ 13 ရက် လေးလပိုင်း 2017 ပေါ့…။ file size လဲ 2.02GB လို့ပြနေပါတယ်။ file name အလယ်နားလောက်.. (20170413xx ဆိုတဲ့ date code တွေအပြီး) သွားကြည့်ရင် 7.0_cn ဆိုတာတွေ့ပါမယ်။ သည်တော့ Android 7 နဲ့ China rom လို့သိနိုင်ပါတယ်။ helium_images နောက်မှာ dotted decimal format နဲ့ ဂဏန်းသုံးခုတွေ့ရင် (ယခု ဥပမာ 7.4.13) developer rom လို့သီနိုင်ပါတယ်။ ပုံတွေကိုလေ့လာကြည့်ပါ။


Latest China Stable ကိုနှိပ်တာနဲ့ အောက်ကပုံတွေအတိုင်းတွေ့ပါပြီ။ ရှေ့ဆုံးက ကိုယ့်ဖုန်းအတွက် code name ပါ.. သူ့နောက်မှာ dotted decimal format နဲ့ ဂဏန်းလေးခုပါလာတာတွေက Stable rom တွေပါ။ MIUI Version ဖြစ်တဲ့ V8 ဆိုပြီးပါပါတယ်။ Version အပြည့်အစုံကတော့ V8.2.3.0 ပါ။ နောက်မှာ rom ကို release လုပ်ပေးတဲ့ date ပါပါတယ်။ (2017 သုံးလပိုင်း 14 ရက်နေ့ကပါ)။ သူ့နောက်မှာ 6.0_cn လို့ပါနေတာက Android 6 နဲ့ China rom ပါ။ ပုံတွေကိုလေ့လာကြည့်ပါ။


Latest Global Stable ကို နှိပ်ရင် ခုလိုပုံတွေတွေ့ရပါမယ်။ Global rom တွေ အစမှာ ph code name_global ဆိုပြိးပါပါတယ်။ Stable rom ဖြစ်လို့ dotted decimal format နဲ့ ဂဏန်းလေးလုံးတွေ့ပါမယ်။ (V8.2.1.0)..။ 6.0_global လို့ပါလို့ Android 6 နဲ့ Global rom လို့သိနိုင်ပါတယ်။


Latest Global Developer ဆိုတဲ့ rom ပါ။ Mi Max (16GB/32GB) တွေအတွက်ပါ။ code name = hydrogem ပါ။ hydrogen_global ဆိုလို့ Global Rom မှန်းသိနိုင်ပါပြီ။ သူ့နောက်မှာ ဂဏန်းသုံးလုံးပဲပါလို့ date code (7.3.30) နဲ့ developer rom တာသိနိုင်ပါပြီ။ (30 ရက် သုံးလပိုင်း 2017 ကထုတ်ပေးထားတာပါ။) file name အလယ်နားလောက်မှာတော့ 7.0_global လို့ပါလို့ Android 7.0 နဲ့ global ဆိုတာသိနိုင်ပါတယ်။

ဘယ် Android version နဲ့ပါလာမယ့် rom လဲဆိုတာ 4.4, 5.0, 5.1, 6, 7 စသည်ဖြင့် ROM Release date နောက်ပိုင်းမှာကပ်ပါလာမယ့် Number လေးတွေကြည့်ပြီး သိနိုင်ပါတယ်။

Download ပြုလုပ်ပြီး ရလာတဲ့ rom file ကို C:\ or D:\ ထဲကိုကူးထည့်ထားပါ။ Mi Flash Tool မှာ error မဖြစ်အောင် အခြား အခြားသော locations တွေအောက် လိုက်မထားပဲ အရှင်းဆုံး C:\ or D:\ ထဲထည့်ပေးထားတာပါ။ rom file ဟာ .tar နဲ့ဆုံးနေတာတွေ့ပါလိမ့်မယ်။ file ပေါ်ကို right click နှိပ်ပေးလိုက်ပါ။ 7Zip install ထားပြီးလို့ Short Cut menu မှာ 7Zip ဆိုတာတွေ့ပါမယ်။ အဲသည်ပေါ် mouse pointer တင်လိုက်ရင် လုပ်လို့ရမယ့် options တွေပေါ်လာပါမယ်။ အပေါ်ဆုံးက Open Archive ဆိုတာရွေးလိုက်ပါ။ 7Zip နဲ့ rom file ပွင့်လာပါမယ်။

7Zip ထဲမှာတွေ့နေတဲ့ rom archive file ပေါ်မှာ Right Click နှိပ်ပါ။ Open ဆိုတာကိုရွေးပါ။ 7Zip က archive ကိုဖြည်ချနေပါလိမ့်မယ်။

ပြီးရင် ဒုတိယအကြိမ်ထပ်ဖြည်ရပါတယ်။ သူ့မှာအလုပ်မရှုပ်တာကတော့ file name ပြောင်းပေးစရာတွေမလိုတာပါ။ Right Click လေးနှိပ်ပြီး သက်ဆိုင် ရာလုပ်ချင်တဲ့ options လေးတွေ ရွေးပေးသွားရုံပါ။ ထိပ်ဆုံးမှာရှိတဲ့ Extract ကိုနှိပ်ပေးလိုက်ရင် ဘယ်နေရာမှာ folder ကိုဖြည်ချမလဲ လာမေးပါမယ်။ D:\ မှာကူးထည့်ထားတာဖြစ်လို့ D:\ အောက်ဖြည်မယ်လို့ Default လာပြနေမှာပါ။ ကျနော်တို့အနေနဲ့လည်း Folder Path ကို အရှင်းဆုံးဖြစ်စေချင်လို့ D:\ အောက်ပဲဖြည်ပါထားပြီး OK နှိပ်ပေးလိုက်ပါမယ်။ သူ့ဟာသူ ဖြည်ချသွားပါလိမ့်မယ်။

အားလုံးပြိးဆုံးသွားရင်တော့ D:\ အောက်မှာ Mi Flash Tool နဲ့ flash ဖို့ fastboot rom folder ရပါပြီ။ သူ့ default အတိုင်းပါလာတဲ့ folder name မှာ ဘာ spaces တွေမှမပါပါ။ ROM Folder ထဲမှာတော့ .bat files အနည်းငယ်ရယ် ( Flash tool ကို ဘယ်အရာတွေကို flash ပါလို့ control ပေးတာ..).. images folder ရယ်.. (flash ဖို့လိုအပ်တဲ့ images files တွေ).. တွေ့ရပါမယ်။ Mi Flash Tool နဲ့ firmware ဖို့အသင့်ဖြစ်ပါပြီ။


တစ်ခါတရံ update တွေစပေးနေစဉ်ကာလမှာ Latest fastboot rom တွေဟာ post အစမှာသွားဒေါင်းဖို့ပေးထားတဲ့ link တွေနေရာမှာ update မဖြစ်သေးပါဘူး။ အဲသည်နေရာမှာ က Update ပေးလို့ နှစ်ပတ်လောက်ကြာပြီး ငြိမ်သွားတော့မှာ link တွေက update ဖြစ်တတ်ပါတယ်။ သည်တော့ကိုယ်လိုချင်တာ အဲသည်မှာမရှိရင် Xiaomi Forum ထဲက မိမိဖုန်း Sections ရဲ့ ROMs section မှာ ဝင်ရောက်ရှာဖွေပြီး Download ပြုလုပ်နိုင်ပါတယ်။ ဥပမာ Redmi Note 3 Pro အတွက် Global Stable နောက်ဆုံးဟာလိုချင်တယ်ဆိုပါစို့.. Post အစမှာ ပေးခဲ့တဲ့ link မှာ up to date link မရှိဘူးဆိုပါစို့.. ( filename မှာပါတဲ့ date ကိုကြည့်တာနဲ့ပဲ ဘယ်တုန်းကထုတ်ပေးတယ်ဆိုတာ မှန်းနိုင်ပါတယ် )။ Xiaomi Forum Link ကို ဝင်ပါ။ သည်နေရာ.. .. [ >> Devices << ] ဆိုတာကိုနှိပ်ပါ။

မိမိဖုန်း Model ကိုရွေးပါ။

ထိပ်ပိုင်းခေါင်းစည်းမှာပါတဲ့ ROMs ဆိုတာကို နှိပ်ပါ။

Up to date အဖြစ်ဆုံး rom တွေဆိုရင် စစချင်း page က forum threads ထဲမှာပဲတွေ့နိုင်ပါမယ်။ Version အဟောင်းလိုချင်ရင် Threads တွေကို လိုက်ရှာဖတ်ပြီး မိမိလိုချင်တဲ့ Version ကို ဒေါင်းနိုင်ပါတယ်။ TWRP or Updater ကနေတင်တဲ့ Full Recovery ROM တွေအတွက်လည်း နောက်ဆုံးဖြစ်တာတွေကို အခုလို ရှာဖွေပြီး Download ပြုလုပ်နိုင်ပါတယ်။ Full Recovery ROM တွေဆိုရင် rom filename အစမှာ miui_ နဲ့စလေ့ရှိပါတယ်။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂

Leave a Reply

Your email address will not be published. Required fields are marked *