Press "Enter" to skip to content

Flash Xiaomi Qualcomm-based phones with Qualcomm Flash Image Loader (QFIL)

Thet Zaw Ko 0

Qualcomm CPU ကို သုံးထားတဲ့ Xiaomi Phone model တွေအတွက် Mi Flash Tool နဲ့ Firmware တင်လို့ အဆင်မပြေတွေဖြစ်လာတာမျိုးရှိရင် Qualcomm ရဲ့ Tool တစ်ခုဖြစ်တဲ့ QFIL (Qualcomm Flash Image Loader) နဲ့ တင်ကြည့်မယ်ဗျာ။ သူက Windows 32bit ကို အဓိက Base လုပ်ထားတာပါ။ Windows 64 bit မှာလည်း အဆင်ပြေပြေ သုံးလို့ရပါတယ်။ ကိုယ့် Windows က 32 bit ဖြစ်နေလို့ တော်တော်များများ အဆင်ပြေတဲ့ Mi Flash 64 bit ကို မသုံးနိုင်တဲ့အခါတွေ၊ Windows က .NET Framework error ကြောင့် အခြား Mi Flash Tool နှစ်ခုကို မသုံးနိုင်တဲ့ အခါမှာ သည် QFIL လေးနဲ့စမ်းကြည့်နိုင်ပါတယ်။ သုံးရတာလည်း Mi Flash Tool ထက်ပိုအဆင်ပြေပါတယ်။

  • Computer မှာ လိုအပ်တဲ့ Phone Drivers file တွေ Install လုပ်ထားပြီးသားဖြစ်နေရပါမယ်။ သည်နေရာမှာ [ >> PC Driver Installation for Xiaomi Phones << ] လေ့လာကြည့်ပြီး Driver install လုပ်ပါ။ Adb, Fastboot, EDL mode တွေမှာ အလုပ်လုပ်မလုပ် စစ်ဆေးကြည့်ထားပါ။
  • ပြီးရင်တော့ ကိုယ်တင်ချင်တဲ့ Latest Fastboot ROM ကို Download ပြုလုပ်ထားပြီး ကွန်ပျူတာမှာ ဖြည်ချထားရပါမယ်။ Download လုပ်ဖို့အတွက်ဝင်ဖို့ link၊ ကွန်ပျူတာမှာ ဖြည်ချထားပြီး ပြင်ဆင်ပေးရပုံတွေကို သည်နေရာမှာ [ >> Preparing Fastboot ROM Using 7Zip << ] လေ့လာထားပြီး ပြင်ဆင်ပေးပါ။
  • နောက်ဆုံးလိုအပ်တာကတော့ Qualcomm Tool ပါပဲ။ အောက်ပါ links များမှာ Download ပြုလုပ်ပါ။ ကွန်ပျူတာမှာ Install လုပ်ပါ။ မေးလာတာတွေမှာ Next, Next, OK တွေသာ နှိပ်ပေးရုံပါ။

Download Qualcomm QPST Tool

[ Download From tzko-xiaomi.info Cloud ] or  [ Download From Google Drive ] or [ Download From PCloud ]


QPST ကို Install လုပ်ပြီးရင်တော့ C:\Program Files (x86)\Qualcomm\QPST\bin Folder အောက်မှာ QFIL.exe ဆိုတဲ့ Program တွေ့မှာပါ။ အဲဒါကို Double Click လုပ်ပြီးသာ Run ပေးလိုက်ပါ။ ကျနော့် ကွန်ပျူတာက Windows 64 bit မို့ C:\Program Files (x86)\Qualcomm\QPST\bin Folder မှာ QFIL.exe ကိုတွေ့နေရတာပါ။ Widnows 32 bit computer တွေမှာတော့ C:\Program Files\Qualcomm\QPST\bin Folder အောက်မှာတွေ့မှာပါ။

QFIL Main Window ပွင့်လာပါမယ်။ Flat Build (1) ဆိုတဲ့ Option ကိုရွေးပါ။ Select Programmer နေရာမှာ Programmer file ကိုရွေးပေးဖို့ Browse Button (2) ကိုနှိပ်ပါ။

ကွန်ပျူတာမှာ ဖြည်ချထားတဲ့ Firmware Folder အောက်က images folder အောက် က file ကိုရွေးပေးလိုက်ပါ။ Filename တွေ၊ File type တွေ စဉ်းစားနေစရာမလိုပါ။ Firmware folder အောက်က images folder အောက်ဝင်လိုက်တာနဲ့ Programmer file ကိုတွေ့မှာပါ။ ဖုန်း CPU model ပေါ်မူတည်လို့ Programmer file name က အခုနမူနာပြထားတာနဲ့ ထပ်တူတူမှာ မဟုတ်ပါ။ Xiaomi Forum ကနေ download ဆွဲထားတဲ့ official firmware ဆိုရင် လိုအပ်တဲ့ file တွေ အကုန်ပါနေမှာပါ။ သည်နေရာမှာ Mi Flash Tool နဲ့ မတူတဲ့အချက်က Mi Flash Tool က Firmware Folder ထိပဲရွေးပေးထားဖို့လိုတာပါ။ QFIL ကတော့ Firmware folder အောက်မှာရှိတဲ့ images folder အောက်က files တွေနဲ့သာ အဓိက အလုပ်လုပ်ပါတယ်။

ပြီးရင် EMMC မှာ image file တွေကို ဘယ်လိုရေးပါ…စတဲ့ ညွှန်ကြားချက်တွေပါတဲ့ XML file တွေကို ရွေးပေးရပါမယ်။ Load XML button ကိုသာနှိပ်လိုက်ပါ။

Images folder အောက်က Programmer file ကိုရွေးထားပြီးသားဖြစ်လို့ အဲသည်နေရာပဲ ပြန်ပွင့်လာပါမယ်။ QFIL ကလိုအပ်တဲ့ rawprogram0.xml file ကို တွေ့နေရမှာပါ။ ရွေးပြီး OK နှိပ်ပေးလိုက်ပါ။

နောက်ထပ် xml file တစ်ခုဖြစ်တဲ့ patch0.xml file ကို ရွေးခိုင်းတဲ့ Windows အလိုလိုပေါ်လာမှာပါ။ Xiaomi forum က download ပြုလုပ်ထားတဲ့ Official fastboot rom တွေမှာ အဲသည် file တွေ အပြည့်အစုံပါပြီးသားပါ။ file ကို select လုပ်ပြီး OK button သာနှိပ်ပေးလိုက်ပါ။

QFIL နဲ့ firmware တင်ဖို့ လိုအပ်တဲ့ Programmer file, XML Files တွေကို ရွေးချယ်ပေးလို့ ပြီးပါပြီ။

ဖုန်းကို EDL mode ဝင်လိုက်ပါ။ ကွန်ပျူတာနဲ့ USB cable သုံးပြီး ချိတ်လိုက်ပါ။ QFIL Windows မှာ QDLoader Device တစ်ခု Detect လုပ်ပြီး တွေ့လာတာကို ပြပါလိမ့်မယ်။

အားလုံး အဆင်သင့် ဖြစ်သွားပြီဆိုရင်တော့ Firmware ရေးခိုင်းဖို့ Download ဆိုတဲ့ button လေးသာနှိပ်ပေးလိုက်ပါ။

Firmware တင်နေပါလိမ့်မယ်။

နောက်ဆုံးမှာတော့ Firmware တင်ခြင်း အောင်မြင်စွာ ပြီးဆုံးပါပြီ။

အားလုံးပြိးဆုံးချိန်မှာတော့ ဖုန်းကို USB Cable ဖြုတ်..၊ Vibrate တစ်ချက်တုန်သည်ထိ Power ခလုတ်ကို ကြာကြာလေးသာနှိပ်ထားပေးလိုက်ပါ။ ၁၀ မိနစ်လောက်ကြာရင်တော့ Setup Wizard ပေါ်လာပြီး ဖုန်းကို ဆက်လက်အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါပြီ။


QFIL နဲ့ firmware တင်ရာမှာ Windows 64bit computer မှာ Mi Flash 64bit နဲ့ firmware တင်သလိုပဲ ရေးချိန်မြန်ဆန်ပါတယ်။ ၅ မိနစ်ဝန်းကျင်ပဲကြာပါတယ်။ Mi Flash Tool တွေ အဆင်မပြေချိန် အပြောင်းအလဲသုံးနိုင်တဲ့ Tool တစ်ခုပါ။ Qualcomm EMMC အတွက် Qualcomm ကထုတ်တဲ့ Tool မို့ အဆင်ပြေပါတယ်။ တစ်ခုမှတ်ထားရမှာက ဖုန်းကို EDL mode ဝင်ပြီးပဲ firmware ရေးရမှာပါ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂

Leave a Reply

Your email address will not be published. Required fields are marked *