Press "Enter" to skip to content

Upgrading, Changing ROM using Updater App

Thet Zaw Ko 0

Updater App ကနေ ROM တွေ upgrade လုပ်တာ၊ ချိန်းတာတွေလုပ်ချိန်မှာ Internet လိုပါတယ်။ မိမိတို့ဟာ Mobile Data နဲ့အင်တာနက်ဖွင့်ထားပြီး update လုပ်တာလည်း ဖြစ်နိုင်တာကြေင့် Updater App ဟာ Mobile Data နဲ့လဲအလုပ်လုပ်အောင်၊ Updater App ကို Data Restrict လုပ်ထားတာတွေလည်း မရှိရအောင် အောက်ပါ Settings များအတိုင်း ရှိနေတာ သေချာအောင် စစ်ဆေးပါ။

Updater App မှာ အလုပ်လုပ်တဲ့ ROM အမျိုးအစားတွေကတော့ Recovery ROM တွေသာဖြစ်ပါတယ်။ Xiaomi Forum ရဲ့ သည်နေရာမှာ [ >> Recovery ROM Download Link << ] မိမိဖုန်းအမျိုးအစားအတွက် တင်ချင်တဲ့ ROM ကို download ပြုလုပ်ပါ။ တစ်ချို့ဖုန်းတွေမှာ China Stable နဲ့ China Stable ROM နှစ်မျိုးကိုသာ support လုပ်ပါတယ်။ အချို့ဖုန်းတွေမှာ China Stable, China Developer, Global Stable, Global Developer ဆိုပြီး လေးမျိုး support လုပ်ပါတယ်။ လက်ရှိတင်ထားတာ China Stable ဆိုရင် China Stable ကို download လုပ်ပါ။ China Developer rom ကိုလည်း ပြောင်းတင်နိုင်ပါတယ်။ လက်ရှိတင်ထားတာ Global Stable ဆိုရင် Global Stable ပေါ့.. Global Developer ကိုလည်း ပြောင်းနိုင်တာပါပဲ။ China ကနေ Global၊ Global ကနေ China ဆိုတာမျိုးတွေကို Updater App ထဲကနေ ပြောင်းတင်လို့မရပါ။ ကွန်ပျူတာသုံးပြီး Mi Flash Tool နဲ့တင်မှသာရပါမယ်။

ကျနော် နမူနာအနေနဲ့ Mi Max ကို ဖုန်းစဝယ်ချိန်မှာပါလာတတ်တဲ့ MIUI 7 China Stable ကနေ အခုနောက်ဆုံးရောက်နေပြီဖြစ်တဲ့ MIUI 8.1 China Stable ကိုမြှင့်တင်တာ ပြထားပါတယ်။ MIUI 8 China Stable ရောက်သွားရင် MIUI 8 China Developer rom ဆီကိုလည်း Updater App ကနေပဲ ပြောင်းသွားတာကို ပြထားပါတယ်။

ဖုန်းမှာပါလာတဲ့ MUI 7 China Stable ROM

Download လုပ်လို့ ရလာသော ROM ကို ဖုန်း Storage ထဲမှာကူးထည့်ပေးထားပါ။ ဖုန်းမှာ Internet connection ရနေအောင် ပြုလုပ်ထားပါ။ ဖုန်း storage ထဲမှာ နေရာလွတ် များများရှိနေအောင် လုပ်ပေးထားပါ။ ဖုန်းဘက်ထရီ အားများများရှိနေပါစေ။

Updater App ထဲကိုဝင်ပြီး ROM file ရှိနေတဲ့နေရာကို ရွေးပေးလိုက်ပါ။

ROM file ရွေးပေးပြီးပြီဆိုလျှင် လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ ပြီးရင်တော့ ရွေးပေးလိုက်တဲ့ ROM အမျိုးအစား Version ဆီကို update လုပ်ဖို့ Reboot လုပ်ခိုင်းပါလိမ့်မယ်။ Reboot သာလုပ်ပြီး စိတ်ရှည်ရှည်လေးထားလို့ စောင့်နေလိုက်ပါ။

ဖုန်းပြန်တက်လာချိန်မှာတော့ မိမိတို့ update လုပ်လိုက်တဲ့ ROM Version ဆီကိုရောက်သွားပါပြီ။

ယခုလိုမျိုး MIUI 7 ကနေ MIUI 8 တင်လိုက်တာ.. MIUI 8 ကနေ MIUI 8.1 ဆီတင်လိုက်တာ.. စတဲ့ Full Recovery ROM တွေကို download လုပ်ပြီး major changes များတဲ့ ပြောင်းလဲမှုတွေတို လုပ်ဆောင်ပြီးရင် Factory Reset ချပြီးမှသာ ဖုန်းကို ဆက်လက်အသုံးပြုသင့်ပါတယ်။ ဒါမှသာ ပြောင်းလဲလိုက်တဲ့ system ဟာ အဆင်ပြေပြေ အလုပ်လုပ်နေမှာပါ။ သည်အတွက်ကြောင့် မိမိတို့ Data တွေ၊ App တွေကို ကူးသိမ်းထားပြီး Factory Reset ချပါ။

Factory Reset ပြုလုပ်ရန် ဖုန်း Settings ထဲမှာ ယခုလိုဝင်ပါ။

Screen အောက်နားမှ Reset Phone ဆိုတာနှိပ်ပါ။ Mi Account ဝင်ထားရင် Mi Account Password လာတောင်းပါမယ်။ ထည့်ပေးလိုက်ပါ။ Find Device OFF တာတွေလုပ်ပြီး နောက်ဆုံးအကြိမ် ဖုန်းထဲက User Data တွေအကုန်ပျက်မှာဖြစ်ကြောင်း Warning လာပေးပါမယ်။ Erase ဆိုတာနှိပ်လိုက်ရင်တော့ ဖုန်း Reboot ကျသွားပြီး ပြန်တက်လာရင် Clean ဖြစ်နေပါပြီ။

အခုဆိုလျှင် MIUI 7 China Stable မှနေ MIUI 8 China Stable ဆီကို အဆင်ပြေပြေ တင်လို့ပြီးပါပြီ။ Factory Reset လဲလုပ်ပြီးဖြစ်လို့ ဖုန်းက Clean State မှာလည်းဖြစ်နေပါပြီ။ မိမိတို့ အသုံးပြုလိုရာကို အသုံးပြုနိုင်ပါပြီခင်ဗျာ….။


အခု MIUI 8 China Stable တင်ထားတာကနေ MIUI 8 China Developer rom ကို Updater App ကနေဘယ်လိုကူးပြောင်းတင်မယ်ဆိုတာ နမူနာပြပါမယ်။ Developer rom တွေက feature အသစ်တွေ အမြဲတမ်းထည့်ပြီး စမ်းသပ်နေတဲ့ rom တွေပါ။ ကိုယ်လည်း အသစ်အဆန်းပေးလာတာတွေရှိရင် သူများထက်ဦးစွာ အရင်စမ်းသုံးချင်တယ်ဆိုရင် Developer rom တင်ထားနိုင်ပါတယ်။ Developer rom တွေက တစ်ပါတ်တစ်ကြိမ် update အမြဲပေးပါတယ်။ အမြဲလည်း update လုပ်နေပေးမှ သုံးရတာအဆင်ပြေပါတယ်။ တစ်ကြိမ်ထွက်လာပြီးတိုင်း error တွေတစ်ခါ fix လုပ်၊ update ထပ်ပေး၊ ထပ်စမ်းသပ်.. အဲသည်လိုတွေလုပ်နေတာမို့ ကိုယ်လည်း အဆင်ပြေပြေ သုံးနိုင်အောင် အမြဲ update လုပ်ပေးနေသင့်ပါတယ်။ Feature အသစ်တွေနဲ့ Developer rom တွေမှာ error ကင်းလာချိန်မှာတော့ အဲသည် Update ကို Stable rom တွေအတွက် ပေးပါတယ်။ အဲသည်အခါမှာတော့ Stable rom သုံးသူတွေက feature အသစ်တွေရပါတယ်။ Normal User တစ်ယောက်အနေနဲ့ အေးဆေးလေး သုံးနေချင်တာကတော့ Stable ROM တွေသာ သင့်တော်ပါတယ်။

ယခုလက်ရှိရောက်နေတဲ့ MIUI 8 China Stable ROM

မိမိတင်ချင်တဲ့ rom ကို ရှာဒေါင်းနိုင်ဖို့ link ကို စာအစမှာပေးထားပြီးဖြစ်ပါတယ်။ ဝင်ရှာပြီး rom ကို download ပြုလုပ်ပါ။ ဖုန်းထဲမှာကူးထည့်ထားပါ။ ဖုန်းကို အင်တာနက်ဖွင့်ထားပါ။ ဖုန်းဘက်ထရီအား များများရှိနေပါစေ။

Updater App ထဲဝင်ပါ။ ဖုန်းထဲမှာကူးထည့်ထားပေးတဲ့ ROM file ကို ရှာရွေးပေးလိုက်ပါ။

အင်တာနက်မှတစ်ဆင့် လိုအပ်တဲ့ စစ်ဆေးတာတွေလုပ်ပါလိမ့်မယ်။ ပြီးရင်တော့ ဖုန်းထဲက ရွေးပေးထားတဲ့ ROM ဟာ Developer rom ဖြစ်နေကြာင်း၊ တင်လိုက်ရင် User Data, App တွေအကုန်ပျက် မှာဖြစ်တဲ့အကြောင်း warning ပေးပါမယ်။ Erase and Update ဆိုတာသာ ရွေးပေးလိုက်ပါတော့… ဖုန်း Reboot ကျသွားပါလိမ့်မယ်။

ဖုန်းပြန်တက်လာချိန်မှာတော့ Developer rom နှင့်ဖြစ်နေပါပြီ။ Developer rom တွေမှာ Settings->About Phone->MIUI Version နေရာမှာ (Beta) ဆိုတဲ့စာသားပါနေတတ်ပါတယ်။ အရှေ့က 6.12.22 ဆိုတာကတော့ 2016 ဒီဇင်ဘာ 22 ရက်နေ့က ထုတ်ပေးခဲ့တဲ့ update လို့ဆိုလိုချင်တာပါ။

ယခုဆိုလျှင် ROM version အနိမ့်ကနေ အမြင့်ဆီကို၊ အခြား rom အမျိုးအစားတစ်ခုဆီကို updater သုံးပြီး ပြောင်းတတ်ပြီလို့ယူဆပါတယ်။ Updater App နဲ့ပတ်သက်ပြိးသိထားရမှာကတော့ လက်ရှိတင်ထားတာ Stable ဆို အနိမ့်၊ အမြင့် ဘယ်လိုဖြစ်ဖြစ် Stable rom သာဖြစ်နေရင် ပြောင်းလို့အဆင်ပြေပါတယ်။ Stable ဆိုတဲ့ နေရာမှာ China Stable ဆိုတာနဲ့ Global Stable ဆိုတာ နှစ်မျိုးရှိတယ်ဆိုတာ မှတ်သားထားပါ။ မရတဲ့ rom ကို download ပြုလုပ်ပြီး တင်မိတာမဖြစ်အောင်လို့။ သည်တော့ China Stable ဆိုလည်း China အနိမ့်။ အမြင့်။ Global Stable ဆိုလည်း Global အနိမ့်၊ အမြင့် ပေါ့။ China or Global Stable တွေကနေ သက်ဆိုင်ရာ China Dev or Global Dev ဆီကို Updater ကနေပဲပြောင်းနိုင်ပါတယ်။ အဲလိုပြောင်းရာမှာတော့ မိမိတို့ Data တွေ အကုန်ပျက်တယ်ဆိုတာ မှတ်ထားပါ။ Developer rom တင်ပြီးသွားရင်တော့ Updater App နဲ့ ပြန်နှိမ့်လို့မရပါ။ Stable ဖက်ဆီကိုလည်း ပြန်ပြောင်းလို့မရပါ။ ကွန်ပျူတာနဲ့ Mi Flash Tool သာ သုံးရပါတော့မည်။

ကျနော့်အနေနဲ့ လက်ရှိနမူနာတင်နေတဲ့ China Developer ကနေ China Stable ဆီကို Updater App ထဲကနေပဲ ပြန်ပြောင်းတင်ကြည့်ပါတယ်။ မရပါ။ အခုလိုပဲ Message ကိုသာလျှင်ပြနေပါတယ်။ Download လုပ်ပြီး ထည့်ထားပေးတာကလည်း Latest အဖြစ်ဆုံး China Stable ပါ။ သို့သော် မရပါ။ သည်တော့ ကွန်ပျူတာသုံးပြီး Fastboot rom ကို တင်ဖို့သာ ကြိုးစားပါတော့မယ်ခင်ဗျာ.. ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂

Leave a Reply

Your email address will not be published. Required fields are marked *