Press "Enter" to skip to content

IMEI & MEID Fix for Redmi Note 4, Redmi Pro

Thet Zaw Ko 0

အကြောင်းအမျိုးမျိုးကြောင့် Redmi Note 4, Redmi Pro တို့မှာ IMEI & MEID ပျောက်၊ Baseband Unknown တွေဖြစ်ခဲ့ရင် အလွယ်ကူဆုံး ပြန်ပြီး Fix လုပ်တဲ့နည်းလေးပါ။

လိုအပ်တာတွေကတော့

  • Xiaomi Forum မှ Latest ဖြစ်တဲ့ fastboot rom ကို သည်နေရာမှာ [ >> Fastboot ROM Download Link << ] Download လုပ်ပါ။ မိမိဖုန်းအတွက် China ROM တစ်မျိုးတည်းသာ support ပေးခဲ့ရင် China Stable, China Developer ဆိုပြီး နှစ်မျိုးတွေ့မှာပါ။ Global ROM ကို ပါ support ပေးခဲ့ရင်တော့ အားလုံးပေါင်း ကိုယ် download လုပ်နိုင်တဲ့ fastboot rom လေးခုတွေ့နေမှာပါ။ အဆင်ပြေရာတစ်ခုကို download လုပ်ပါ။ Stable ဆိုတာကတော့ ပိုအဆင်ပြေဆုံးပေါ့။ Firmware Folder ရသည်အထိ ဖြည်ချထားလိုက်ပါ။
  • MTK Drivers များကို Installed လုပ်ပြိးသားဖြစ်နေရပါမယ်။ Firmware Folder ဖြည်တာတွေ၊ MTK Drivers Install လုပ်တာတွေ သည်နေရာမှာ [ -> Flashing Global ROM on Redmi Note 4 <- ] လေ့လာပါ။ SP Flash Tool နဲ့ firmware တင်ခဲ့ဖူးရင် အခုအချက်နှစ်ချက်အထိ အားလုံးပြည့်စုံပြီးသား ဖြစ်နေမှာပါ။
  • IMEI & MEID တို့ကို ပြန်ရေးရန်အတွက် Maui META ဆိုသည့် software လိုပါမယ်။ အောက်ပါ link မှာ Download ပြုလုပ်ပါ။ ရလာသော Archive file ကိုဖြည်ချပါ။ ပုံပါအတိုင်း Install လုပ်ပေးထားပါ။

Download Maui META

[ Download From tzko-xiaomi.info Cloud ] or [ Download From Google Drive ] or [ Download From PCloud ]


Fastboot rom ကိုလည်း ဖြည်ချထားပြီးပြီ။ MTK Drivers တွေလည်း Installed ပြိးပြီ။ Maui META software ကိုလည်း Installed ပြီးပြီဆိုရင်တော့ IEMI ရေးဖို့အတွက် Desktop ပေါ်မှာရှိနေတဲ့ Maui META shortcut ပေါ်မှာ Right Click နှိပ်၊ ပေါ်လာတဲ့ Shortcut Menu မှာ Run As Administrator ကိုရွေးပြီး Run ပေးလိုက်ပါ။

Maui META ရဲ့ Main Application Windows ပေါ်လာပါမယ်။

  1. Option Menu ကိုရွေးပါ။
  2. Only Preloader Port ဆိုတာကိုရွေးပါ။
  3. Reconnect ဆိုတဲ့ Button ကို နှိပ်ပေးလိုက်ပါ။

ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပေးဖို့ Message လေးလာပြနေတာတွေ့နေရပါမယ်။ အစိမ်းရောင်၊ အနီရောင်နဲ့ circle လေးလည်း blink ဖြစ်နေပါလိမ့်မယ်။ ဖုန်းကို Power ပိတ်ပါ။ ပြီးလျှင် USB Cable ကို သုံးပြီး ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ပါ။ ဖုန်းမှာ Mi Logo လေးပေါ်လာပါမယ်။ အဲသည် Logo အတိုင်း ရပ်နေသည်ဆိုရင် ဖုန်းသည် META mode ထဲသို့ရောက်နေပါပြီ။

တစ်မိနစ်ဝန်းကျင်ခန့်စောင့်ဆိုင်းပြီးလျှင် Maui META software မှာ ဖုန်းနဲ့ချိတ်ဆက်မိကြောင်း Connected with target ဟုသော message ပြပြီး အဝါရောင် circle လေး ငြိမ်နေသည်ကို တွေ့ရပါမယ်။ အောက်ဖက်မှာ မိမိတို့ရွေးချယ်ထားသော Option ကိုမူတည်ပြီး App Windows တစ်ခုပေါ်လာပါမယ်။ တစ်မိနစ်ခန့်စောင့်ဆိုင်းပြိး ဖုန်းနဲ့ချိတ်ဆက်မမိပဲ၊ ဖုန်းမှာလည်း Mi Logo မှာရပ်မနေပဲ Charging mode ရောက်သွားပါက ဖုန်းကို Power ပြန် ON ပါ။ ပြိးလျှင် Power ပြန် OFF ပါ။ Maui META software ကိုပြန်ပိတ်ပါ။ ပြီးလျှင် Administrator အနေနဲ့ ပြန် run ပါ။ USB Cable နဲ့ ဖုန်းနဲ့ကွန်ပျူတာ ပြန်ချိတ်ပါ။ စိတ်ရှည်ရှည်နဲ့ သည်နေရာမှာ ချိတ်ဆက်မိအောင် လုပ်ပေးပါ။

ပထမဆုံး IMEI အရင်ရေးရန်အတွက် Combo Box မှ IMEI Download ဆိုသည့် Option ကိုရွေးပါ။

IMEI Download App Windows ပေါ်လာပါမယ်။ မိမိတို့ဖုန်းရဲ့ Modem File ကိုညွှန်ပေးရန် Change NVRAM Database File ဆိုသည့် Button လေးကိုနှိပ်ပါ။

ပေါ်လာတဲ့ Message Box မှာ NO ကိုရွေးပါ။

ဖုန်းရဲ့ fastboot rom ကိုဖြည်ချထားလို့ရလာတဲ့ Firmware Folder ထဲက images folder အောက်က မိမိဖုန်းရဲ့ Modem Database File ကိုရွေးပေးပါ။ MDDB_InfoCustom…. ဆိုတဲ့ နာမည်နဲ့စပါတယ်။

SIM1 ဆိုတဲ့ TAB ကိုနှိပ်ပါ။ ဖုန်းဗူးခွံမှာကပ်ထားတတ်တဲ့ IMEI-1 ကိုရိုက်ထည့်ပေးပါ။ 15 လုံးရှိပါမယ်။ ရိုက်ထည့်ရန်နေရာမှာ 14 လုံးပဲရိုက်လို့ရပါမယ်။ နောက်ဆုံးတစ်လုံးက Check Sum ဆိုတဲ့ အကွက်ထဲမှာ အလိုလိုပေါ်နေမှာပါ။

IMEI-2 အတွက်လည်း SIM-2 Tab ကိုနှိပ်ပြီး IMEI ကိုထည့်ပေးပါ။ 15th လုံးမြောက်က ရိုက်စရာမလို အလိုလိုပေါ်နေပါမယ်။

IMEI နှစ်ခုလုံး ထည့်ပေးပြိးချိန်မှာတော့ Download to Flash button ကိုနှိပ်ပေးလိုက်ပါ။ တခဏလေးအတွင်းမှာ IMEI ကို ဖုန်းသို့ အောင်မြင်စွာ Flash ပြီးပြီဖြစ်ကြောင်း message လေးပေါ်လာပါ မယ်။

Redmi Note 4, Redmi Pro ဖုန်းများဟာ CDMA Network ကိုပါ Support လုပ်လို့ CDMA အတွက် MEID ကို မမှန်ပါက ပြန်ရေးပေးရပါမယ်။ MEID ရေးရန်အတွက်လည်း IMEI ကဲ့သို့ပဲ Combo box မှ MEID Download ဆိုတာကို ရွေးပါ။

Maui META Software က စစချင်း GSM Modem ကိုပဲ ချိတ်ဆက်ထားလို့ MEID နဲ့ပတ်သက်ပြီး လက်ရှိ support မလုပ်ပါလို့ Warning ပေါ်လာပါမယ်။ ပုံမှာကြည့်ပါ။ လက်ရှိ MODEM 1 နဲ့အလုပ်လုပ်နေပြီး အဲသည် Modem ကလည်း GSM modem ဖြစ်နေလို့ CDMA နဲ့ပတ်သက်တာ support မပေးနိုင်ပါ ပြောတာပါ။ OK နှိပ်လို့ကျော်သွားလိုက်ပါ။

CDMA modem ဖက်ချိန်းရန်

  1. Options ကိုရွေးပါ။
  2. Switch Active Modem to အပေါ်ကို Mouse Pointer လေးတင်လိုက်ပါ။
  3. Modem 1 လို့ရွေးထားတဲ့အောက်က Modem 3 နေရာ Mouse Pointer လေးသာတင်ထားပေးလိုက်ပါ။ ခဏကြာလျှင် CDMA modem ဖက်ချိန်းသွားပြီး MEID ထည့်ဖို့ App Windows ပေါ်လာပါမယ်။

ပြီးလျှင်တော့

  1. MEID number 14 လုံးကို ထည့်ပါ။
  2. Download to Flash button ကိုနှိပ်ပါ။
  3. အချိန်ခဏလေးအတွင်းမှာပဲ MEID number ကိုဖုန်းထဲမှာရေးပေးလိုက်ပြီး MEID flash တာ Success ဖြစ်ကြောင်း စာတန်းလေးပေါ်လာပါမယ်။

IMEI နဲ့ MEID တွေထည့်လို့ပြီးဆုံးပြီမို့ Disconnect button လေးကိုနှိပ်ပေးလိုက်ပါ။ ဖုန်းနဲ့ connection ပြုတ်သွားပြီဖြစ်ကြောင်း စာတန်းလေးပေါ်လာပါမယ်။ အဲသည်အခါမှာတော့ ဖုန်းမှ USB Cable ကိုဖြုတ်ပြီး ဖုန်းကို Power ON ပေးနိုင်ပါပြီ။

ဖုန်းပြန်တက်လာချိန်မှာတော့ Settings–>About Phone ထဲမှာ Baseband number တွေလည်းပြန်ပြနေပြီး Dial Pad ခေါ်ပြီး *#06# ကို ရိုက်ထည့်လိုက်လျှင် ကိုယ်ရေးပေးလိုက်တဲ့ မိမိဖုန်းရဲ့ MEID, IMEI number တွေကိုတွေ့ရမှာပါ။

*#06# နဲ့ခေါ်ကြည့်လျှင် CDMA Support ပေးတဲ့ဖုန်းတွေမှာ SIM 1,2 အတွက် IMEI နှစ်ခုအပြင် CDMA အတွက် MEID number တစ်ခုပါတွေ့နေရပါမယ်။ CMDA Support မပါတဲ့ ဖုန်းတွေမှာတော့ IMEI နှစ်ခုပဲတွေ့ရမှာပါ။ အခုလောက်ဆို အကြောင်းအမျိုးမျိုးကြောင့် Baseband ပျောက်၊ IMEI ပျောက်တတ်တဲ့ Redmi Note 4, Redmi Pro တွေကို IMEI, MEID Fix ပြန်လုပ်တာ အဆင်ပြေပါပြီ။

MIUI Fans များစိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂

Leave a Reply

Your email address will not be published. Required fields are marked *