Press "Enter" to skip to content

Flashing Global ROM on Redmi Note 4

Thet Zaw Ko 0

Boot Loader Unlock မလုပ်ရသေးတဲ့ Redmi Note 4 ကို ဖုန်းစဝယ်ချိန်ပါလာတဲ့ China Stable ROM ကနေ Global ROM သို့ဖြစ်စေ၊ Global ROM ကနေ China ROM သို့ဖြစ်စေ မိမိစိတ်ကြိုက် ROM အမျိုးမျိုးချိန်းချင်ပါက Fastboot rom ကို Download လုပ်ပြီး SP Flash Tool ကိုသုံးလို့ Firmware ရေးသားနိုင်ပါတယ်။

မိမိဖုန်းအတွက် လိုအပ်သော latest fastboot rom ကို သည်နေရာမှာ [ >> Download Latest Fastboot ROM << ] Download ပြုလုပ်နိုင်ပါတယ်။

Fastboot rom ရလာရင်တော့ ကွန်ပျူတာမှာ ဖြည်ချပေးထားရပါမယ်။ 7Zip Software ကိုသုံးပြီး fastboot rom တွေကို အသုံးချလို့ရသည်အထိ ဖြည်ချပုံ ဖြည်ချနည်းကို သည်  [ => Preparation for Fastboot ROM using 7Zip <= ] post မှာ လေ့လာနိုင်ပါတယ်။


SP Flash Tool နဲ့ firmware ရေးနိုင်ဖို့ လိုအပ်တဲ့ MTK USB VCOM Driver ကို အောက်ပါ links များမှာ Download ပြုလုပ်ပါ။ အဆင်ပြေတဲ့ဆီက Download နိုင်ပါတယ်။ ဖိုင်ကိုဖြည်ပါ။

Download MTK Drivers

[ From tzko-xiaomi.info Cloud ] or [ From Google Drive ] or [ From PCloud ]

  • MTK Drivers တွေ Install ပြုလုပ်ဖို့ မိမိသုံးတဲ့ Windows က 64 bit ဆိုလျှင် Drivers တွေ မှန်ကန်စွာထည့်နိုင်ရန် Driver Signature Enforcement OFF ပေးရပါမယ်။ သည် command file လေးကို [ Driver_Signature_OFF.bat ] ကို download ပြုလုပ်ပါ။ (Screen Shoot မှာ filename ပြင်ဖတ်ပေးပါ)။ ပုံတွင်ပြထားသည့်အတိုင်း file လေးပေါ်မှာ Right Click နှိပ်၊ ပေါ်လာတဲ့ Shortcut Menu မှ Run As Administrator ကိုရွေးပေးလိုက်ပါ။ သိပ်မကြာခင်မှာ Windows က Auto Restart ဖြစ်သွားပါလိမ့်မယ်။ ပြန်တက်လာရင် Driver Signature Enforcement OFF ပြီးဖြစ်နေပါပြီ။ MTK Driver Installation ကို စတင်နိုင်ပါပြီ။

Download Driver_Signature_OFF.bat File

[ Download From tzko-xiaomi.info Cloud ] or [ Download From Google Drive ] or [ Download From PCloud ]

  • MTK Driver Installation Folder ထဲမှ DriverInstaller.exe ဖိုင်ပေါ်မှာ Right Click နှိပ်၊ ပေါ်လာတဲ့ Menu မှ Run As Administrator ကိုရွေးပေးပါ။

  • Install Drivers ဆိုတဲ့ Option ကိုရွေးပါ။ Start button ကိုနှိပ်ပါ။

  • Drivers တွေ Install လုပ်ချိန် Warning box အနီလေးတွေပေါ်လာပါက Install This Driver Software Anyway ဆိုတာသာ ရွေးပြီး နှိပ်ပေးပါ။

  • MTK Drivers တွေ Install တာ complete ဖြစ်ရင်တော့ Exit button နှိပ်လို့ ထွက်နိုင်ပါပြီ။


Firmware အတွက်ပြင်ဆင်ပြင်ဆင်တာတွေ ပြီးပြီဆိုရင်တော့ Firmware ရေးဖို့လိုအပ်တဲ့ SP Flash Tool ကို Download ပြုလုပ်ပါ။ ရလာသော file ကို ဖြည်ထားပါ။

Download SP Flash Tool

[ Download From tzko-xiaomi.info Cloud ] or [ Download From Google Drive ] or [ Download From PCloud ]


Firmware file ကို Download ပြုလုပ်လို့ ဖြည်ချပြီးပြီ။ MTK Drivers တွေလည်း မှန်ကန်စွာ Install လုပ်နိုင်ခဲ့ပြီ။ SP Flash Tool ကိုလည်းဒေါင်းပြီး ဖြည်ထားပြီးပြီ ဆိုရင်တော့ Firmware ရေးသားခြင်းကို စတင်နိုင်ပါပြီ။

  • SP Flash Tool folder ထဲမှ flash_tool.exe file ပေါ် Right Click နှိပ်၊ ပေါ်လာတဲ့ Shortcut Menu မှ Run As Administrator ကိုရွေးပြီး flash tool ကို run ပါ။

  • Flash tool စ run ချိန် Scatter file နဲ့ပတ်သက်တဲ့ Message Box ပေါ်လာပါက OK နှိပ်ပေးလို့သာ ကျော်လိုက်ပါ။

  • SP Flash Tool ထဲမှာ ပြင်ဆင်ပေးရမယ့် အရာတွေကတော့
    1. Download Agent file ကို ရွေးပေးရပါမယ်။ SP Flash Tool Folder ထဲမှာပဲ DA_RMN4_PRO.bin ဆိုတဲ့ file ရှိပါတယ်။ Download Agent button နှိပ်လို့ အဲသည်ဖိုင်ကို ရှာရွေးပေးလိုက်ပါ။
    2. မိမိတို့ ဖြည်ချထားတဲ့ Firmware Folder အောက်က images ဆိုတဲ့ Folder ထဲမှာ MT6797_Android_scatter.txt ဆိုတဲ့ Scatter File ရှိပါတယ်။ Scatter Loading ဆိုတဲ့ button နှိပ်ပြီး Firmware Folder အောက်မှာရှိတဲ့ Scatter file ကိုရွေးပေးလိုက်ပါ။ (Redmi Pro အတွက်လည်း MTxxxx နဲ့စပြီး Android_scatter လို့နာမည်ပါတဲ့ scatter file ရှိပါတယ်)
    3. Preloader ဆိုတဲ့ Block ရဲ့ Check Box ကို အမှန်ခြစ်ထားတာဖြုတ်ပါ
    4. Download Only ဆိုတာပဲ ရွေးထားတာသေချာပါစေ။ (Download All + Format ရွေးမိပါက IMEI တွေပါ ပျောက်ပါမယ်။ Mi Account ကျော်ချင်ကြတဲ့အခါတွေမှာသုံးပြီးတင်ကြပါတယ် 😀 )
    5. Download Button ကို နှိပ်ပေးလိုက်ပါ။

  • ကွန်ပျူတာမှာ USB Cable ကို ထိုးထားပါ။ ဖုန်းကို Power ပိတ်ပါ။ ပိတ်သွားပြီဆိုလျှင် Volume Down Key ကိုနှိပ်ထားပြီး USB Cable ကိုထိုးလိုက်ပါ။ အနီရောင်ဘားတန်း ပေါ်လာပြီး SP Flash Tool က ဖုန်းကို initialize လုပ်နေပါလိမ့်မယ်။ Volume Down Key ကို မလွှတ်ပါနဲ့။ နှိပ်ထားပေးပါ။

  • Chip Info box ပေါ်လာပြီး Firmware စတင်ရေးသားတဲ့ အဝါရောင်ဘားတန်းပေါ်လာြပီဆိုလျှင်တော့ Volume Down Key ကိုနှိပ်ပေးထားတာ လွှတ်လိုက်နိုင်ပါပြီ။

Vol Down နှိပ်ထားပြီးကြိုးထိုးရာမှာ DA_EXCEED… စတဲ့ Error ပေါ်လာပါက SP Tool ထဲမှာ Download button ပြန်နှိပ်၊ ဖုန်းကို Power ပိတ်ထားပြီး ဘာ key မှမနှိပ်ပဲ သည်တိုင်းသာကြိုးထိုးပေးလိုက်ပါ။ Vol Down key နှိပ်ပြီး လုပ်တာရယ်.. power ပိတ်ပြီး သည်တိုင်းကြိုးထိုးတာရယ် အဆင်မပြေရင်တော့ Vol Up key နှိပ်ပြီး ကြိုးထိုးကြည့်ပါ။ MIUI Ver 8 အစပိုင်းလောက်တင်ထားတာတွေက Vol Down နှိပ်ပြီး ကြိုးထိုးရင် အဆင်ပြေကြပြီး MIUI Ver နဲနဲမြင့်လာတာတွေက power ပိတ်ပြီး သည်တိုင်း ကြိုးထိုးတာ အဆင်ပြေကြပါတယ်။

  • အစိမ်းရောင် အမှန်ခြစ် Box လေးပေါ်လာရင်တော့ Firmware ရေးသားတာ အောင်မြင်စွာပြီးဆုံးပါပြီ။ ဖုန်းကို USB Cable ဖြုတ်၊ Power Key ကို Vibrate တုန်သည်အထိနှိပ်ထားပေးလိုက်ရင် Power ပွင့်လာပါပြီ။ ထိုအချိန်မှစလို့ Setup Wizard တက်လာသည့် အချိန်ထိ ၁၅ မိနစ်ခန့် စိတ်ရှည်ရှည်စောင့်ဆိုင်းပေးလိုက်ပါ။

Boot Loader Unlock မလုပ်ရသေးတဲ့ Redmi Note 4, Redmi Pro တို့ကို Flash tool နဲ့ firmware ပြန်တင်ချင်တဲ့အခါ အခုဖော်ပြပါနည်းအတိုင်း SP Flash Tool သုံးပြီးတင်ပေးနိုင်ပါတယ်။ Flash tool နဲ့ Firmware ရေးတာတွေမှာ ကိုယ့်ဖုန်းမှာ ဘယ် rom တင်ထားလို့ ဘယ် rom အမျိုးအစားကိုပဲ ချိန်းလို့ရတယ်ဆိုတဲ့ ကန့်သတ်ချက်မရှိပါ။ မိမိနှစ်သက်ရာ China, Global ကြိုက်တာကို တင်ပေးနိုင်ပါတယ်။ MIUI ver အနိမ့်၊ အမြင့် ကြိုက်တာကို တစ်ခါတည်း တင်ပေးနိုင်ပါတယ်။ Fastboot rom အမှန်ကို Xiaomi Froum ထဲက download ပြုလုပ်နိုင်ရင် အဆင်ပြေပါပြီ။ အခြား ကန့်သတ်ချက်များ မရှိပါ။ Preloader Block သာ အမှန်ခြစ်ဖြုတ်ပြီး ရေးဖို့မမေ့ပါနဲ့..။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…။ 🙂 🙂

Leave a Reply

Your email address will not be published. Required fields are marked *