Press "Enter" to skip to content

How to Unlock Boot Loader (Xiaomi)

Thet Zaw Ko 3

Redmi Note 3 နဲ့နောက်ပိုင်းထွက်လာတဲ့ Xiaomi Phones မှန်သမျှမှာ Boot Loader Lock ဖြစ်လာပါတယ်။ အရင် Model တွေထဲက (Mi4c, Mi Note Pro, ကျန်တဲ့ဟာလေးတွေတော့ မမှတ်မိ..Mi4 series ထဲကတွေပါပဲ.. Firmware update လုပ်ရင် Boot Loader Lock ဖြစ်သွားပါတယ်)။

Boot Loader Lock ဖြစ်လို့ Firmware တင်ချင်ရင် EDL mode ကနေပဲ တင်လို့ရတော့ပါတယ်။ Stock Recovery မှာ User တွေအသုံးချနိုင်မယ့် Command UI ပါမလာတော့ပါ။ သည်တော့ Lock Screen Password မေ့တာတွေမှာ Factory Reset ချတာတွေမလုပ်နိုင်တော့ပါ။ Root ချင်တာတွေ၊ အခြားသော System ပိုင်း ကလိချင်တာတွေအတွက် Custom Recoveries (TWRP) သွင်းမရတော့ပါ။

သည်တော့ မိမိဖုန်းကို ကိုယ့်စိတ်ကြိုက် control လုပ်နိုင်ဖို့၊ သုံးနိုင်ဖို့အတွက် Boot Loader ကို အရင် Unlock လုပ်ရပါတယ်။ အဓိကလုပ်ကြတဲ့ ရည်ရွယ်ချက်ကတော့ TWRP သွင်း၊ root လုပ်ပြီး နေရာအစုံမှာ မြန်မာစာ မှန်နေအောင်အတွက်ပါ။ TWRP သွင်းထားတော့ တစ်စုံတစ်ရာ error ကြောင့် ဖုန်း boot မတက်တော့ရင်လည်း ကိုယ့် data တွေမဆုံးရှုံးစေပဲ Recover ပြန်လုပ်နိုင်တာတွေ လည်း ရှိတာပေါ့။ ဖုန်းထဲမှာ TWRP ကို permanent သွင်းမထားရင်တောင် TWRP လေးနဲ့ ဖုန်းကို ခဏ boot တက်.. လိုတာလေးတွေပြင်.. ပြီးမှ normal boot ပြန်တက်.. အစရှိသည်ဖြင့် မိမိဉာဏ်ကွန့်ရင် ကွန့်နိုင်သလို ဖုန်းကို လိုသလို control လုပ် အသုံးချလို့ ပိုလွယ်ကူတာပေါ့။

အချို့ကလည်းပြောကြတာပေါ့.. Boot loader lock လုပ်ထားတာဟာ ကိုယ့်ဖုန်းပျောက်သွားရင်တောင် သူတစ်ပါးက ဖုန်းကို အလွယ်သုံးမရအောင်.. မိမိအရေးကြီး data တွေ သူတစ်ပါးသုံးမရအောင် လုပ်ထားနိုင်တယ်ပေါ့။ ဖုန်းမပျောက်အောင် ထိန်းသိမ်းဖို့ကတော့ မိမိနဲ့ 100% ပဲသက်ဆိုင်တာပါ။ Boot Loader က ထူးထွေ protect လုပ်ပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။ သူ့အမြင် ကိုယ့်အမြင် တူကြမယ်တော့ မဟုတ်ဘူးပေါ့။

ကဲ…. Boot Loader Unlock လုပ်မယ်ဆို ဘာတွေလိုမလည်း။ Xiaomi Phones တွေမှာ Boot Loader ကို Unlock လုပ်ဖို့ အများပြောသလို unlock code တောင်းတယ်… unlock code တောင်းတယ်.. ဆိုတာ လုပ်ရတာမဟုတ်ပါ။ အခြားသောဖုန်းတွေလို Web Site မှာ၊ Email မှာပြန်လာတဲ့ code ကို fastboot mode ကနေ command နဲ့ထည့်ပေးရတာမဟုတ်ပါ။

Xiaomi ကထုတ်ထားတဲ့ Boot Loader Unlock Tool ကို အသုံးပြုရတယ်။ ကွန်ပျူတာနဲ့ဖုန်းချိတ်ဆက်ပြီး Unlock Tool သုံးပြီး Boot Loader Unlock လုပ်နိုင်ဖို့ ကိုယ့် Mi Account ကို အသုံးပြုရပါတယ်။ ဖုန်းမှာလည်း အဲသည် Mi Account Login ဝင်ထားခဲ့ရပါတယ်။ ကွန်ပျူတာမှာလည်း Internet Connection ရနေရပြီး Boot Loader Unlock Tool မှာလည်း Unlock လုပ်ချင်တဲ့ ဖုန်းမှာ login ဝင်ထားတဲ့ Mi Account နဲ့ Login ဝင်ရပါတယ်။ သည်တော့ Boot Loader Unlock လုပ်တဲ့နေရာမှာ မိမိ Mi Account သာ အရေးအကြီးဆုံး လိုအပ် ချက်ဆိုတာ သဘောပေါက်ပါ။

Boot Loader Unlock လုပ်ရာမှာ အဆင့်သုံးခုရှိပါလိမ့်မယ်။

Step One : Boot Loader Unlock Tool Latest Version ကို Download ပြုလုပ်ပါမယ်။ Unlock Tool Version နဲနဲနိမ့်နေရင် Unlock လုပ်မရပါ။ Latest Tool version ကိုဒေါင်းပါ.. Tool မှာ ချိတ်ထားတဲ့ Device မတွေ့ပါဘူး.. စသည်တို့ပဲပြနေတတ်ပါတယ်။ အရင်ကတော့ အခုအဆင့်တစ်အနေနဲ့လုပ်တာက ကိုယ့် Mi Account ဟာ Boot Loader Unlock Permission ရပြီးသားဖြစ်အောင် လိုအပ်တဲ့ Info လေးတွေဖြည့်ပေးပြီး ဖုန်းနံပါတ်ဆီကို SMS Verify တဲ့စာ တောင်းတဲ့အဆင့်ပါ။ အခုတော့ အဲဒါတွေမလိုတော့ပါ။  Unlock Tool Version က Latest ဖြစ်နေဖို့ပဲလိုသည်မို့ Latest version ကို ရအောင်ဒေါင်းလိုက်တဲ့အဆင့်ကိုပဲလုပ်လိုက်ပါမယ်။

Step Two : အဲဒါကတော့ ကိုယ် BLU လုပ်မယ့်ဖုန်းထဲ ဝင်ထားတဲ့ Mi Account ကို Settings -> Additional Settings -> Developer Options ထဲမှာ Account Bind ပေးရမယ့် အဆင့်ကိုလုပ်ပါမယ်။ အဲလို Bind ပေးထားမှ Unlock Tool မှာ Unlock လုပ်တဲ့အချိန်မှာ Tool က ကိုယ့် Device၊ ကိုယ့် Mi Account Info တွေကို တိုက်ဆိုင်စစ်ဆေးနိုင်မှာပါ။

Step Three : သည်အဆင့်ကတော့ ဖုန်းကို Fastboot mode ဝင်ပြီး Boot Loader Unlock Tool run ထားတဲ့ ကွန်ပျူတာမှာချိတ်မယ်။ Unlock မယ်ဆိုတာပါပဲ။ သည်နေရာမှာ 72 နာရီစောင့်ပါ။ 360 နာရီစောင့်ပါ.. စသည်ဖြင့်ပြပါတယ်။ အဲသည်အချိန်ကို စရေတွက်တာက အဆင့်နှစ်မှာ Account Bind တာ Success ဖြစ်သွားပါပြီလို့ စတဲ့အချိန်ကပါပဲ။ သူပြပေးတဲ့ နာရီအတိုင်း မိမိကစောင့်ရပါတယ်။ ဖုန်းထဲဝင်ထားတဲ့ Mi Account ကို Sign out လုပ်လို့မရပါ။  အချိန်ပြည့်မှ သည် အဆင့် သုံး ကိုပဲ လုပ်ပေးရမှာပါ။ အဲသည်အခါမှာတော့ Unlock ဆိုတာနှိပ်တာနဲ့ 100% complete ဖြစ်လို့ BLU လုပ်တာ အောင်မြင်ပြီးဆုံးမှာပါ။


Step One : Boot Loader Unlock Tool Latest Download လုပ်တာကနေ အရင်စရပါမယ်

သည် Post ထဲမှာ Unlock tool ကို Download လုပ်ဖို့ link အသေ တင်မပေးတော့ပါဘူး။ Xiaomi ရဲ့ security ပိုင်း policy တွေပြောင်းလဲလာတာပေါ်မူတည်လို့ Device စစ်တာ၊ Mi Account စစ်တာတွေပြောင်းလဲလာတတ်ပြီး Unlock tool version ကလည်း Update လုပ်လာလေ့ရှိလို့ မိမိဖာသာ Download ပြုလုပ်လိုက်ဖို့ပဲ Try လိုက်ရအောင်…။

ဖုန်းမှာပါတဲ့ Browser ကိုပဲဖွင့်ပါ။ Browser address bar မှာ http://en.miui.com/unlock လို့ရိုက်ဝင်ပါ။ Unlock Now ဆိုတဲ့ Button နှိပ်ပါ။ ထုံးစံအတိုင်း Mi Account login ဝင်ခိုင်းပါမယ်။ ဖုန်းမှာပါတဲ့ Browser သုံးလို့ ဖုန်းထဲမှာ login ဝင်ထားနဲ့ Mi Account နဲ့ဝင်ဖို့ Box တစ်ခုပေါ်လာမှာပါ။ Sign In ဆိုတာနှိပ်လိုက်ပါ။ Login ဝင်သွားရင်တော့ ကိုယ့် Mi Account ဟာ Xiaomi Forum မှာ တစ်ခါမြှ login ဝင်သုံးထားဖူးတာမဟုတ်ရင် Mi Account ကို Nick Name လေးပေးဖို့ လာတောင်းပါမယ်။ Facebook မှာ Account Name လေးတွေပေးသလို ပေါ့။ ပုံတွေကိုလေ့လာပါ။

Mi Account အတွက် Forum Nick Name လေးပေးလိုက်ပါ။ Character သုံးလုံးထက်မနဲ၊ တစ်ဆယ့်ငါးလုံးထက် မပိုရပါ။ ပြီးရင်တော့ Xiaomi ထဲရောက်သွားပါပြီ။ လူပုံစံလေးပေါ်နေတာဟာ ကိုယ့် Mi Account နဲ့ forum မှာ login ဝင်နေပြီလို့ ဆိုလိုချင်တာပါ။ ပုံများကို လေ့လာကြည့်ပါ။

ဖုန်းက Home Key ကိုပြန်ထွက်ပြီးထွက်လိုက်ပါ။ Home Key ဘယ်ဖက်က Menu/Recent Key ကိုနှိပ်ပါ။ Recent App list တွေပေါ်လာပါက အကုန်လုံးကို Clean လုပ်လိုက်ပါ။ ပြီးရင်တော့ Boot Loader Unlock permission တောင်းတဲ့ website ထဲပြန်ဝင်.. Unlock Now Button နှိပ်ပါ။ Latest version Mi Unlock Tool ကို Download လုပ်ဖို့ပေါ်လာမှာပါ။ ဒေါင်းယူထားလိုက်ပါ။

Unlock Tool က Install လုပ်စရာမလိုပါ။ ဒေါင်းလို့ရလာတဲ့ Archive file ကို  System Drive ဖြစ်တဲ့ D:\ သို့သာ ကူးထည့်ထားပါ။ အဲသည် Location မှာပဲ ဖြည်ချတာလုပ်ပါ။ အဲလိုဆို Driver တွေ Install တာ..၊ ဖုန်းကို Detect တာတွေ ကောင်းကောင်းပိုအဆင်ပြေစေပါတယ်။ ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်ပြီး Firmware ရေးတာမလုပ်ဖူးရင်တော့ လိုအပ်တဲ့ ADB,Fastboot Drivers တွေကို Unlock Tool မှာပါတဲ့ Driver Installer ကနေလုပ်ဆောင်ပေးထားနိုင်ပါတယ်။ အောက်ပါပုံများကိုလေ့လာပြီး လိုအပ်တဲ့ USB Drivers တွေကို Install လုပ်ထားနိုင်ပါတယ်။ အောက်ပါပုံလေးတွေအတိုင်း ကြည့်လုပ်နိုင်ပါတယ်။

D:\ ထဲကို ဒေါင်းလို့ရလာတဲ့ zip file ကူးထည့်ထားမယ်။ ကျနော်ကတော့ WinRAR ထည့်ထားလို့ အဲလိုတွေဖြည်မယ်ဆို Right Click ကို file ပေါ်နှိပ်တာနဲ့ WinRAR က လုပ်ပေးနိုင်မယ့် Options ေတွပေါ်လာပါတယ်။ Windows 7 နဲ့ နောက်ပိုင်းတွေဆိုလဲ Zip file တွေကို ဖြည်ပေးနိုင်တဲ့ default feature ပါပါတယ်။ Right Click နှိပ်တာနဲ့ပေါ်လာမှာပါပဲ။ Extract Here.. ဆိုတာရွေးလိုက်ရင် D:\ ထဲမှာ ပွစာကျဲနေအောင် ဖြည်သွားမှာပါ။ သူကလာတာ Folder တစ်ခုကို zip လုပ်ထားတဲ့ပုံစံမလာပါ။ files, folders တွေကို zip ထားတဲ့ပုံစံနဲ့လာတာပါ။  ဒါကြောင့် ကိုယ့် zip file name အတိုင်း Folder တစ်ခုဆောက်ပြီး ဖြည်ချပေးမယ့် အောက်က Options ကိုရွေးပါတယ်။ ဒါကြောင့် အခြား software တွေနဲ့ဖြည်ရင်လဲ Extract Here.. Extract Now.. Extract All.. ဆိုတာတွေကိုမရွေးပဲ ကိုယ့် file နာမည်အတိုင်း folder ဆောက်ပေးမယ့် Option ကိုရွေးဖြည်ပါ။Folder ဖြည်တာ ရလာပြီဆိုရင်တော့ အဲသည်ထဲကိုဝင်ပါ။ Drivers တွေ Install လုပ်ဖို့ driver folder ထဲက သက်ဆိုင်ရာ Windows Version folder ထဲကိုဝင်ပါ။ ကျနော်ကတော့ Windows 10 မို့ win10 အောက်ကိုဝင်ပါတယ်။ အဲသည်အောက်မှာ android_winusb.inf ဆိုတဲ့ file လေးရှိပါတယ်။ အခြား Windows versions များအောက် folder မှာလဲ ထို inf file ရှိပါတယ်။ အဲဒါကို Right Click နှိပ်ပြီး Install ဆိုတာနှိပ်ပါ။ အချိန် ခဏလေးစောင့်ပေးလိုက်ရင် Completed Successfully ဆိုတာပေါ်လာပါပြီ။ ဒါဆိုရပါပြီ။ Drivers တွေ Install လုပ်တာပြီးပါပြီ။ကိုယ့် Computer က ကိုယ့်ဖုန်းကို Fastboot mode မှာ သိနေ မနေစမ်းကြည့်ချင်ရင်တော့ ဖုန်းကို Power ပိတ်ထားပါ။ Vol Down + Power Key ကိုတွဲပြီး ကြာကြာလေးနှိပ်ထားပါ။ Fastboot mode ကိုရောက်ပါမယ်။ ကွန်ပျူတာမှာ USB Cable နဲ့ချိတ်ပါ။ Computer Device Manager မှာ အောက်ပါပုံအတိုင်း boot loader device တစ်ခုတွေ့တယ်ဆို OK ပါပြီ။ Device နာမည်ရှေ့ icon ပေါ်မှာ အဝါရောင် ? ၊ တြိဂံပုံ စတာတွေ ပေါ်မနေရပါ။ ပေါ်နေရင်တော့ ဖျက်ပြီး Driver Installation ကို ပြန် try ပါ။ မိမိကွန်ပျူတာမှာ ဖုန်းနဲ့ပတ်သက်တဲ့ driver မျိုးစုံတင်ထားဖူးရင် conflict ဖြစ်နိုင်ချေတွေ လိုက်စဉ်းစားလို့သာ troubleshoot ပါ။


Step Two : Developer Options ထဲမှာ Account bind တဲ့ကိစ္စကို ပြင်ဆင်ရအောင်..

ဖုန်းမှာပြင်ဆင်ထားရမယ့် အပိုင်းတွေကတော့ Developer Options ON ထားပေးပါ။ USB Debugging ON ထား ပေးပါ။ OEM Unlocking ဆိုတာပါရင် ON ထားပေးပါ။ Settings->Additional Settings-> အောက်မှာ Developer Options menu မတွေ့ပါက Settings->About Phone->MIUI Version နေရာ ခြောက်ချက်ခန့် ( Tap ) လုပ်ပါ။ MIUI Version 9 နဲ့အထက်ဆိုရင်တော့ Settings -> My Device -> All Specs -> MIUI Version နေရာပေါ့…။

ဖုန်းထဲမှာဝင်ထားတဲ့ Mi Account တစ်ခုဝင်ထားတာသေချာပါစေ။ Mi Account Settings ထဲမှာ Find Device ON ထားပေးတာ သေချာပါစေ။

Developer Options ထဲမှာပါတဲ့ Mi Unlock Status ထဲထိသွားပါ။ အင်တာနက်ဖွင့်ထားပါ။

ဖုန်းက boot loader lock ဖြစ်နေတယ်လို့ပြနေပါမယ်။ အောက်ဆုံးမှာရှိတဲ့ Add Account and device ဆိုတဲ့ Button လေးနှိပ်ပေးလိုက်ပါ။ ကိုယ့်ဖုန်းနဲ့ကိုယ့် account ဟာ associated ဖြစ်သွားပြီလို့ message လေးပေါ်လာပါမယ်။

အခုနောက်ဆုံးထွက် model အချို့တွေမှာ အခုလို Developer options ထဲမှာ Account bind တာဝင်လုပ်ရင် တရုတ်စာနဲ့နံပါတ်တွေပါတဲ့ Noti ပေါ်လာပါတယ်။ Successfully ပြမသွားပါဘူး။ အောက်ကပုံလေးလို ပြတာမျိုးတွေပါ။

အဲသည်အတွက် Account bind တာလုပ်ဖို့ Google Play Store ကနေ Flit VPN ဆိုတဲ့ software လေး download လုပ်ထည့်ပါ။ Play Store မှာ Flit vpn လို့ search လုပ်လိုက်ပါ။ အောက်က icon ပုံနဲ့ app ပါ။

Flit vpn app ကိုဖွင့်ပါ။ အောက်ကပုံလေးအတိုင်းကြည့်ပြိး VPN ချိတ်တာလုပ်ပေးလိုက်ပါ။ ဖုန်းမှာ အင်တာနက်တော့ အရင်ဖွင့်ထားပေါ့ 😀 😀 

China Region ကိုရွေးပြီး ချိတ်နိုင်တဲ့ အခြားသော မည့်သည့် VPN Software ကိုမဆို သုံးနိုင်ပါတယ်။ မိမိအဆင်ပြေတာနဲ့သာ try ပါ။

Account bind တာ Success ဖြစ်ခဲ့ပြီဆိုရင် အဆင့်နှစ်ပြီးပါပြီ။ သည် Mi Account ကိုလည်း BLU Process 100% Done ပြီးမှသာ ပြန်ပြီးထွက်ချင်ထွက်တာတွေလုပ်ပါ။ မပြီးမချင်း မထွက်ပါနဲ့။ အချို့ဖုန်း Model တွေမှာ 100% done ဖို့ အချိန် 72 hours စောင့်ပေးရပါတယ်။ အချို့တွေမှာ 360 hours စောင့်ပေးရပါတယ်။ အဲဒါက သည်မှာ Success ဖြစ်သွားချိန်ကစလို့ count လုပ်ပေးတာပါ။


Step Three : Mi Unlock Tool နဲ့ ချိတ်ဆက်လုပ်ဆောင်တာ လုပ်ပါမယ်။

ကွန်ပျူတာမှာ Internet ရနေပါစေ။ ဖြည်ထားတဲ့ Unlock Tool ကို Run ပါ။

ဖုန်းထဲမှာ Sign In ဝင်ထားတဲ့၊ Mi Account နဲ့ပဲ Unlock Tool မှာ login ဝင်ပါ။ Permission တွေစစ်ဆေးပြီး ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ထားခြင်း မရှိဘူးလို့ပြနေပါမယ်။ ကိစ္စမရှိပါ။

ဖုန်းကို Power ပိတ်ပါ။ Vol Down + Power Key ခဏ တွဲနှိပ်ပေးထားလိုက်ရင် Mi Bunny အစိမ်းရောင်လေးပေါ်လို့ ဖုန်း က fastboot mode ကိုရောက်ပါပြီ။ ကွန်ပျူတာနဲ့ဖုန်းကို USB Cable နဲ့ချိတ်ပါ။ Drivers တွေအလုပ်လုပ်တာမှန် ကန်ရင် fastboot mode နဲ့ဖုန်းပုံလေးပေါ်လာပါမယ်။ Unlock Button သာနှိပ်ပေးလိုက်ပါ။ဖုန်းကို စစ်ဆေးတာတွေ လုပ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ဘယ်နှနာရီစောင့်ပါဆိုတာမျိုး ပေါ်လာပါမယ်။ ပုံမှန်ကတော့ သုံးရက် (72 hours) ပါပဲ။ VPN ကျော်ပြီးမှ Account bind တာမျိုးလုပ်ရတာမျိုးတွေ၊ နောက်ပိုင်းထွက် Model အသစ်မျိုးတွေကတော့ 360 hrs အထိစောင့်ပေးရတာ (Redmi Note 5A နဲ့နောက်ပိုင်း model လောက်တွေ) သတိထားမိပါတယ်။ Global rom တင်ထားတဲ့ အရင် model ဟောင်းမျိုးဆိုရင်တော့ တစ်ခါတလေ တစ်ခါတည်း unlock လုပ်ပေးသွားတာမျိုးလဲ ကြုံဖူးပါတယ်။ ပုံသေ ဘယ်လိုဆိုတာတော့ ပြောမရပါ။ အချိန်တစ်ခုစောင့်ပေးရတာတော့ Xiaomi policy ပါပဲ။ သူပြတဲ့အချိန်ကို စောင့်ပေးပါ။ အဲသည်အချိန်ကျော်လောက်မှ သည် အဆင့်သုံး ကို တစ်ခါလာလုပ်ပါ။ 100% ထိ တစ်ခါတည်း Success သွားမှာပါ။စောင့်ဆိုင်းချိန်ကျော်လွန်ပြီးမှလုပ်ရင်တော့ percent တွေ တက်တက်သွားပြီး Successfully unlock ဖြစ်သွားပါလိမ့်မယ်။

 

Boot Loader Lock / Unlock state ကို fastboot mode မှနေစစ်ဆေးနိုင်ပါတယ်။

Settings->Additional Settings->Developer Options ထဲမှာပဲ Unlock Status ကို ကြည့်နိုင်ပါတယ်။ အောက်ကပုံကတော့ Unlock လုပ်ပြီးသားပုံပါ။


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂

  1. Kaung Sat Kaung Sat

    ဘယ်လိုလုပ်ရမလဲ ခဗျ
    .
    Account Bind တာမှာ error. Code 401 ဆိုပြီးပြနေလို့ပါခဗျ
    ဘယ်လိုလုပ်ရမလဲ ခဗျ

    • Thet Zaw Ko Thet Zaw Ko

      Account ပြောင်း try တာ.. Factory Reset ချကြည့်ပြီးမှ try တာ.. China beta rom ကို ပြောင်းတင်ပြီးမှ try တာ.. စတာတွေ လုပ်ကြည့်နိုင်ပါတယ်

    • Thet Zaw Ko Thet Zaw Ko

      mi acc sign out ထွက်.. ပြန်ဝင်ပြီး ပြန်စမ်းတာ.. mi acc ချိန်းစမ်းတာ.. နောက်ဆုံးမတော့ factory reset ပြီးစမ်းတာ.. china beta ကို တင်စမ်းတာ.. စတာတွေ ပြုလုပ်ပြီး စမ်းသပ်နိုင်ပါတယ်…။

Leave a Reply

Your email address will not be published. Required fields are marked *