Press "Enter" to skip to content

Google Apps Installation on CHINA MIUI ROM

Thet Zaw Ko 0

ရှေးဦးစွာ Phone Settings ထဲမှာ Third Party Apps များ Install လုပ်နိုင်အောင် Unknown Sources ကို ON ထားပေးပါ။

Mobile data ပဲဖွင့်ထားပြီး မိမိလုပ်ချင်သည်များကို လုပ်လေ့ရှိတာမို့ File Size ကြီးတာတွေဒေါင်းရင် Waiting for WiFi ဖြစ်မနေရအောင် Downloads Settings မှာ Download File size ကို Unlimited ထားပေးပါ။

Google Installer apk ကို အောက်ပါ link မှာ download ပြုလုပ်ပြီး ဖုန်းမှာ install လုပ်ပေးထားပါ။ မိမိအဆင်ပြေရာ link တစ်ခုမှ download ပြုလုပ်နိုင်ပါတယ်။

Google Install APK Download Links

Google Installer လေးထည့်သွင်းပြီးပြီဆိုရင်တော့ ဖွင့်လိုက်ပါ။ အပြာရောင် စက်ဝိုင်းပုံလေးကို နှိပ်လိုက်ရင် လိုအပ်တဲ့ Google Apps ၆ ခုကို သူ့ဟာသူ Install လုပ်သွား ပါလိမ့်မယ်။ မိမိအနေနဲ့ INSTALL, DONE button လေးတွေသာ နှိပ်ပေးနေရုံပါ။


Google Apps များထည့်သွင်းပြီးစီးချိန်တွင် ချက်ချက်ဖွင့်မသုံးသေးပါ။ China ROMs တွေမှာ ကောင်းမွန်စွာအလုပ် လုပ်နိုင်ရန် လိုတာလေးတွေ ဆက်လက်ပြင်ဆင်ပါမယ်။

  • ပထမဦးစွာ Google Apps တွေအားလုံး ဖုန်းစတက်လာတာနဲ့ Background မှာ Autorun နေနိုင်အောင် Auto Start Lists ထဲမှာထည့်ပါမယ်။ လုပ်ပေးရသည့်ရည်ရွယ်ချက်ကတော့ Google services တွေရဲ့ background sync တွေဟာ အင်တာနက်ဖွင့်တာနဲ့ အဆင်ပြေပြေ sync လုပ်နိုင်အောင် ဖြစ်ပါတယ်။ ထိုသို့လုပ်ဆောင်ထားပေးရင် Sync errors တွေ အတတ်နိုင်ဆုံး ကင်းဝေးစေပါမယ်။

  • ပြီးလျှင် Security Permission တွေကြောင့် google service တွေ အလုပ်မလုပ်နိုင်ခြင်း မဖြစ်ရအောင် Gapps တွေကို Security Permission တွေ အကုန် ON ပေးထားပါမယ်။ မိမိတို့အမြဲဖွင့်ပြီး အသုံးပြုနေတာ Google Play Store တစ်ခုထဲသာဖြစ်ပေမယ့် Ph. Screen ပေါ်မှာ icons မမြင်ရတဲ့ google services တွေ အကုန်လုံး အဆင်ပြေပြေ တွဲစပ်ပြီး အလုပ်လုပ်နေစေရပါမယ်။

  • MIUI ရဲ့ Battery Management Features တွေကြောင့် Google Background Services များ Auto Stop ဖြစ်သွားစေခြင်းမရှိရအောင် Battery Management ထဲမှာ Exceptions တွေထားပေးပါမယ်။ အဓိက ရည်ရွယ်ချက်ကတော့ Google services များ အမြဲတမ်း အဆင်ပြေအောင် run နေအောင်ပါ။

  • Mobile နဲ့ပဲအင်တာနက်ဖွင့်ဖွင့်၊ WiFi နဲ့ပဲ အင်တာနက်ဖွင့်ဖွင့် Google Apps များကို limit လုပ်ထားတာမရှိ ရအောင် စစ်ဆေးပါ။ ROM versions တွေပေါ်လိုက်လို့ ပေါ်လာမယ့်ပုံစံလေးတွေ ကွဲနိုင်ပေမယ့် ဝင်ရွေးသွား ရမယ့် စာသားလေးတွေ တူတူပါ။

Mi App Store မှနေ Google Installer Download လုပ်ပြီး Install ပြီးချိန်မှစလို့ အခုအဆင့်ထိ လုပ်ဆောင်သင့် သည်ကို အောင်မြင်စွာ လုပ်ဆောင်လို့ ပြီးဆုံးပါက ဖုန်းကို REBOOT ချလိုက်ပါ။ ပြန်တက် လာလျှင် အင်တာနက်ဖွင်လို့ Google Play Store ကိုဖွင့်ပြီး မိမိတို့ Google Account Sign in ဝင်ရန် အသင့်ဖြစ်ပါပြီ။


Google Play Store ကိုဖွင့်ပါ။ မိမိ google account (gmail address) ကိုထည့်ပေးပါ။ Password ကိုထည့်ပေးပါ။ Google Play Store ထဲသို့ရောက်ပါပြီ။

Google Play Store စတက်လာပြီဆိုတာနှင့် မည်သည့် App မှဒေါင်းသုံးခြင်း၊ Update လုပ်ခြင်း မလုပ်သေး ပဲ အရင်ဆုံးလုပ်ပေးရမှာကတော့ Play Store ကို Update လုပ်ပေးခြင်း ပါ။ အောက်ပါပုံအတိုင်းလုပ်ပါ။

Google Play Store ထဲရောက်ပြီဆိုတာနဲ့ Settings ထဲဝင်ပြီး Update လုပ်ပေးခြင်းကိုသာ အရင်လုပ်ပါ။ Up to Date ဖြစ်ပြီဆိုမှ အခြားသော app များ download ပြုလုပ်ခြင်း၊ Update ပြုလုပ်ခြင်း၊ Google Account နဲ့ပတ်သက်တာ အသုံးပြုခြင်းတွေကို လုပ်ပါ။ ယခုလိုပြုလုပ်ရာမှာ အချိန်ကြာချင်လည်း ကြာပါမယ်။ ( ၁၅ ) မိနစ်ခန့် အချိန်ပေးပြီးသာ Update ပြုလုပ်ပေးလိုက် ပါ။ ထိုအချိန်မှာ google နဲ့ပတ်သက်တဲ့ background services တွေလည်း Auto Update လုပ်ချင်လုပ်နေပါလိမ့်မယ်။ အားလုံးပြီးပြီဆိုလျှင်တော့ Firmware ပြန်တင်တာ၊ Factory Reset ချတာ၊ Firmware update ပြုလုပ်တာ မလုပ်မချင်း Google Apps တွေကို အဆင်ပြေပြေ အသုံးပြုနိုင်ပါပြီ။

Firmware update လုပ်လိုက်ပြီးချိန်များတွင် Google Service နဲ့ပတ်သက်တဲ့ Errors များတွေ့ကြုံရပါက Phone Settings->Installed Apps-> ထဲမှာ Google Play Service နဲ့ Google Play Store တို့ကို ရှာပြီး Clear Data / Cache လုပ်လိုက်ပြီး ပြန်ဝင်ကြည့်ပါ။ Error တော်တော်များများ အဆင်ပြေသွားတတ်ပါတယ်။ အကြိမ်ကြိမ်ကြိုးစားလို့ အဆင်မပြေဖြစ်ရင်တော့ Google နဲ့ပတ်သက်တာတွေ အကုန် Uninstall လုပ်ပါ။ Phone ကို Reboot လုပ်ပါ။ ပြီးမှ သည်စာအစမှအတိုင်း Google Apps တွေ Installation ပြန်လုပ်ခြင်းကို လုပ်ဆောင်ပါ။


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ... 🙂 🙂

Leave a Reply

Your email address will not be published. Required fields are marked *