Press "Enter" to skip to content

Flashing fastboot rom without Mi Flash Tool

Thet Zaw Ko 2

မိမိဖုန်းသည် Boot Loader Lock ပါသော model ဖြစ်လို့ Boot Loader Unlock လုပ်ပြီးသည့်အချိန်တွင်ဖြစ်စေ၊ Boot Loader Lock မပါသော ဖုန်းများတွင်ဖြစ်စေ လိုအပ်လာလို့ Fastboot rom ကို ပြန်တင်ချင်တဲ့အခါမှာ Mi Flash Tool ကို မသုံးပဲ command line မှနေပြီး အလွယ်ပြန်တင်ပေးလို့ရပါတယ်။ Windows က 32 bit မို့၊ 64 bit မို့။ Flash tool က 32 bit မို့၊ 64 bit မို့ အဆင်မပြေမှုတွေ ကို ထည့်စဉ်းစားပေးနေဖို့မလိုတော့ပါ။ ဘယ် Computer မှာမဆို Fastboot ROM နှင့် လိုအပ်သော ADB, Fastboot file လေးများရှိနေပြီဆို အလွယ်တင်လိုက်နိုင်ပါပြီ။ Qualcomm, MTK သုံး မည်သည့် Mi phone မှာမဆိုအဆင်ပြေပါတယ်။ (Fastboot mode မပါတဲ့ MTK model လေးတချို့မှလွဲလို့…..)

သည်တော့ ပထမဦးစွာလိုအပ်တဲ့ Fastboot ROM ကို [ -> Download Fastboot ROM from Official Xiaomi Site <- ] မှာ Download ပြုလုပ်နိုင်ပါတယ်။ မိမိတို့ Phone Model ပေါ်မူတည်လို့ Support ပေးထားတဲ့ rom type တွေကို တွေ့နေရမှာပါ။ အများဆုံး China Developer, China Stable, Global Developer, Global Stable ဆိုပြီး လေးခုထိတွေ့ချင်တွေ့နေရမှာပါ။ ကိုယ်တင်ချင်တာ တစ်ခုကို ဒေါင်းပေါ့။

မိမိဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ပြိး firmware တင်ခြင်း၊ Boot Loader Unlock ပြုလုပ်ခြင်း၊ TWRP ထည့်သွင်းခြင်း၊ စသည်တို့ကို တစ်ခါမှပြုလုပ်ဖူးခြင်း မရှိသေးရင်တော့ ဖုန်းအတွက် ADB and Fasboot USB drivers တွေကို ကွန်ပျူတာမှာတင်ပေးထားဖို့ လိုအပ်ပါတယ်။ Windows က 32 bit လား၊ 64 bit လားတွေအပေါ်မူတည်ပြိး Drivers တင်တာ အသေးစိတ်ကိုတော့ သည်နေရာမှာ [ -> PC Driver Installation for Xiaomi Phones <- ] လေ့လာနိုင်ပါတယ်။

Download လို့ရလာတဲ့ Fastboot rom ကို ဖြည်ပါမယ်။ Fastboot rom ကို 7Zip sotware သုံးပြီး အသုံးပြုလို့ရတဲ့အထိဖြစ်အောင် ဘယ်လိုဖြည်ချပေးရတယ်ဆိုတာ သည်နေရာမှာ [ -> Preparing Fastboot rom using 7Zip <- ] ဖတ်ရှုလေ့လာနိုင်ပါတယ်။

အားလုံးဖြည်ချပြီးချိန်မှာတော့ Firmware file နှင့် နာမည်တူ Firmware Folder ရလာပါပြီ။

Command line ကနေ firmware တင်ရမှာလိုအပ်တဲ့ Tool files လေးတွေအတွက် ADB and Flastboot Tool ကို download ပြုလုပ်ပါ။ AnF ဆိုတဲ့ Folder လေးတစ်ခုရလာပါမယ်။ အဲသည် Folder ထဲမှာရှိတဲ့ Files အကုန်လုံးကို Firmware folder အောက်က images folder အောက်ကို ကူးထည့်ပေးပါ။

ADB & Fastboot Tool Download Links

[ From Xiaomi Knowledge Cloud ]

[ From PCloud ]

[ From Google Drive ]

Firmware folder အောက်မှာ flash_all.bat ဆိုတဲ့ file လေးရှိပါမယ်။ အချို့လဲ Windows File Explorer ထဲမှာ File Extension ကို ပြဖို့ Setting မ ON ထားလို့ flash_all ဆိုတာပဲပြနေပါလိမ့်မယ်။ အဲသည် file ကို Notepad++ software သုံးပြီး ပြင်ဆင်ပေးရပါမယ်။ Notepad++ software ကလည်း free software ဖြစ်သည်မို့ မိမိတို့ကွန်ပျူတာထဲမှာ မရှိရင် အောက်ပါလင့်ကနေ download ပြုလုပ်ပြီး install ပေးထားပါ။

Download Notepad++

->> Notepad++ Download Link <<-

flash_all.bat file ပေါ်ကို Right Click နှိပ်ပြီး ပေါ်လာတဲ့ shortcut menu ကနေ Edit with Notepad++ ကိုရွေးပါ။ flash_all ဆိုပြီးနှစ်ခုတွေ့နေပါက ပင်နယံပုံ icon လေးပေါ်နေတဲ့ file ပါ။

Notepad++ ထဲမှာ %* ဆိုသော character လေးနှစ်ခုကိုရွေးပါ။ နှစ်ခုထဲပါ။ ပိုမရွေးမိပါစေနဲ့။ ပြီးရင် Search Menu မှ Replace.. ဆိုတာကိုရွေးပါ။

ပေါ်လာတဲ့ Replace box မှာ Find what: နေရာမှာ %* လေးဖြစ်နေတာသေချာစေပြီး Replace with: နေရာမှာ ဘာမှမရှိပါစေနဲ့။ သေချာပြီဆို Replace All button ကိုနှိပ်ပါ။

Editor ထဲမှာ %* တွေအကုန်ပြုတ်သွားတာတွေ့ရပါမယ်။ ပြီးရင် Replace box ကို Close နှိပ် ပိတ်လိုက်နိုင်ပါပြီ။

နောက်တစ်ခါ file ထဲမှာ %~dp0images\ ကိုရွေးပါ။ ထုံးစံအတိုင်း အပိုအလိုမရှိအောင် ရွေးပေးပါ။ ပြီးရင် Search Menu မှ Replace ကို ရွေးပါ။

Find what: နေရာ %~dp0images\ ဆိုတာသေချာစေပြီး Replace with: နေရာ ဘာမှမရှိတာသေချာရင် Replace All button ကိုနှိပ်ပါ။

%~dp0images\ ဆိုတာတွေ ပျက်သွားပြီဆိုရင် Replace box ကို ပိတ်လိုက်ပါ။

ပြီးရင် Notepad++ ထဲမှာ Save button နှိပ်လို့ file ကို သိမ်းလိုက်ပါ။ Notepad++ ကိုပိတ်ပါ။

မိမိတို့ပြင်ထားသော flash_all (or) flash_all.bat file ကို images folder အောက်ကို ကူးပါ (သို့မဟုတ်) ရွှေ့ပါ။

သည်အဆင့်တွေအထိ အားလုံးမှန်မှန်ကန်ကန်လုပ်ဆောင်ခဲ့ပြီးပြီဆိုရင်တော့ ဖုန်းကိုပိတ်ပါ။ Vol Down + Power Key တွဲနှိပ်ထားပါ။ Fastboot Mode logo ပေါ်လာရင်တော့ ကွန်ပျူတာနဲ့ USB Cable သုံးပြီး ချိတ်ပါ။ images folder အောက်မှာ CHECK_DEVICE.bat ဆိုတဲ့ file လေးကို Double Click လုပ်ပါ။ ကွန်ပျူတာက ဖုန်းကို Fastboot mode မှာ device သိ မသိ ဆိုတာစစ်တာပါ။ သိနေရင် Fastboot device တစ်ခုပြပါမယ်။ မိမိလုပ်ချင်တဲ့ firmware တင်တာ ဆက်လုပ်လို့ရပါပြီ။ Fastboot device မတွေ့ဘူးဆိုရင်တော့ Drivers installation လုပ်တာတွေ ပြန်စစ်ပြိး ပြန်တင်ပေးပါ။ အောက်ပါပုံများကိုလေ့လာပြီး ကွန်ပျူတာ ဖုန်းကို သိ မသိ ဆိုတာ စစ်ဆေးပေးပုံတွေ ကို သိနိုင်ပါတယ်။

Driver သိလို့ Device တွေ့ပြီဆိုရင်တော့ flash_all.bat file လေးကို Double click လိုက်ရင် Firmware ရေးသားခြင်း စတင်နေပါပြီ။ ရေးသွားတဲ့ image တစ်ခုချင်းကိုကြည့်နေပြီး OKAY message တွေပြ မပြ တွေစစ်နေကြည့်ပါ။ system.img နဲ့ userdata.img image တွေကို ရေးသားချိန်မှာတော့ အချိန်ကြာမြင့်ပါမယ်။

Firmware ရေးတာပြီးဆုံးရင်တော့ ဖုန်း reboot ဖြစ်ကာ OS တက်လာပါမယ်။ Mi logo ပေါ်လို့ Android ဆိုတဲ့စာသားလေးနဲ့ အစက်လေးတွေပြေးနေရင် အရာရာ အဆင်ပြေနေပါပြီ။ Fastboot rom တွေတင်ပြီး အစပြန်တက်ချိန် ကြာတတ်သည်မို့ စိတ်ရှည် ရှည်သာစောင့်ပေးလိုက်ပါတော့…….။ flash_all.bat ကိုပြင်ဆင်ရာမှာ အမှားအယွင်းမဖြစ်ရအောင် ဖျက်စရာရှိတဲ့ %* နဲ့ %~dp0images\ ဆိုတာလေးနှစ်ခုကိုသာ သေသေချာချာရွေးပေးပြီး ဖျက်ပါ။ ကျန်တာတွေ မဖျက်မိပါစေနဲ့..။ နေရာရွေ့သွားတာမျိုးတွေ၊ အောက်တစ်ကြောင်းကျသွားတာမျိုးတွေ မဖြစ်ပါစေနဲ့…။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…  🙂  🙂 

  1. Zaw Phyo Zaw Phyo

    .
    mi 5x ကို miui pro rom ကနေ miui stable ကို ဒီလိုနည်းနဲ့ပြန်ချိန်လို့ရတယ်မလား ဆရာ

    • Thet Zaw Ko Thet Zaw Ko

      ရပါတယ်… အဆင်ပြေပါတယ်ခင်ဗျာ.. fastboot ကနေချိန်းတာ clean အဖြစ်ဆုံးပါပဲ…။

Leave a Reply

Your email address will not be published. Required fields are marked *