Press "Enter" to skip to content

Mi PC Suite 3.0 For Android 6.0 and higher Devices

Thet Zaw Ko 2

Android Version 6.0 and higher Xiaomi phones တွေအတွက် အသုံးပြုလို့ရမယ့် Mi PC Suite ဖြစ်ပါတယ်။ အခုမှ Beta အဆင့်ပဲရှိသေးလို့ အချို့ Functions တွေတော့ error ရှိနေနိုင်ပါမယ်။ လောလောဆယ်တော့ File Management လိုအပိုင်းဖြစ်တဲ့ ဖုန်းထဲရှိတဲ့ file တွေကြည့်တာ၊ ဖျက်တာ၊ ကူးတာ.. စတာတွေလေးမှာတော့ အဆင်မပြေသေးပါ။  Stable Version ထွက်ရင် တင်ပေးပါအုံးမယ်။ မူရင်းကတော့ Chinese Version နဲ့ပါ။ မိမိဖာသာ English Translation နဲ့ဖြစ်အောင် သုံးရပါမယ်။ Simple ပါပဲ။ သုံးလို့အဆင်ပြေမှာပါ 😀 

ADB, Fastboot driver တွေ ကောင်းကောင်းသိနေအောင်၊ အလုပ်လုပ်နေအောင်တော့ သည် Post [ –> BLU Tool USB Driver Fix <– ] ထဲကနည်းအတိုင်း Driver Installation ကိုပြုလုပ်ပေးထားပါ။

လိုအပ်တဲ့ Mi PC Suite software ကို သည်နေရာမှာ Download ပြုလုပ်ပါ။

Download Mi PC Suite

[Xiaomi Knowledge Drive] or [Google Drive] or [PCloud]

  • အောက်ပါပုံလေးတွေအတိုင်း Install ပြုလုပ်ပေးပါ။

  • Installed လုပ်မယ့် Path ကို C:\ or D:\ ထဲမှာပဲထားပေးပါ။ နောက်က Folder name ကတော့ သူပေါ်နေတဲ့ Default name ပဲထားလဲရပါတယ်။ သည်ပုံမှာဆိုရင် D:\ ထဲထားမယ်စဉ်းစားတော့ D:\MiPhoneAssistant ပေါ့။

  • အောက်ပါပုံအတိုင်း Option ရွေးပြီး Next သာလုပ်ပါ။

  • Install လုပ်သွားပါမယ်။

  • ပြိးဆုံးရင်တော့ အောက်ပါပုံအတိုင်း Check box ဖြုတ်ပြီး Finished လိုက်ပါ။


အောက်ပါ English Language Patch zip လေးကို Download ပြုလုပ်ပြီး မိမိတို့ Install ပြုလုပ်ခဲ့တဲ့ Folder ထဲကူးထည့်ထားပါ။ အခု post က ဥပမာအရ D:\MiPhoneAssistant ပေါ့။

Download English Language Patch

[Xiaomi Knowledge Cloud] or [Google Drive] or [PCloud]

  • Installed လုပ်ခဲ့သော Folder ထဲကိုသွားပါ။ mi_phone_assistant.res ဆိုသည် Folder ကိုဖျက်ပါ။

  • မိမိတို့ ကူးထည့်ထားသော Eng patch file zip ကိုဖြည်ပေးလိုက်ပါ။ ဖျက်လိုက်တဲ့နာမည်အတိုင်း folder ရလာပါမယ်။

ယခုဆိုရင် PC မှာ Installation လုပ်ပေးတဲ့အပိုင်းပြီးပါပြီ။


ဖုန်းမှာ Settings –> Additional Settings -> Developer Options ထဲမှာ USB Debugging နဲ့ Install Via USB ကို ON ထားပါ။ အဲသည်ဟာလုပ်ဖို့ ဖုန်းမှာ Mi Account ဝင်ထားပြီး အင်တာနက်ဖွင့်ထားဖို့လိုပါမယ်။ ( Developer Options မပေါ်သေးပါက Settings -> About Phone ထဲမှာ MIUI Version နေရာ ခြောက်ချက် Tap လုပ်ပါ )

Mi PC Suite ကိုဖွင့်ပါ။ ကွန်ပျူတာမှာ Internet ရှိရပါမယ်။ Mi Account login ဝင်ပေးမှ PC Suite က အလုပ်လုပ်ပါမယ်။

ဖုန်းကို ကွန်ပျူတာမှာ USB Cable နဲ့ထိုးပါ။ ချိတ်ဆက်သွားပါမယ်။ ဖုန်းမှာ Software install လုပ်တာလေးတွေ၊ Permission တောင်းတာလေးတွေ box ပေါ်လာလဲ OK, Allow တို့လုပ်ပေးပါ။

အလုံးစုံချိတ်ဆက်ပြီးသွားရင်တော့ မိမိတို့ Device name ပေါ်လာပါပြီ။ အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါပြီ။

မိမိတို့အသုံးပြုချင်တဲ့ Backup လုပ်ချင်တာ.. စသည်တို့တွေကို အသုံးပြုနိုင်ပါပြီ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ.. 🙂 🙂 

    • Thet Zaw Ko Thet Zaw Ko

      Thanks 🙂

Leave a Reply

Your email address will not be published. Required fields are marked *