Press "Enter" to skip to content

MIUI Tip #Lock Passwords, Finger Print & Mi Account’s Relationship

Thet Zaw Ko 0

Lock Password အနေနဲ့ထားလေ့ရှိကြတာ ဖုန်းကို သူများက ချက်ချင်းဖွင့်သုံးမရအောင်လုပ်ထားတဲ့ Lock Screen Passwords, Photos, Files, Notes, SMS စသည်တို့ကို ဖွက်ထားပြီး ပြန်ဖွင့်ကြည့်ချင်ချိန်မှသုံးတဲ့ Privacy Protection Password, App တွေကို နှိပ်တာနဲ့တိုက်ရိုက်မပွင့်စေပဲ password ထည့်ပေးမှ app တွေပွင့်စေတဲ့ App Lock Password, အဲသည် Password တွေနဲ့တူတူ တွဲဖက်အသုံးချနိုင်တဲ့ Finger Print, အဲသည် password တွေမေ့ခဲ့သည်ရှိသော် Mi Account ကနေ password ပြန်ချိန်းပေးနိုင်တဲ့ Feature… စတဲ့ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာလေးတွေအကြောင်းပါ။


Lock Screen Passwords

ဒါက အများသိပါတယ်။ ဖုန်း Home Screen တိုက်ရိုက်မပွင့်စေပဲ Password or PIN code or Pattern ထည့်၊ ဒါမှမဟုတ် Finger Print နှိပ်.. စတာတွေထည့်ပေးမှ ဖုန်းကိုအသုံးပြုလို့ရအောင် လုပ်တာပါ။ Settings –> Lock Screen & Password -> Set Screen Lock မှာ ဝင်လုပ်ပေးထားတာပါ။ အဲသည် Password ကိုမေ့သွားချိန်၊ Finger Print နဲ့လဲ အသုံးပြုလို့မရတော့ချိန်မှာ ပြန်ချိန်းဖို့၊ ဖျက်ဖို့နည်းကတော့ ကိုယ့်ဖုန်းမှာ Mi Account ဝင်ထား၊ မထားနဲ့ နဲနဲသက်ဆိုင်ပါမယ်။ အဲသည် Password ကိုပြန်ပြင်ချင်လို့ Settings ထဲကနေပြန်ဝင်ချိန်မှာ Mi Account ဝင်မထားရင် အောက်ကပုံအတိုင်းပဲ ပြနေပါမယ်။ ကျနော်က Pattern ပဲထားလေ့ရှိလို့ ကိုယ်ထားထားတဲ့ pattern ကိုပဲဆွဲခိုင်းမှာပေါ့..။ မေ့နေရင် ဘာမှလုပ်မရတော့ပါဘူး။

ဖုန်းမှာ Mi Account ဝင်ထားတယ်ဆိုရင်တော့ အောက်ပါပုံအတိုင်းလေးပြမှာပါ။ အဲသည်မှာ Forgot Password ကိုနှိပ်၊ အင်တာနက်ဖွင့်၊ ကိုယ့် Mi Account Password ထည့်ပေးလိုက်ရင် Lock Screen password အတွက် အသစ်ချိန်းတာ၊ ဖျက်တာတွေ လုပ်နိုင်ပါလိမ့်မယ်။

Troubleshooting Tip

Lock Screen password တော့မေ့နေတယ်။ Finger Print နဲ့ဝင်နေလို့ရနေပါတယ်။ ဒါပေမယ့် ဖုန်းကို reboot လုပ်လိုက်ရင် Android 5.1.1 နဲ့သူ့အထက်မှာ စဝင်ဝင်ချင်း Finger Print အလုပ်မလုပ်ပါ။ သည်တော့ ဝင်မရပါ။ အဲသည်လို အခါမျိုးနဲ့ကြုံသွားရင်တော့ ဖုန်းကို Recovery Mode ဝင်လို့ဖြစ်စေ၊ ဝင်မရတဲ့ MIUI Ver မှာ ကွန်ပျူတာကနေဖြစ်စေ Factory Reset ချပေးလိုက်ခြင်းပါပဲ။ ကိုယ့် data တွေ အကုန်ပျက်ပါမယ်။ ဖုန်းမှာ Mi Account ဝင်ထားခဲ့သည်ရှိသော် Mi Account password သိနေရပါမယ်။ ဖုန်းပြန်တက်လာရင်တောင်းပါလိမ့်မယ်။

နောက်အခြေအနေတစ်ခုကတော့ ပုံမှန်သုံးလို့ရနေတဲ့အချိန်ပါ။ အဲသည်အချိန် ဝင်ပြင်တာ၊ ဖျက်တာလုပ်တာပါ။ အဲလိုလုပ်နိုင်ဖို့ Mi Account ဝင်ထားဖို့လိုပါမယ်။ Lock screen password မေ့တာကို ချိန်း၊ဖျက်ဖို့ Confirm လုပ်တာကို Finger Print နဲ့ လုပ်မရပါ။ Mi Account ဝင်ထားရင် အထက်ကပုံလို Forgot Password နှိပ်၊ Mi Account Password ထည့်ပေးရင် ချိန်းတာ၊ Lock screen password တောင်းတာ OFF ထားတာတွေလုပ်နိုင်ပါပြီ။ သည်လိုသုံးလို့ရနေချိန်မှာ Mi Account ဝင်မထားရင်လဲ မိမိ Mi Account ဝင်လိုက်ပါ။ မရှိရင်လဲ အသစ်လုပ်ဝင်လိုက်ပါ။ Forgot Password ဆိုတာပေါ်ပြီး မိမိလိုသလို လုပ်နိုင်သွားပါလိမ့်မယ်။ သည် password ကို reset ဖို့ Mi Account နဲ့သီးခြား Settings မှာ ချိတ်ဆက်ပေးတာမရှိပါ။ ဝင်ထားလိုက်ရုံပါပဲ။


Privacy Protection Password

ပုံတွေ၊ file တွေ၊ sms တွေ၊ Notes တွေ Hide ထားချိန်မှာ ပြန်ဖွင့်ချင်တဲ့အချိန်သုံးတာပါ။ တစ်ခါမှမလုပ်ရသေးရင် အဲသည် hide တာတစ်ခုစလုပ်တာနဲ့ Pattern လာမေးပါမယ်။ Finger Print နဲ့ချိတ်ဆက်ထားမလားလာမေးပါမယ်။ အဲဒါဆို Pattern မဆွဲပဲ Finger Print နှိပ်လို့ မိမိကြည့်ချင်တာ ပြန်ကြည့်နိုင်မယ်ပေါ့။ Mi Account နဲ့ချိတ်ဆက်မလား မေးပါမယ်။ ကိုယ်ထားခဲ့တဲ့ Pattern မေ့သွားရင် Mi Account နဲ့ချိတ်ဆက်ထားတော့ Forgot Password လုပ်လို့ ပြန်ချိန်းနိုင်သည်ပေါ့။

နောက်တစ်နည်းက Lock Screen password, Finger print တွေထည့်သလိုပဲ သူ့ကိုအရင်ထည့်ထားတာပါ။ နောင် Hide တာတွေလုပ်ရင် အဲဒါကိုသုံးပါလို့ ရွေးပေးလိုက်ရင်ပြီးပါပြီ။ Settings –> Lock screen & Passwords –> Privacy Protection Password နေရာမှာ အရင်ဝင်ထည့်ထားနိုင်ပါတယ်။

Hide တာတွေလုပ်လို့  သည် Password သုံးရင် သူ့ setting မှာအောက်ပါပုံအတိုင်း ဖြစ်နေအောင် သေချာစစ်ထားပေးပါ။  အဓိကကတော့ Pattern မဆွဲပဲ Finger Print နဲ့ပါသုံးလို့ရအောင် Finger Print နဲ့ချိတ်တာရယ်၊ Pattern မေ့ခဲ့ရင် Mi Account Password သုံးပြီး Forgot Password လုပ်သုံးနိုင်အောင် Mi Account နဲ့ချိတ်တာရယ်ပါ။

  1. သည် Password ကိုသုံးမယ် မသုံးဘူး ON/OFF ထားနိုင်ပါတယ်။
  2. Add Mi Account ကို ON ထားပါ။ ဒါမှ pattern မေ့ရင် ပြန်ချိန်းနိုင်မှာပါ။ Unlock with Finger Print ကို ON ထားပါ။ ဒါမှ pattern မေ့နေသေးလဲ ကိုယ် hide ထားတာတွေ ပြန်ဖွင့်ကြည့်လို့ရနေမှာပါ။
  3. ဒါကတော့ သည် Password က protect လုပ်ပေးနိုင်မယ့် items တွေကိုပြောတာပါ။

Troubleshooting Tip

သည်ဟာအတွက် Pattern တောင်းချိန် အောက်နားမှာ Forgot Password ဆိုတာတော့ အမြဲပေါ်နေပါတယ်။ Mi Account မဝင်ထားချိန် သွားနှိပ်ရင် Factory Reset ချဖို့ သူဆက်လုပ်ပါလိမ့်မယ်။ Mi Account ရှိနေချိန်နှိပ်ရင် ထုံးစံအတိုင်း Mi Account Password ထည့်ပေးဖို့ပြောပါမယ်။ ပြီးရင် မေ့နေတဲ့ pattern ကိုပြန်ချိန်းနိုင်ပါတယ်။

သည်ဟာလုပ်ရင် အနဲဆုံး Finger Print နဲ့ချိတ်ခဲ့ပါ။ အထက်ကပုံ နံပါတ် ၂ မှာ ON ထားပေးတာပေါ့။ Pattern ပြန်ချိန်းချင်တာလုပ်ရင် (အထက်ပုံက Change Password နေရာမှာလုပ်တာပါ )၊ Mi Account ဝင်ပြီး Mi Account နဲ့ပါချိတ်ချင်ရင် Pattern Confirm တဲ့နေရာတိုင်း Finger Print ကိုသုံးလို့ရပါတယ်။


App Lock Password

ဒါကတော့ ကိုယ့်ဖုန်းထဲက app တွေဖွင့်ရင် Pattern ထည့်ပေးမှ၊ Finger Print နှိပ်ပေးမှ ဖွင့်သုံးလို့ရအောင် လုပ်တာပါ။ App တွေ lock လုပ်ထားချင်ရင် အောက်ပါပုံအတိုင်းသွားပါတယ်။ MIUI Ver အနိမ့်၊ အမြင့်.. China ROM, Global ROM ပေါ်မူတည်လို့ ပေါ်တာလေးတွေ နဲနဲကွာပါမယ်။ Idea တူတူပါပဲ။

စစချင်းဝင်လာတာနဲ့ Pattern တောင်းပါမယ်။ ထည့်ပေးပါ။ သေချာမှတ်ထားပေါ့။ Finger print နဲ့ချိတ်မလားမေးမယ်။ ချိတ်ခဲ့ပါ။ Mi Account နဲ့ချိတ်မလားမေးမယ်။ Add လုပ်ခဲ့ပါ။ Mi Account မဝင်ရသေးချိန် Add လုပ်ရင်တော့ Mi Account ဝင်ခိုင်းမှာပေါ့။ နောင်မှလုပ်မယ်ဆို အဲသည် အချိန် Not Now ရွေးပေးထားပေါ့။ ပြီးရင် မိမိတို့ lock လုပ်ထားချင်တဲ့ app တွေကို ရွေးပေးထားနိုင်ပါပြီ။

နောင်မှ သည် App lock နဲ့ပတ်သက်တဲ့ Setting တွေပြင်ချင်ရင်တော့ အောက်ပါပုံအတိုင်းဝင်သွားပြီး Pattern ချိန်းတာ၊ Finger print, Mi Account တို့ကို နောက်မှလိုက်ထည့်ချိတ်ဆက်တာတွေ လုပ်နိုင်ပါတယ်။ Security app –> Protection ဆိုပြီးဝင်ချိန်တစ်နေရာပဲ Pattern Confirm လုပ်ခိုင်းပါတယ်။ Finger print နဲ့ Confirm လဲရပါတယ်။

Troubleshooting Tip

အနဲဆုံး Finger Print နဲ့ချိတ်ဆက်တာလုပ်ခဲ့ပါ။ ဖြစ်နိုင်ရင်တော့ Mi Account ပါချိတ်ထားပေါ့။ Finger Print, Mi Account တွေနဲ့ ချိတ်ဆက်မှုမလုပ်ခဲ့ရင်တော့ ဖြေရှင်းနည်းက Factory Reset ပါပဲ 😀 😀 


အခုဆိုရင် မိမိတို့လုပ်ထားသမျှ password, pattern တွေနဲ့ပတ်သက်ပြီး အစကတည်းက Finger Print, Mi Account တို့နဲ့ ချိတ်ဆက်ပေးထားခဲ့ရင် နောင် မေ့ခဲ့သည်ရှိသော် အမြန်ဆုံးပြန်လည် recover လုပ်တာမျိုး အဆင်ပြေပါပြီ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

Leave a Reply

Your email address will not be published. Required fields are marked *