Press "Enter" to skip to content

MIUI Tip #SD Card Authorization

Thet Zaw Ko 0

Zapya လိုမျိုး သုံးပြီး files, videos, pictures တွေပို့တာကို SD Card ထဲကိုပဲ တိုက်ရိုက်ပို့ချင်တယ်။  MX Player နဲ့ကြည့်နေတဲ့ movies တွေ မလိုချင်တော့လို့ MX Player ထဲမှာပဲ ပြန်ဖျက်ပစ်လိုက်ချင်တယ်.. စသည်တို့တွေလုပ်ချင်လာရင် MIUI ROM မှာ ဘယ်လိုလုပ်ပေးရမယ်ဆိုတာသိထားရအောင်အတွက်ပါ။

Android 5.0 နောက်ပိုင်းကစလို့ ဖုန်းထဲရှိ app တွေက External Storage လိုတွေဖြစ်တဲ့ SD Card, OTG Devices တွေပေါ်မှာ File တွေရေးတာ၊ ဖျက်တာ စတဲ့ operation တွေကို freely လုပ်ခွင့်မပေးတော့ပါ။ file တွေဖတ်တယ်ဆိုတာကတော့ ရပါတယ်။ အဲလို read, write, delete စတဲ့ file operation အကုန်ကို ကိုယ်သုံးချင်တဲ့ app က လိုသလိုလုပ်နိုင်အောင် External storage ဖြစ်တဲ့ SD Card ( သည်နေရာမှာ SD Card နဲ့ နမူနာပြပြောထားပါတယ်။ OTG Device လိုဆိုလဲ သည် idea အတိုင်းလုပ်မှ မိမိလိုသလို သုံးလို့ရမယ်ဆိုတာ မှတ်ယူပါ ) ကို Authorized လုပ်ပေးရပါတယ်။

ဥပမာ Zapya နဲ့အရင်ကြည့်ရအောင်။ ကိုယ်ပို့ချင်သမျှတွေအကုန်လုံးကို SD Card ထဲပဲ အပို့အယူလုပ်ချင်လို့ Zapya ရဲ့ Setting ထဲမှာ Zapya ရဲ့ Default Storage Location ကို SD Card ဆီထားပါလို့ရွေးလိုက်ရင် အောက်ပါအတိုင်း ပေါ်လာပါမယ်။

ဘာမှမပြုမပြင် Zapya Default Setitng ကတော့ ဖုန်း Internal Storage ဖြစ်ပါတယ်။ နောက်တစ်ခုရွေးချယ်စရာက SD Card ထဲက Android/data ဆိုတဲ့နေရာပါ။ အဲသည်နေရာဆို Freely ရွေးလို့ရပါတယ်။ SD Card တစ်ခု ဖုန်းထဲထည့်၊ အားလုံးရှင်းအောင် Format လိုက်တာနဲ့ အဲသည် Android ဆိုတဲ့ Folder အလိုလိုဆောက်ပါတယ်။ ( Internal Storage ထဲလဲ အဲသည် Android/data ဆိုတာရှိပါတယ်။ ) သူ့အောက်မှာ Android OS ရဲ့ လိုသလို access လုပ်မယ့် လိုအပ်တဲ့ Folder လေးတွေ အလိုလိုဆောက်ထားပါတယ်။ Zapya အတွက် အဲသည် Android/data အောက်ပေးထားလိုက်ရင် အဲသည်အောက်မှာထားရမယ့် folder structure အတိုင်း com. ဆိုတာနဲ့စတဲ့ folder ဆောက်မှာပါ။ ပြီးမှ အဲသည်အောက်မှာ Zapya က သူ့သက်ဆိုင်ရာ app, picture, movie စသည်ဖြင့် အပို့အယူလုပ်မယ့် အရာတွေသိမ်းတာကိုခွဲသိမ်းဖို့ folder လေးတွေ ဆောက် အလုပ်လုပ်မှာပါ။ Multimedia app တွေ၊ Video, Music Player လိုတော်တော်များများက အဲသည် Android/data အောက်က files တွေကို သူတို့အလုပ်လုပ်မယ့် file တွေရှိမလားဆိုတာ ရှာတာလုပ်လေ့သိပ်မရှိပါ။ တကယ်ကလည်း အဲသည် Android/data အောက်မှာရှိတာတွေက app တွေ အလုပ်လုပ်ဖို့ လိုအပ်တာတွေလောက်သာဖြစ်ပြီး ကျနော်တို့ လိုသလိုကူးသိမ်းထားတယ်ဆိုတဲ့ အရာတွေ မရှိပါဘူး။ သည်တော့ Zapya Storage location ကို အဲသည် SD Card ထဲက Android/data အောက်မှာထားလိုက်ရင် zapya နဲ့ကူးထားတဲ့ SD card ထဲကဟာတွေကို Gallery မှာမတွေ့ဘူး။ Video Player မှာမပေါ်ဘူး..Zapya ထဲတော့ အကုန်လုပ်လို့ရတယ်.. စသည်ဖြင့်တွေ ဖြစ်လာတတ်ပါတယ်။ 

အဲဒါကြောင့် ကျနော်တို့ ကူးသမျှ မိမိ file တွေကို SD Card ထဲပဲတိုက်ရိုက်သိမ်းမယ်လို့အောက်ဆုံးတစ်ခုကိုရွေးကြပါတယ်။  Android/data အောက်မဟုတ်ပဲ SD ထဲရှိနေတဲ့ file, folder တွေကို အခြား app တွေက သူတို့ support လုပ်ပေးတဲ့ file type တွေ scan ရာမှာ အကုန်ရှာပါတယ်။ သည်တော့ ကိုယ်သုံးချင်သလို မြင်ရတယ်ပေါ့။ အဲလိုရွေးရင် Zapya က SD Card ထဲမှာ Zapya ဆိုတဲ့ Folder လေးဆောက်.. သူ့အောက်မှာမှ သက်ဆိုင်ရာ file အမျိုးအစားပေါ်မူတည်ခွဲသိမ်းမယ့် folder လေးတွေဆောက်.. လိုအပ်သလိုသိမ်းမယ်ပေါ့ဗျာ..။ အဲသည် SD Card ထဲက Zapya ဆိုတဲ့ folder ကိုလည်း အခြား app မှန်သမျှက လိုသလို scan နိုင်ကြတာပါပဲ။  အဲသည်လို SD Card ထဲ တိုက်ရိုက် Access အတွက် SD card ထဲမှာ လိုအပ်တဲ့ file operation မှန်သမျှလုပ်ပါဆိုတာ သက်ဆိုင်ရာ app settings ထဲမှာ (သည်မှာတော့ Zapya ပေါ့.. ) လုပ်ပေးရပါတယ်။ သည်တော့ အထက်ကပုံအတိုင်းပေါ်ရင် အောက်ဆုံးက SD Card ကို တိုက်ရိုက် Access ပါလို့ဆိုတာရွေးရင် MIUI Rom တွေမှာ သည်လိုပေါ်လာပါတယ်။ SD card ကိုရွေးမရပါဘူး။ အောက်ကလိုမပေါ်ပဲ ရွေးလို့ရရင်တော့ သည်ကိစ္စ သည်နေရာတွင် ပြီးပြီပေါ့ခင်ဗျာ.. ကျန်တာဘာမှလုပ်စရာမလိုဘူးပေါ့။

သည်တော့ Phone Settings ထဲမှာ Noti ကပေါ်လာတဲ့အတိုင်း အရင်လုပ်ပေးရပါမယ်။ အဲဒါပြီးမှ Zapya ထဲမှာ မိမိလိုချင်တာလုပ်လို့ရမယ်ပေါ့။ သူ့ညွှန်ကြားချက်က Settings -> Install apps ထဲက Document ဆိုတဲ့ app ကို အရင် Enable လုပ်ပေးပါဆိုတာပါပဲ။ သည်တော့ Settings –> Install Apps ( MIUI 8 ဆို Apps ) ထဲကိုဝင်လိုက်ပါ။  MIUI 8 ဆို Documents ကိုရှာပြီး ( အချို့ MIUI ver မှာ Files ပါ ) Enable ဖို့လုပ်နိုင်ပါပြီ။ MIUI 9 ဆိုရင်တော့ သူ့ Apps default settings က System ပိုင်းဆိုင်ရာ apps တွေကို Hide လုပ်ထားပါတယ်။ သည်တော့ အခုဟာကို ရှာမရဖြစ်တတ်ပါတယ်။ အဲဒါကြောင့် apps အကုန်မြင်ရအောင် အောက်ကပုံအတိုင်း Setting မှာအရင်ပြင်ပါ။

ပြီးရင် မိမိလိုချင်တာ တန်းရှာရလွယ်အောင် A to Z အက္ခရာစဉ်လိုက်ဖြစ်အောင် သည်လို စီခိုင်းလိုက်ပါ။

ပြီးရင် Documents လေးကို ရှာပါ။ Enable လုပ်ပေးပါ။ ပုံမှာအစက Documents ဘေးမှာ အနီဝိုင်းလေးပေါ်နေပါတယ်။ အဲဒါက သည် app ဟာ Disabled လုပ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။

ပြီးရင် Zapya Setting ထဲမှာ SD Card root ကို တိုက်ရိုက်ရွေးချယ်တာလုပ်ရင် ပြန်ထွက်မသွားတော့ပဲ SD Card root ကိုရွေးပေးဖို့ညွှန်ကြားချက်လာပြပါမယ်။ သူညွှန်တဲ့အတိုင်း ဆက်လုပ်ပေးရုံပါပဲ။

ဒါဆိုရင် Zapya က SD Card root ထဲမှာပဲ Folder တွေဆောက်၊ File တွေရေး၊ ဖျက်စတာတွေလုပ်နိုင်ပါပြီ။ Gallery, Music, Video app တွေကလည်း Zapya folder ထဲရှိ zapya နဲ့ကူးလာတာတွေကို မြင်နိုင်ပါပြီ။

နောက်နမူနာ တစ်ခုက MX Player ပေါ့။ မလိုတဲ့ SD Card ထဲက Video ကိုဖျက်မယ်လုပ်တာနဲ့ SD Card Authorized လုပ်ခိုင်းတော့တာပါပဲ။ ဖျက်တာက Play ဖို့လို ဖတ်ပေးတာသက်သက်မဟုတ်ဘူးလေ။  သည်တော့ အောက်ကပုံနမူနာလေးတွေ ကြည့်သွားလိုက်ပေါ့။ MX Player ကညွန်ကြားချက်အတိုင်း တစ်ဆင့်ချင်း SD Card ကို access အတွက်ရွေးပေးသွားရင် ဖျက်တာလုပ်လို့ရပြီပေါ့။ 

ဒါဆိုရင် MX Player ထဲ File ဖျက်နိုင်ပါပြီ။


အနှစ်ချုပ်ကတော့ အရင်ဆုံး Documents or Files ဆိုတာကို Enable လုပ်ပေးတာပါပဲ။ ပြီးရင်တော့ ကိုယ်သုံးတဲ့ App ကညွှန်ကြားသလို SD Card root ကိုရွေးပြီး SD Card Authorized လုပ်ပေးလိုက်တာပါပဲ။ ES File Explorer လိုသုံးပြီး SD ကတ်ထဲ file တွေ ကူးရေးတာ၊ ဖျက်တာတွေလုပ်မယ်ဆို စလုပ်လုပ်ချင်း SD Card Authorized လုပ်ပေးဖို့ လုပ်ခိုင်းမှာပါပဲ။ ပုံစံတူတွေပဲမို့ လုပ်တတ်မှာပါ။ ဒါဆိုရင် SD Card, OTG Devices တွေထဲ file ကူး၊ဖျက် တာ လုပ်ချင်တာတွေမှာ သက်ဆိုင်ရာ app သုံးတာအလိုက် မိမိတို့က လုပ်ပေးဖို့လိုတဲ့ သဘာဝလေးတွေ နားလည်လောက်ပါပြီ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

Leave a Reply

Your email address will not be published. Required fields are marked *