Press "Enter" to skip to content

MIUI Tip #UnInstall, Disable unwanted Google Apps

Thet Zaw Ko 0

Global ROM သုံးသူတွေအတွက်ပါ။ အချို့တွေမှာလဲ Google Play Music & TV app ကနေ Error reporting box ခဏ ခဏ တက်လာလို့ဆိုပြီး စိတ်ညစ်နေကြတာလဲတွေ့လို့…။ ကိုယ်မသုံးချင်တဲ့ Google app တွေကြောင့် Memory, Battery, Data အကုန်သက်သာစေဖို့ Tip ပါ။ 

Global ROM မှာ Google apps တွေ တော်တော်များများပါပါတယ်။  အကြမ်းဖျဉ်းလေးပြောရရင်…

  • Chrome ကတော့ Browser အနေနဲ့သုံးကြတာပေါ့။ Android 7 နဲ့အထက်တွေမှာဆို Chrome ကို သုံးသုံး မသုံးသုံး အမြဲ Up to Date ဖြစ်နေအောင်လုပ်ပေးနေသင့်ပါတယ်။ အဲဒါမှ Web Site တွေကို App အနေနဲ့သုံးတဲ့အရာတွေ.. ဥပမာ Facebook, FB Messenger လိုတွေက သွက်သွက်လက်လက်သုံးလို့အဆင်ပြေမယ်။ Not Responding error မဖြစ်ဘူးဆိုတာတွေ အတွက်ပါ။
  • Mail ကတော့ လူတိုင်သုံးကြပါတယ်။ GMail ပေါ့။
  • Maps လဲသုံးကြတာပါပဲ။
  • Youtube online video တွေကြည့်ဖို့သုံးကြတာပါပဲ။
  • Drive Google Drive ပေါ့။ PCloud လိုမျိုးပါ။ မိမိတို့ ဖုန်း၊ ကွန်ပျူတာထဲရှိ file တွေကို online မှာသိမ်းထားတာပါ။ လိုအပ်ရင် ပြန်ဒေါင်းယူမယ်။ သူများကို လင့် share ပေးမယ်ဆိုတာမျိုးတွေအတွက်သုံးကြပါတယ်။
  • Play Music, Play Movie တွေကတော့ ကိုယ့်နိုင်ငံအတွက် support အရရော၊ ပိုက်ဆံပေး သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်သဘာဝကို သိပ်မလုပ်ကြတာအရရော မသုံးဖြစ်ကြဘူးပေါ့ 😀 
  • Duo ကတော့ FB Messenger, Viber တို့လို Video call အတွက်ပါ။ ဒါပေမယ့် သည်မှာအားသန်တာ FB Messenger လောက်ပဲများတယ်လေ 😀 
  • Photo Google Photo ဆိုရင်လဲ ကိုယ့်ဖုန်း၊ ကွန်ပျူတာထဲရှိ ပုံတွေကို albums တွေအနေနဲ့ သိမ်းထားနိုင်၊ ပြန်ယူနိုင်၊ share ပေးနိုင်တဲ့ app တစ်ခုပါပဲ။ 

အထက်ပါတွေက ဖုန်းတော်တော်များများမှာ ပါလာတတ်တဲ့ Google Apps အချို့တွေပါ။ အဲသည်တွေထဲကမှ ကိုယ်မသုံးတာတွေ ဖျက်ထားရင် Storage ပိုလွတ်မယ်ပေါ့။ ဖုန်း apk တော်တော်များများက နေရာသိပ်တော့ မယူတတ်ပါဘူး။ ဖျက်မရတဲ့ဟာ Disabled ထားမယ်ပေါ့။ အဲလိုဖျက်ထား၊ Disabled ထားရင် သူတို့တွေကြောင့် Memory စားတာသက်သာမယ်။ ဘက်ထရီစားတာ အနဲငယ်သက်သာမယ်။ Background run နေလို့ Data ကုန်ကျတာမျိုးလဲ အနဲအကျဉ်းသက်သာမယ်။ သူတို့တွေ Error ထဖြစ်တာမျိုးမရှိတော့ဘူး.. စတာတွေ အကျိုးရှိမယ်ပေါ့ခင်ဗျာ။

အဲသည် app တွေထဲက အချို့က ပုံမှန်လို Settings –> Install Apps ထဲမှာ ရှာဖျက်၊ Disabled လုပ်လို့မရပါဘူး။ အဲသည်အတွက် သည်နည်းကို အသုံးပြုပါ။


အောက်ပါပုံအတိုင်း Google Play Store ထဲကမှတစ်ဆင့် Google play store Settings ထဲကိုဝင်သွားပါ။

မိမိတို့(Uninstall) ဖျက်ချင်၊ Disabled ချင်တာတွေပေါ်လာဖို့ သည်လိုဆက်သွားပါ။

ကိုယ် Control လုပ်နိုင်မယ့် app တွေပေါ်လာပါပြီ။ ကိုယ်မလိုအပ်ဘူးထင်တဲ့ Google apps တွေ ရှာဖျက်တာ၊ Disabled လုပ်ထားတာမျိုးတွေ လုပ်ဆောင်နိုင်ပါပြီ။ ပုံပါအတိုင်းဆို Google Drive ဆိုရင် Disabled လုပ်ထားလို့ရမယ်။ Duo ဆိုရင် ဖျက်လို့ရမယ်.. စသည်ဖြင့်ပေါ့..။

ပုံမှန် Settings -> Install Apps ထဲကဆိုရင် အပေါ်မှာ Disabled လုပ်နိုင်တဲ့ Google Drive ကို Disable လုပ်ခွင့် မပေးထားတာတွေ့ရပါလိမ့်မယ်။


ကိုယ်အသုံးမပြုတဲ့၊ Global ROM မှာ တစ်ပါတည်းပါလာပြီးဖြစ်တဲ့ Google app တွေကို Memory, Battery, Data အစားသက်သာရအောင် လိုသလို ထိန်းကျောင်း အသုံးချနိုင်ပါပြီ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

Leave a Reply

Your email address will not be published. Required fields are marked *