Press "Enter" to skip to content

MIUI TiP #Mi Backup, Zapya PC, Zapya Web Share

Thet Zaw Ko 0

ဖုန်းကို Factory Reset ချဖို့လိုအပ်လာလို့..၊ Firmware ပြန်တင်ဖို့လိုအပ်လာလို့.. ဆိုတဲ့အချိန်တွေမှာ မိမိတို့ Data တွေကို အဆင်ပြေပြေနဲ့ အမြန်ဆုံးကူးသိမ်းထားလို့ရမယ့် Tips ကလေးတွေပါ။

ဖုန်းထဲမှာရှိတဲ့ Contacts, SMS, Call logs, Settings, Apps စတာတွေက Mi Backup နဲ့လုပ်ရင်ကို အဆင်ပြေပါတယ်။ သည်လိုလုပ်ပြီးရင် ကိုယ့် Themes, Font တွေအစမပျောက်အောင်၊ ပြန်မထည့်ရအောင် Tip လေးတွေကို ဖော်ပြပေးပါမယ်။

Mi Local Backup နဲ့မရတာက Music, Video, Photo .. စတာတွေပါ။ အဲဒါတွေက Mi Account ဝင်သုံးထားရင် Mi Cloud မှာ auto sync ပါတယ်။ ဒါပေမယ့် များရင် များသလို ဖုန်းထဲ ပြန် sync လာဖို့ အချိန်ကြာပါတယ်။ ဒါတွေကို ကိုယ့်အနေနဲ့ preview တွေဘာတွေ မြင်ရပြီး လိုသလို ကွန်ပျူတာထဲမှာကူးသိမ်းထားဖို့ ( ကျနော့်အနေနဲ့ ကွန်ပျူတာပဲသုံးလေ့ရှိလို့ တစ်ခုခုဆို ကွန်ပျူတာနဲ့လုပ်ဖြစ်တဲ့ idea ချည်းပဲ ပြောမိနေရင်တော့ Sorry ပါခင်ဗျာ.. မိမိလိုအပ်သလောက်အထိပဲ idea ယူပေါ့ 😀 😀 ) user တွေ သုံးလို့ အကျွမ်းတဝင်ဖြစ်နေတဲ့ Zapya, အသစ်တစ်ခုအနေနဲ့ Zapya Web Share တို့ကို ကွန်ပျူတာနဲ့ချိတ်ဆက်တွဲသုံးနည်း အခြေခံလေးကို ဖော်ပြပေးပါမယ်။ အရင်လို သုံးစားလို့ မရတော့တဲ့ Mi PC Suite အစားထိုးအနေနဲ့မှတ်ယူနိုင်ပါတယ်။


Mi Local Backup အတွက်ကတော့ အောက်ပါပုံအတိုင်းဝင်လိုက်ပါ။

Mi Backup ကလုပ်ပေးနိုင်မယ့် Categories နှစ်ခုတွေ့ပါမယ်။ ညာဖက်အစွန်ကမျှားလေးနှိပ်ဝင်ပြိး မိမိ backup လုပ်ချင်တာလေးတွေပဲ လိုသလိုရွေးတာလဲ လုပ်နိုင်ပါတယ်။ Default ကတော သူလုပ်ပေးနိုင်တာအကုန် ရွေးပြီးသားပါပဲ။ System ထဲမှာ လုပ်နိုင်တာတွေက Contacts, Call logs, SMS, ကိုယ်ချိတ်ခဲ့တဲ့ Wifi နာမည်၊ Password တွေ။ Notes, Ph Settings, Camera settings, Browser Bookmarks settings, စတာတွေပါ။ Apps ထဲမှာကတော့ ကိုယ့်ဖုန်းထဲ installed လုပ်ထားသမျှ app အကုန်ပေါ့။ 

Backup လုပ်ပြီးရင် Backup ရောက်နေတဲ့နေရာက Internal Storage/MIUI/backup/AllBackup ဆိုတဲ့ Folder အောက်မှာ မိမိ backup လုပ်ခဲ့တဲ့ Data/Time နဲ့ Folder တစ်ခုဆောက်ထားပြီး အဲသည်အောက်မှာ သူ့လိုအပ်တဲ့ file အကုန်ရှိနေပါမယ်။ သည်နေရာမှာ အဲသည် Backup folder ကိုပဲကူးသိမ်းတာမလုပ်ပဲ ကိုယ့် Themes, Fonts တွေ အပါအဝင် လိုအပ်တဲ့ Backup တွေပါပါအောင်၊ ပြန်ထည့်ရင်လဲ Restore လုပ်ဖို့ ချက်ချင်း Ready ဖြစ်အောင်နည်းလေးကို ဖော်ပြပါမယ်။ အဲဒါကတော့ File ကို တစ်ခြားတစ်နေရာ ကူးသိမ်းရတာလဲမြန်အောင်၊ အလုပ်မရှုပ်အောင် ES File Explorer လေးနဲ့ MIUI Folder တစ်ခုလုံးကို Zip လုပ်သိမ်းထားလိုက်တာပါ။ အောက်ကပုံအတိုင်းလုပ်ပါ။

 

အထက်ပါပုံအတိုင်း လုပ်လာပြီးရင် Internal Storage ထဲမှာ MIUI.zip ဆိုတဲ့ file လေးရပါပြီ။ မိမိဖာသာ အခြားတစ်နေရာကို ကူးသိမ်းထားပေးလိုက်ရင် အဆင်ပြေပါပြီ။ ဖုန်း Factory Reset တာ၊ Firmware တင်တာလုပ်ပြီးရင်တော့ အရင်ဆုံး ES File Explorer app တော့ အရင်ပြန်ထည့်ရမှာပေါ့။ အဲဒါမှ Zip ဖြည်ပေးဖို့အဆင်ပြေမယ်လေ။ ပြီးရင်တော့ အောက်ပါပုံအတိုင်း ES Explorer နဲ့ပြန်ဖြည်တာလုပ်ပေးလိုက်ပါ။ ပုံမှာပြထားသလို အမှားမရှိအောင် သေချာရွေးချယ်လုပ်ပါ။

 

အဲဒါပြီးရင် Settings –> Additional Settings –> Backup & Reset –> Local Backup ထဲဝင်ကြည့်ရင် ကိုယ်လုပ်ထားခဲ့တဲ့ Backup ကို Restore ပြန်လုပ်ဖို့ Ready အခြေအနေနဲ့တွေ့ပါမယ်။ မိမိတို့ အရင်သုံးခဲ့တဲ့ Themes, Fonts, Wall paper တွေလဲ ပြန်ဒေါင်းစရာမလိုပဲ အကုန်ပြန်ရလာပါမယ်။ Mi Backup ကို သည်လောက်သုံးတတ်ရင် အဆင်ပြေပါပြီ။


နောက်တစ်ခုကတော့ Mi Backup နဲ့မရတဲ့ Photo, Music, Video တွေကို ကွန်ပျူတာထဲကူးသိမ်းထားဖို့အတွက်ပါ။  အခုနည်းလေးနဲ့ဆိုရင် ကွန်ပျူတာမှာဖုန်းချိတ်.. Windows Explorer ထဲမှာ ဖိုင်တွေ မူးနောက်နေအောင် လိုက်ရှာရတာမျိုးသိပ်မဖြစ်တော့ဘူးပေါ့။ သူ့ category နဲ့သူ ကြည့်လို့ရတော့ အဆင်ပြေတာပေါ့။

ပထမနည်းက Zapya ကိုသုံးပြီး ကိုယ့်ဖုန်းထဲကဟာတွေ ကွန်ပျူတာမှာပို့ပေးထားမှာပါ။ WiFi ကိုသုံးတာဖြစ်လို့ Laptop ဆိုရင် ပိုအဆင်ပြေပါတယ်။ Networking ပိုင်းနားလည်ရင် လည်သလို လုပ်လို့ရပါတယ်။ သည်နေရာမှာတော့ Wifi ပါပြီးသားဖြစ်တဲ့ Laptop ထဲကို ဖုန်းထဲက ကိုယ်သိမ်းထားချင်တာတွေ Zapya နဲ့ပို့မယ်လို့ပဲ အလွယ်မှတ်ပေါ့.. 😀 

အဲသည်အတွက်လိုအပ်တာကတော့ ကွန်ပျူတာမှာ Zapya software install ထားပေးဖို့ပါ။ လိုအပ်တဲ့ Zapya for PC software ကိုအောက်ပါလင့်မှာ Download ပြုလုပ်ပါ။ ကွန်ပျူတာမှာ Install လုပ်ပါ။ Install အတွက် အသေးစိတ်မပြောတော့ပါဘူး။ Next, Next, OK နှိပ်ပေးလိုက်ရင်ပဲ အဆင်ပြေပါတယ်။

Download Zapya for PC ( 16MB )

[ Xiaomi Knowledge Cloud ] or [ Google Drive ] or [ PCloud ]

  • ဖုန်းဖက်မှာ Zapya ဖွင့်ပြီး Group တစ်ခု Create လုပ်လိုက်ပါ။
  • ကွန်ပျူတာမှာ Zapya ကိုဖွင့်ပါ။

  • ဖုန်းကနေလုပ်ထားတဲ့ Group ကို Join ပါ။

  • ချိတ်မိသွားပြီဆိုရင်တော့ ကွန်ပျူတာဖက်မှာ Send File ဆိုတဲ့ ခလုပ်လေးပေါ်လာပါပြီ။ ဖုန်းထဲမှာရှိတဲ့ မိမိတို့လိုချင်တာတွေကို ကွန်ပျူတာသို့ပို့နိုင်ပါပြီ။ Zapya သုံးနေသူတွေအဖို့ ဒါကိုဘယ်လိုလုပ်ရမယ်ဆိုတာ သဘောပေါက်ပြီးဖြစ်မှာပါ။ ကွန်ပျူတာထဲရှိတာဖုန်းထဲပို့ချင်ရင်လဲ Windows Explorer ကိုဖွင့်ပြီး Folder, File တွေကိုဖိဆွဲပြီး အဲသည် Send File ဆိုတဲ့ button လေးပေါ်မှာလွှတ်ပေးရင် PC to Phone ပို့တာမျိုးလုပ်လို့ရပါတယ်။

  • ကွန်ပျူတာမှာ ဖုန်းကနေပို့တာတွေက Documents folder အောက်က Zapya folder ထဲမှာ သူ့ Categories နဲ့သူရှိပါမယ်။ apk ဆို App အောက်၊ ပုံဆို Photo အောက် .. စသည်ဖြင့်ပေါ့။


နောက်တစ်နည်းက PC မှာ ဘာမှထည်ထားစရာမလိုတဲ့နည်းပါ။ PC မှာပါပြီးသားဖြစ်တဲ့ Browser ကနေပဲ ဖုန်းထဲက လိုတာတွေ ကူးတာ၊ ဖုန်းထဲကိုပို့တာပါ။ အဲသည်အတွက်ကတော့ Zapya Web Share ဆိုတဲ့ app ကို Google Play Store ကနေဒေါင်းပြီး ဖုန်းမှာထည့်ထားပါ။ ပြီးရင် အောက်ပါပုံအတိုင်းလေး ဖုန်းမှာ Web Server တစ်ခုလိုဖြစ်အောင်လုပ်ပေးလိုက်ပါ။ ဖုန်းက သူ့ဟာသူ Hotspot ဖွင့်သွားမယ်။ Hotspot နာမည်လေးတွေ့ရမယ်။  သာမာန်အားဖြင့် Ph Settings ထဲက Default Hotspot ပါပဲ။ ပြီးရင် PC Browser မှာ ဘယ် IP Address ကိုရိုက်ဝင်ပါလို့ ပြနေပါလိမ့်မယ်။

Laptop မှာ WiFi ရှာ Join လိုက်ပါ။ Default အားဖြင့် Password လဲမလိုပါ။

PC Browser ကိုဖွင့်ပါ။ ဖုန်းမှာ Zapya Web Share ကပြထားတဲ့ Address ရိုက်ထည့်ပါ။

ဖုန်းနဲ့ချိတ်ဆက်သွားပြီး လိုတာတွေ download လုပ်ယူထားတာ၊ ကွန်ပျူတာကဟာတွေ ဖုန်းထဲကို Upload လုပ်ပို့တာမျိုးတွေလုပ်နိုင်ပါပြီ။ ဖုန်းကနေယူရင် ကွန်ပျူတာမှာ Documents/Zapya အောက်မှာရှိမှာပါ။ ကွန်ပျူတာကနေဖုန်းကိုပို့တာဆိုလည်း Internal Storage/Zapya အောက်မှာပဲ ရှိနေမှာပါ။

Google Drive, PCloud တို့သုံးသလို Browser<->Web Server သဘောမျိုးမို့ ကိုယ်လိုတာရွေး Download လုပ်။ ကိုယ်လိုတာရွေး Upload လုပ်။ အဲလိုသဘာဝနဲ့သုံးရမှာပေါ့…..။


အခုဆိုရင် ဖုန်းထဲက ကိုယ်လိုတာတွေကို အမြန် backup လုပ်ထားမယ်။ အမြန်ဆုံးသုံးလို့ရအောင် ပြန်ထည့်မယ်ဆိုတာတွေအတွက် idea လေးတွေ ရလောက်ပါပြီ။ Mi Cloud ကနေ sync နေရလို့ အချိန်ကုန်တာ၊ bill ကုန်တာမျိုးတွေ သက်သာမှာပါ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

Leave a Reply

Your email address will not be published. Required fields are marked *