Press "Enter" to skip to content

Redmi 5A : TWRP & Magisk root

Thet Zaw Ko 1

Redmi 5A ကို Boot loader unlock လုပ်ပြီးရင် TWRP သွင်း၊ Magisk နဲ့ systemless root လုပ်နိုင်အောင်အတွက်ဖြစ်ပါတယ်။

လိုအပ်ချက်ကတော့

ဖုန်းသည် Boot Loader Unlock လုပ်ပြီးဖြစ်ရပါမယ်။

PC မှာ ဖုန်းကိုသိနေဖို့ ADB, Fastboot drivers များတင်ထားပြိးသားဖြစ်နေရပါမယ်။ Mi Flash tool နောက်ဆုံး version ကိုဖြစ်ဖြစ်၊ Mi Boot loader unlock tool နောက်ဆုံး Version ကိုဖြစ်ဖြစ်တင်ထားခဲ့ရင် drivers ကိစ္စတွေ အဆင်ပြေပါမယ်။

လိုအပ်တဲ့ TWRP ကို သည်မှာ download ပြုလုပ်ပါ။

Download TWRP for Redmi 5A

[ Xiaomi Knowledge Cloud ] or [ Google Drive ]

Archive file ဖြည်ပြီးရင် ဖုန်းကို fastboot mode ဝင်၊ ကွန်ပျူတာမှာ USB cable နဲ့ချိတ်၊ ဖြည်ထားတဲ့ folder ထဲဝင်ပြီး FlashTWRP.bat file ကို double click ရင် flash ပေးပါပြီ။ PDF Guide လဲပါပါမယ်။ ပေါ်လာမယ့်ပုံလေးတွေကို ကြည့်နိုင်ပါတယ်။ အားလုံးပြိးလို့ တစ်မိနစ်လောက်အတွင်းမှာ TWRP ထဲကို ရောက်သွားပါမယ်။ မရောက်ပါက မိမိဖာသာ Power key + Vol UP နဲ့ manual ဝင်နိုင်ပါတယ်။

Boot loop မဖြစ်အောင်နဲ့ root access ရဖို့ Magisk zip ကို flash ပါ။ ဒါမှမဟုတ် boot loop မဖြစ်အောင် lazy flasher zip ကို flash ပါ။ lazy flash သုံးပြီးရင် root ချင်ပါက SuperSU zip ကိုသုံးပါ။ အစကတည်းက အားလုံးအဆင်ပြေမယ့် Magisk ကို တစ်ခါတည်းသုံးချင်သုံးပါ။

ပြီးမှ TWRP ကနေ ဖုန်းကို Reboot ပြန်လုပ်ပါ။


MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ… 🙂 🙂 

  1. phyowaiaung phyowaiaung

    TWRP ကို သွင်းမရဖြစ်နေတယ် အကို ရေ အဆင်ပြေမဲ့နည်းလေးပေးပါဦး
    အကြိမ်ကြိမ်စမ်းပြီးပါပြီ

Leave a Reply

Your email address will not be published. Required fields are marked *